ဆာလာက ပြိုင်ပွဲစုံ ဂိုး 20 သွင်းခဲ့သလို လီပူးကလည်း အုပ်စုပွဲစဉ်တ်အားလုံး အနိုင်ရတဲ့ အသင်းဖြစ်လာ

အေစီမီလန်ကို ၁-၂ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ လီဗာပူးအတွက် ၁-၁ ဖြစ်စေတဲ့

ချေပဂိုးကို သွင်းပေးခဲ့တဲ့ အီဂျစ်တိုက်စစ်မှူး ဆာလာဟာ

ဒီရာသီ လီဗာပူးအတွက် ပြိုင်ပွဲစုံ ဂိုး ၂၀ သွင်းနိုင်ခဲ့တာပါ။

၁၉၈၁-၈၂ ရာသီကနေ ၁၉၈၆-၈၇ ရာသီအထိ လီဗာပူးအတွက်

၆ ရာသီဆက်တိုက် ပြိုင်ပွဲစုံ ဂိုး ၂၀ နဲ့အထက်သွင်းနိုင်ခဲ့တဲ့

လီဗာပူး ဂန္ဓဝင် အီယန်ရပ်ရှ်ပြီးနောက် ၂၅ နှစ်အကြာမှာ

ဆာလာဟာ လီဗာပူးအတွက် ၅ ရာသီဆက်တိုက်

အနည်းဆုံး ဂိုး ၂၀ သွင်းနိုင်သူ ဖြစ်လာခဲ့တာပါ။

ဒါ့အပြင် အီယန်ရပ်ရှ်-၆ ၊ ဂေါဒွန်ဟော့ဒ် ဆန်-၅( ၁၉၃၀-၃၅)၊

ရော္ဂျာဟန့်-၅ ( ၁၉၆၁-၆၆) တို့ပြီးရင် ၅ ရာသီဆက် ဂိုး၂၀ နဲ့အထက်

သွင်းနိုင်တဲ့ ၄ ဦးမြောက် လီဗာပူးကစားသမားလည်း ဖြစ်ခဲ့တာပါ။

လီဗာပူးကလည်း ချန်ပီယံလိဂ်အုပ်စု ၆ ပွဲစလုံးနိုင်တဲ့ ပထမဆုံးသော

အင်္ဂလိပ်အသင်းအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ မနေ့ညက ကစားခဲ့တဲ့

ချန်ပီယံလိဂ်ပွဲျတွေ အပြီးမှာ လီဗာပူးနဲ့ အေဂျက်ဇ်တို့ဟာ

ချန်ပီယံလိဂ်အုပ်စုပွဲတိုင်းနိုင်တဲ့ မှတ်တမ်းကို ရခဲ့ပါတယ်။

ချန်ပီယံလိဂ်သမိုင်းမှာ အဲ့ဒိလိုမျိုး အုပ်စု ၆ ပွဲစလုံး အနိုင်ရခဲ့ဖူးတာဟာ

၆သင်း၊ ၇ ကြိမ်သာ ရှိခဲ့ဖူးပါတယ်။ ၁၉၉၂-၉၃ ရာသီက အေစီမီလန်၊

၁၉၉၄-၉၅ ရာသီက ပီအက်စ်ဂျီ၊ ၁၉၉၅-၉၆ ရာသီက စပါးတပ်မော်စကို၊

၂၀၀၂-၀၃ က ဘာစီလိုနာ၊၂၀၁၁-၁၂ က ရီးရဲလ်၊ ၂၀၁၄-၁၅ က ရီးရဲလ်၊

၂၀၁၉-၂၀ က ဘိုင်ယန်တို့ ၆ သင်းက အုပ်စုပွ​ဲတိုင်း အနိုင်ရခဲ့တာပါ။

ချန်ပီယံလိဂ်အောင်မြင်မှု အရှိဆုံး ရီးရဲလ်က အုပ်စုပွဲအားလုံး အနိုင်ရမှု ၂ ကြိမ်

ရှိခဲ့ပေမယ့် အဲဒိရာသီတွေမှာ ချန်ပီယံမဖြစ်ခဲ့ပါဘူး။

အုပ်စုပွဲအားလုံးနိုင်ပြီးချန်ပီယံဖြစ်ခဲ့တာကလည်း ဘိုင်ယန်တစ်သင်းသာရှိခဲ့ပြီး

၂၀၁၉-၂၀ ရာသီက စွမ်းဆောင်နိုင်ခဲ့တာပါ။

ဒီကနေ့ည ဘာစီလိုနာနဲ့ ကစားမယ့်ပွဲကို အနိုင်ရရင်ဘိုင်ယန်ဟာ

ဒီရာသီ ချန်ပီယံလိဂ်အုပ်စုပွဲအားလုံးအနိုင်ရမှာဖြစ်ပြီး ၂၀၁၉-၂၀ ရာသီက

ချန်ပီယံအိပ်မက်ကို ပြန်မက်ခွင့်ရှိမှာပါ။

လီဗာပူးနဲ့ အေဂျက်စ်ကြောင့် ချန်ပီယံလိဂ်သမိုင်းမှာ တစ်ရာသီအတွင်း

အုပ်စုပွဲအားလုံး အနိုင်ရတဲ့အသင်းအများဆုံးရာသီ ( ၂သင်း)အဖြစ်

မှတ်တမ်းဝင်ခဲ့သလို ဘိုင်ယန်သာအနိုင်ရမယ်ဆိုပါက

၃ သင်းအထိ မှတ်တမ်းဝင်သွားမှာဖြစ်ပါတယ်။

zawgyi

ဆာလာက ၿပိဳင္ပြဲစုံ ဂိုး 20 သြင္းခဲ့သလို လီပူးကလည္း အုပ္စုပြဲစဥ္တ္အားလုံး အႏိုင္ရတဲ့ အသင္းျဖစ္လာ

ေအစီမီလန္ကို ၁-၂ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ လီဗာပူးအတြက္ ၁-၁ ျဖစ္ေစတဲ့

ေခ်ပဂိုးကို သြင္းေပးခဲ့တဲ့ အီဂ်စ္တိုက္စစ္မႉး ဆာလာဟာ

ဒီရာသီ လီဗာပူးအတြက္ ၿပိဳင္ပြဲစုံ ဂိုး ၂၀ သြင္းႏိုင္ခဲ့တာပါ။

၁၉၈၁-၈၂ ရာသီကေန ၁၉၈၆-၈၇ ရာသီအထိ လီဗာပူးအတြက္

၆ ရာသီဆက္တိုက္ ၿပိဳင္ပြဲစုံ ဂိုး ၂၀ နဲ႔အထက္သြင္းႏိုင္ခဲ့တဲ့

လီဗာပူး ဂႏၶဝင္ အီယန္ရပ္ရွ္ၿပီးေနာက္ ၂၅ ႏွစ္အၾကာမွာ

ဆာလာဟာ လီဗာပူးအတြက္ ၅ ရာသီဆက္တိုက္

အနည္းဆုံး ဂိုး ၂၀ သြင္းႏိုင္သူ ျဖစ္လာခဲ့တာပါ။

ဒါ့အျပင္ အီယန္ရပ္ရွ္-၆ ၊ ေဂါဒြန္ေဟာ့ဒ္ ဆန္-၅( ၁၉၃၀-၃၅)၊

ေရာၢ်ာဟန္႔-၅ ( ၁၉၆၁-၆၆) တို႔ၿပီးရင္ ၅ ရာသီဆက္ ဂိုး၂၀ နဲ႔အထက္

သြင္းႏိုင္တဲ့ ၄ ဦးေျမာက္ လီဗာပူးကစားသမားလည္း ျဖစ္ခဲ့တာပါ။

လီဗာပူးကလည္း ခ်န္ပီယံလိဂ္အုပ္စု ၆ ပြဲစလုံးႏိုင္တဲ့ ပထမဆုံးေသာ

အဂၤလိပ္အသင္းအျဖစ္မွတ္တမ္းဝင္ခဲ့ပါတယ္။ မေန႔ညက ကစားခဲ့တဲ့

ခ်န္ပီယံလိဂ္ပြဲ်ေတြ အၿပီးမွာ လီဗာပူးနဲ႔ ေအဂ်က္ဇ္တို႔ဟာ

ခ်န္ပီယံလိဂ္အုပ္စုပြဲတိုင္းႏိုင္တဲ့ မွတ္တမ္းကို ရခဲ့ပါတယ္။

ခ်န္ပီယံလိဂ္သမိုင္းမွာ အဲ့ဒိလိုမ်ိဳး အုပ္စု ၆ ပြဲစလုံး အႏိုင္ရခဲ့ဖူးတာဟာ

၆သင္း၊ ၇ ႀကိမ္သာ ရွိခဲ့ဖူးပါတယ္။ ၁၉၉၂-၉၃ ရာသီက ေအစီမီလန္၊

၁၉၉၄-၉၅ ရာသီက ပီအက္စ္ဂ်ီ၊ ၁၉၉၅-၉၆ ရာသီက စပါးတပ္ေမာ္စကို၊

၂၀၀၂-၀၃ က ဘာစီလိုနာ၊၂၀၁၁-၁၂ က ရီးရဲလ္၊ ၂၀၁၄-၁၅ က ရီးရဲလ္၊

၂၀၁၉-၂၀ က ဘိုင္ယန္တို႔ ၆ သင္းက အုပ္စုပြ​ဲတိုင္း အႏိုင္ရခဲ့တာပါ။

ခ်န္ပီယံလိဂ္ေအာင္ျမင္မႈ အရွိဆုံး ရီးရဲလ္က အုပ္စုပြဲအားလုံး အႏိုင္ရမႈ ၂ ႀကိမ္

ရွိခဲ့ေပမယ့္ အဲဒိရာသီေတြမွာ ခ်န္ပီယံမျဖစ္ခဲ့ပါဘူး။ အုပ္စုပြဲအားလုံးႏိုင္ၿပီး

ခ်န္ပီယံျဖစ္ခဲ့တာကလည္း ဘိုင္ယန္တစ္သင္းသာရွိခဲ့ၿပီး

၂၀၁၉-၂၀ ရာသီက စြမ္းေဆာင္ႏိုင္ခဲ့တာပါ။

ဒီကေန႔ည ဘာစီလိုနာနဲ႔ ကစားမယ့္ပြဲကို အႏိုင္ရရင္ဘိုင္ယန္ဟာ

ဒီရာသီ ခ်န္ပီယံလိဂ္အုပ္စုပြဲအားလုံးအႏိုင္ရမွာျဖစ္ၿပီး ၂၀၁၉-၂၀ ရာသီက

ခ်န္ပီယံအိပ္မက္ကို ျပန္မက္ခြင့္ရွိမွာပါ။

လီဗာပူးနဲ႔ ေအဂ်က္စ္ေၾကာင့္ ခ်န္ပီယံလိဂ္သမိုင္းမွာ တစ္ရာသီအတြင္း

အုပ္စုပြဲအားလုံး အႏိုင္ရတဲ့အသင္းအမ်ားဆုံးရာသီ ( ၂သင္း)အျဖစ္

မွတ္တမ္းဝင္ခဲ့သလို ဘိုင္ယန္သာအႏိုင္ရမယ္ဆိုပါက

၃ သင္းအထိ မွတ္တမ္းဝင္သြားမွာျဖစ္ပါတယ္။