
ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ပ-အကျော့ပွဲအပြီးမှာ
ပရိသတ်တွေ တစ်ညီတစ်ညွတ်တည်း
လက်သင့်ခံလိုက်တာကတော့ လီဗာပူးအနေနဲ့
ဆာလာနဲ့ မာနေးတို့မပါရင် ပုံမှန်လီဗာပူး
မဟုတ်တော့ဘူးဆိုတဲ့ အမှန်တရားပါပဲ။
လီဗာပူးရဲ့အဓိကတိုက်စစ်မှူးတွေဟာ
လက်ရှိအချိန်မှာ သက်ဆိုင်ရာလက်ရွေးစင်အသင်းတွေနဲ့အတူ
အာဖရိကဖလားပွဲ သွားကစားနေပြီး
လီဗာပူးကလည်း မနေ့ညက
အာဆင်နယ်နဲ့ အိမ်ကွင်းမှာ ဂိုးမရှိသရေကျသွားပါတယ်။
အာဆင်နယ်ကွင်းလယ်လူ ရှာကာ အစောကြီးကတည်းက
ထုတ်ပယ်ခံရပြီးနောက် လီဗာပူးက
တစ်ယောက်အသာနဲ့ ကစားခွင့်ရပေမယ့်
အနိုင်ဂိုးမသွင်းနိုင်ဘဲ သရေကျသွားပါတယ်။
”ဒီလီဗာပူးအသင်းက မာနေးနဲ့
ဆာလာမပါရင် ဘာမှ သုံးစားမတော့ဘူး။
ဟိုနှစ်ယောက် မြန်မြန်ပြန်လာပါတော့ဗျာ”
”ဆာလာနဲ့ မာနေးတို့ မပါတဲ့
ကျွန်တော်တို့အသင်းရဲ့တိုက်စစ်က
ခြေသုတ်ပုဆိုး၊ မြွေစွယ်ကျိုးလိုဖြစ်သွားရော”
”ဆာလာနဲ့ မာနေးတို့မပါဘဲ
ဂိုးရဖို့ တစ်လလောက် ကြိုးစားရဦးမှာဆိုတော့
ကျွန်တော့်ကိုသာ လာ f*** သွားပါတော့ဗျာ”လို့
လီဗာပူးပရိသတ်တွေက တွစ်တာမှာ ရေးသားခဲ့ပါတယ်။