ဆာလာနဲ့ မာနေးကို အောင်မြင်မှုအတွက် တစ်ယောက်တော့အသည်းကွဲရလိမ့်မယ်လို့ သတိပေးလိုက်တဲ့ ကလော့ပ်

လီဗာပူးအသင်းနည်းပြ ဂျာဂင်ကလော့ပ်ဟာ

အာဖရိကဖလားနိုင်ငံများဖလားပြိုင်ပွဲမှာထိပ်တိုက်တွေ့ကြတော့မယ့်

သူ့ တပည့်ကျော်နှစ်ဦးဖြစ်တဲ့ ဆာလာနဲ့ မာနေး တို့ကို

သတိပေးစကားပါပြောကြားလိုက်ပါတယ်။

အာဖရိက နိုင်ငံများဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ ဆာလာ ပါဝင်တဲ့အီဂျစ်နဲ့

မာနေးပါဝင်တဲ့ ဆီနီဂေါ တို့ထိပ်တိုက်တွေ့နေကြတာပါ။

သူ တို့နှစ်ဦးဟာ လီဗာပူးရဲ့နာမည်ကျော်တိုက်စစ်အတွဲလည်းဖြစ်ပြီး

အရင်နှစ်တွေကလီဗာပူးအောင်မြင်ခဲ့ရာမှာအဓိကကျသူ တွေလည်းဖြစ်ပါတယ်။

အခုတော့သူတို့ဟာလာမယ့်တနင်္ဂနွေနေ့မှာ ပြိုင်ဘက်တွေအဖြစ်

အကြိတ်အနယ်ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

သူတို့ဟာ လီဗာပူးနဲ့အတူ အဓိကဆုဖလားအားလုံးနီးပါးရခဲ့ကြပေမယ့်

အာဖရိကနိုင်ငံများဖလား ကိုတော့ရ ယူနိုင်ခြင်းမရှိကြသေးဘဲ

ဒုတိယသာရခဲ့သူတွေပါ။

မာနေးဟာ ပြီးခဲ့တဲ့ ၂ နှစ်ခွဲတုန်းက အီဂျစ်မှာကျင်းပခဲ့တဲ့ပြိုင်ပွဲမှာ

ဆီနီ ဂေါနဲ့အတူဗိုလ်လုပွဲတက်ခဲ့ဘူးပေမယ့် မန်စီးတီးကမာရက်ဇ်ပါဝင်တဲ့

အယ်ဂျီးရီးယားကို အရေးနိမ့်ခဲ့လို့ ဒုတိယနဲ့ဘဲကျေနပ် ခဲ့ရသူဖြစ်ပြီး

ဆာလာ ကလည်းဂါဘွန်မှာကျင်းပခဲ့တဲ့ပြိုင်ပွဲတုန်းက

ကင်မရွန်းကိုရှုံးပြီး ဒုတိယသာရခဲ့သူပါ။

ဒါကြောင့်လည်းပြိုင်ဆိုင်မှုပြင်းထန်နိုင်တဲ့ အခြေအနေကြောင့်

သူ့တပည့်နှစ်ယောက်စလုံးကို ကလော့ပ်ကသတိပေးခဲ့တာဖြစ် ပါတယ်။

ကာဒစ်ဖ်နဲ့ရင်ဆိုင်ရမယ့် အက်ဖ်အေဖလားပွဲအတွက်

သတင်းစာရှင်းလင်းပွဲမှာ ကလော့ပ်က” ဗိုလ်လုပွဲကိုတက် သွားလို့

နှစ်ဦးစလုံးအတွက် ကြီးကျယ်ခမ်းနားတဲ့ရယူနိုင်မှုပါဘဲ။

ကီတာ(ဂီနီယာလက်ရွေးစင်)ကလည်း ထူးခြားတဲ့ခြေစွမ်း ကို

ဒီပြိုင်ပွဲမှာပြသခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော့်ကောင်တွေအတွက်

တကယ့်ကိုအောင်မြင်တဲ့ ပြိုင်ပွဲဖြစ်ခဲ့ပြီး စိတ်လည်း လှုပ်ရှားရဦးမှာပါ။

ဆာလာနဲ့ မာနေးတို့ဟာဗိုလ်လုပွဲတက်ခဲ့ပေမယ့်

အဆုံးသတ်မှာတစ်ဦးသာပျော်ရမှာဖြစ်ပြီး တစ်ဦးကအ သည်းကွဲရမှာဖြစ်လို့

သူတို့အတွက်လည်းမလွယ်ပါဘူး။ နှစ်ယောက်စလုံးအတွက်တော့

တကယ့်ကို ကြီးကျယ်ခမ်းနားမှုကို ရယူနိုင်မယ့်

အခွင့်အရေးရထားတာပါ” လို့ပြောခဲ့ပါတယ်။

လီဗာပူးဟာ လာမယ့်ကြာသပတေးနေ့မှာ လက်စတာနဲ့

ပရီးမီး ယားလိဂ်ပွဲကစားရမှာဖြစ်ပြီး ဒီပွဲမှာ ဆာလာနဲ့ မာနေးတို့ပါနိုင်မလားလို့

မေးမှုကိုတော့ ကလော့ပ်က မတင်မကျဖြေခဲ့ပြီး

သူကတော့ပါဝင်စေလို့ပေမယ့် စောင့်ကြည့်ရဦးမယ်လို့ ပြောခဲ့ပါတယ်။

zawgyi

ဆာလာနဲ႔ မာေနးကို ေအာင္ျမင္မႈအတြက္ တစ္ေယာက္ေတာ့အသည္းကြဲရလိမ့္မယ္လို႔ သတိေပးလိုက္တဲ့ ကေလာ့ပ္

လီဗာပူးအသင္းနည္းျပ ဂ်ာဂင္ကေလာ့ပ္ဟာ

အာဖရိကဖလားႏိုင္ငံမ်ားဖလားၿပိဳင္ပြဲမွာထိပ္တိုက္ေတြ႕ၾကေတာ့မယ့္

သူ႔ တပည့္ေက်ာ္ႏွစ္ဦးျဖစ္တဲ့ ဆာလာနဲ႔ မာေနး တို႔ကို

သတိေပးစကားပါေျပာၾကားလိုက္ပါတယ္။

အာဖရိက ႏိုင္ငံမ်ားဖလားၿပိဳင္ပြဲရဲ႕ ဗိုလ္လုပြဲမွာ ဆာလာ ပါဝင္တဲ့အီဂ်စ္နဲ႔

မာေနးပါဝင္တဲ့ ဆီနီေဂါ တို႔ထိပ္တိုက္ေတြ႕ေနၾကတာပါ။

သူ တို႔ႏွစ္ဦးဟာ လီဗာပူးရဲ႕နာမည္ေက်ာ္တိုက္စစ္အတြဲလည္းျဖစ္ၿပီး

အရင္ႏွစ္ေတြကလီဗာပူးေအာင္ျမင္ခဲ့ရာမွာအဓိကက်သူ ေတြလည္းျဖစ္ပါတယ္။

အခုေတာ့သူတို႔ဟာလာမယ့္တနဂၤေႏြေန႔မွာ ၿပိဳင္ဘက္ေတြအျဖစ္

အႀကိတ္အနယ္ရင္ဆိုင္ရေတာ့မွာ ျဖစ္ပါတယ္။

သူတို႔ဟာ လီဗာပူးနဲ႔အတူ အဓိကဆုဖလားအားလုံးနီးပါးရခဲ့ၾကေပမယ့္

အာဖရိကႏိုင္ငံမ်ားဖလား ကိုေတာ့ရ ယူႏိုင္ျခင္းမရွိၾကေသးဘဲ

ဒုတိယသာရခဲ့သူေတြပါ။

မာေနးဟာ ၿပီးခဲ့တဲ့ ၂ ႏွစ္ခြဲတုန္းက အီဂ်စ္မွာက်င္းပခဲ့တဲ့ၿပိဳင္ပြဲမွာ

ဆီနီ ေဂါနဲ႔အတူဗိုလ္လုပြဲတက္ခဲ့ဘူးေပမယ့္ မန္စီးတီးကမာရက္ဇ္ပါဝင္တဲ့

အယ္ဂ်ီးရီးယားကို အေရးနိမ့္ခဲ့လို႔ ဒုတိယနဲ႔ဘဲေက်နပ္ ခဲ့ရသူျဖစ္ၿပီး

ဆာလာ ကလည္းဂါဘြန္မွာက်င္းပခဲ့တဲ့ၿပိဳင္ပြဲတုန္းက

ကင္မ႐ြန္းကိုရႈံးၿပီး ဒုတိယသာရခဲ့သူပါ။

ဒါေၾကာင့္လည္းၿပိဳင္ဆိုင္မႈျပင္းထန္ႏိုင္တဲ့ အေျခအေနေၾကာင့္

သူ႔တပည့္ႏွစ္ေယာက္စလုံးကို ကေလာ့ပ္ကသတိေပးခဲ့တာျဖစ္ ပါတယ္။

ကာဒစ္ဖ္နဲ႔ရင္ဆိုင္ရမယ့္ အက္ဖ္ေအဖလားပြဲအတြက္

သတင္းစာရွင္းလင္းပြဲမွာ ကေလာ့ပ္က” ဗိုလ္လုပြဲကိုတက္ သြားလို႔

ႏွစ္ဦးစလုံးအတြက္ ႀကီးက်ယ္ခမ္းနားတဲ့ရယူႏိုင္မႈပါဘဲ။

ကီတာ(ဂီနီယာလက္ေ႐ြးစင္)ကလည္း ထူးျခားတဲ့ေျခစြမ္း ကို

ဒီၿပိဳင္ပြဲမွာျပသခဲ့ပါတယ္။ ဒါေၾကာင့္ ကြၽန္ေတာ့္ေကာင္ေတြအတြက္

တကယ့္ကိုေအာင္ျမင္တဲ့ ၿပိဳင္ပြဲျဖစ္ခဲ့ၿပီး စိတ္လည္း လႈပ္ရွားရဦးမွာပါ။

ဆာလာနဲ႔ မာေနးတို႔ဟာဗိုလ္လုပြဲတက္ခဲ့ေပမယ့္

အဆုံးသတ္မွာတစ္ဦးသာေပ်ာ္ရမွာျဖစ္ၿပီး တစ္ဦးကအ သည္းကြဲရမွာျဖစ္လို႔

သူတို႔အတြက္လည္းမလြယ္ပါဘူး။ ႏွစ္ေယာက္စလုံးအတြက္ေတာ့

တကယ့္ကို ႀကီးက်ယ္ခမ္းနားမႈကို ရယူႏိုင္မယ့္

အခြင့္အေရးရထားတာပါ” လို႔ေျပာခဲ့ပါတယ္။

လီဗာပူးဟာ လာမယ့္ၾကာသပေတးေန႔မွာ လက္စတာနဲ႔

ပရီးမီး ယားလိဂ္ပြဲကစားရမွာျဖစ္ၿပီး ဒီပြဲမွာ ဆာလာနဲ႔ မာေနးတို႔ပါႏိုင္မလားလို႔

ေမးမႈကိုေတာ့ ကေလာ့ပ္က မတင္မက်ေျဖခဲ့ၿပီး

သူကေတာ့ပါဝင္ေစလို႔ေပမယ့္ ေစာင့္ၾကည့္ရဦးမယ္လို႔ ေျပာခဲ့ပါတယ္။