ဆာလာလိုက်မီခဲ့တဲ့ စံချိန်တစ်ခု

နယူးကာဆယ်ကို ၃-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ သွင်းယူခဲ့တဲ့ဂိုးကြောင့် လီဗာပူးတိုက်စစ်မှုး

မိုဆာလာဟာ ဗာဒီရဲ့ပရီးမီးယားလိဂ်စံချိန်ကို လိုက်မီသွားခဲ့ပါတယ်။
အဲဒီပွဲက ဂိုးကြောင့် ဆာလာဟာ ပရီးမီးယားလိဂ် ၁၅ ပွဲဆက် ဂိုးသွင်း ဒါမှမဟုတ်

ဂိုးဖန်တီးလုပ်နိုင်ခဲ့တာပါ။

အဲဒီစံချိန်ကို လက်စတာတိုက်စစ်မှုးဗာဒီက အရင်တင်နိုင်ခဲ့တာဖြစ်ပြီး ၂၀၁၅-၁၆

ရာသီမှာ စွမ်းဆောင်ခဲ့တာပါ။
ကြာသပတေးညက ကစားခဲ့တဲ့ပွဲမှာ လီဗာပူးဟာ စောစောစီးစီးဦးဆောင်ဂိုး

ပေးခဲ့ရပေမယ့် ၂၁ မိနစ်မှာတင် ဂျိုတာရဲ့သွင်းယူမှုနဲ့ ပြန်လည်ချေပနိုင်ခဲ့ပါတယ်။
အဲဒီနောက် ၄ မိနစ်အကြာမှာ ဆာလာက ပြန်လည်ဦးဆောင်နိုင်မယ့်ဂိုးသွင်းခဲ့တာ

ဖြစ်ပြီး ဒီရာသီပရီးမီးယားလိဂ်မှာ သူ့ရဲ့ ၁၅ ဂိုးမြောက်လည်း ဖြစ်ခဲ့တာပါ။
ပွဲပြီးခါနီး ၈၇ မိနစ်ရောက်မှ အာနိုးက လီဗာပူးအတွက် အနိုင်သေချာစေမယ့်

တတိယဂိုးသွင်းခဲ့တာပါ။

ဆာလာဟာ ဒီရာသီပရီးမီးယားလိဂ် ၁၇ ပွဲမှာ ၁၅ ဂိုးသွင်း၊ ၉ ဂိုးဖန်တီးပေးထား

ပါတယ်။

အဲဒါကြောင့်လည်း ဆာလာဟာ ပရီးမီးယားလိဂ်သမိုင်းမှာ အလန်ရှီးယားပြီးရင်

ခရစ္စမတ်မရောက်ခင် ဂိုးပါဝင်ပတ်သက်မှုအများဆုံးကစားဖြစ်လာခဲ့တာပါ။

အလန်ရှီးယားဟာ ၁၉၉၄-၉၅ ရာသီတုန်းက ခရစ္စမတ်မတိုင်ခင် ၂၅ ပွဲမှာ

၁၆ ဂိုးသွင်း၊ ၉ ဂိုးဖန်တီးခဲ့တာပါ။
အဲဒီနိုင်ပွဲကြောင့်လည်း လီဗာပူးဟာ ထိပ်ဆုံးက ဦးဆောင်နေသူမန်စီးတီးနဲ့

တစ်မှတ်အကွာ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
ဒါ့အပြင် လီဗာပူးဟာ အိမ်ကွင်းမှာ နောက်ဆုံး ၁၈ ပွဲဆက် ရှုံးပွဲမရှိခဲ့ပါဘူး။

Zawgyi

ဆာလာလိုက္မီခဲ့တဲ့ စံခ်ိန္တစ္ခု

နယူးကာဆယ္ကို ၃-၁ နဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ သြင္းယူခဲ့တဲ့ဂိုးေၾကာင့္ လီဗာပူးတိုက္စစ္မႈး

မိုဆာလာဟာ ဗာဒီရဲ႕ပရီးမီးယားလိဂ္စံခ်ိန္ကို လိုက္မီသြားခဲ့ပါတယ္။

အဲဒီပြဲက ဂိုးေၾကာင့္ ဆာလာဟာ ပရီးမီးယားလိဂ္ ၁၅ ပြဲဆက္ ဂိုးသြင္း ဒါမွမဟုတ္

ဂိုးဖန္တီးလုပ္ႏိုင္ခဲ့တာပါ။

 

အဲဒီစံခ်ိန္ကို လက္စတာတိုက္စစ္မႈးဗာဒီက အရင္တင္ႏိုင္ခဲ့တာျဖစ္ၿပီး ၂၀၁၅-၁၆

ရာသီမွာ စြမ္းေဆာင္ခဲ့တာပါ။
ၾကာသပေတးညက ကစားခဲ့တဲ့ပြဲမွာ လီဗာပူးဟာ ေစာေစာစီးစီးဦးေဆာင္ဂိုး

ေပးခဲ့ရေပမယ့္ ၂၁ မိနစ္မွာတင္ ဂ်ိဳတာရဲ႕သြင္းယူမႈနဲ႔ ျပန္လည္ေခ်ပႏိုင္ခဲ့ပါတယ္။
အဲဒီေနာက္ ၄ မိနစ္အၾကာမွာ ဆာလာက ျပန္လည္ဦးေဆာင္ႏိုင္မယ့္ဂိုးသြင္းခဲ့တာ

ျဖစ္ၿပီး ဒီရာသီပရီးမီးယားလိဂ္မွာ သူ႔ရဲ႕ ၁၅ ဂိုးေျမာက္လည္း ျဖစ္ခဲ့တာပါ။

ပြဲၿပီးခါနီး ၈၇ မိနစ္ေရာက္မွ အာႏိုးက လီဗာပူးအတြက္ အႏိုင္ေသခ်ာေစမယ့္

တတိယဂိုးသြင္းခဲ့တာပါ။
ဆာလာဟာ ဒီရာသီပရီးမီးယားလိဂ္ ၁၇ ပြဲမွာ ၁၅ ဂိုးသြင္း၊ ၉ ဂိုးဖန္တီးေပးထား

ပါတယ္။
အဲဒါေၾကာင့္လည္း ဆာလာဟာ ပရီးမီးယားလိဂ္သမိုင္းမွာ အလန္ရွီးယားၿပီးရင္

ခရစၥမတ္မေရာက္ခင္ ဂိုးပါဝင္ပတ္သက္မႈအမ်ားဆုံးကစားျဖစ္လာခဲ့တာပါ။
အလန္ရွီးယားဟာ ၁၉၉၄-၉၅ ရာသီတုန္းက ခရစၥမတ္မတိုင္ခင္ ၂၅ ပြဲမွာ

၁၆ ဂိုးသြင္း၊ ၉ ဂိုးဖန္တီးခဲ့တာပါ။
အဲဒီႏိုင္ပြဲေၾကာင့္လည္း လီဗာပူးဟာ ထိပ္ဆုံးက ဦးေဆာင္ေနသူမန္စီးတီးနဲ႔

တစ္မွတ္အကြာ ဒုတိယေနရာမွာ ရပ္တည္ေနပါတယ္။

ဒါ့အျပင္ လီဗာပူးဟာ အိမ္ကြင္းမွာ ေနာက္ဆုံး ၁၈ ပြဲဆက္ ရႈံးပြဲမရွိခဲ့ပါဘူး။