ဆာလာကို ခေါ်ယူနိုင်ဖို့ အကြီးစားကတိတစ်ခု ပေးလိုက်တဲ့ ဘာစီလိုနာ

Metro သတင်းဌာနရဲ့ဖော်ပြချက်အရ

ဘာစီလိုနာအသင်းဟာ လီဗာပူးတိုက်စစ်မှူး
ဆာလာကို ခေါ်ယူနိုင်ရေးအတွက် ဆွဲဆောင်မှုအဖြစ်
တကယ်လို့ နူးကမ့်ကို ပြောင်းလာမယ်ဆိုရင်
အသင်းရဲ့ ပရောဂျက်အသစ်မှာ ဆာလာအနေနဲ့
အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်ခွင့်ရမယ်လို့

အာမခံချက် ပေးခဲ့ကြောင်း သိရပါတယ်။
အီဂျစ်လက်ရွေးစင် ဆာလာဟာ
ဒီရာသီမှာလည်း လီဗာပူးနဲ့အတူ
ဆက်လက်ခြေစွမ်းပြနိုင်ခဲ့ပြီး
လီဗာပူးအသင်း အက်ဖ်အေဖလားနဲ့

ကာရောင်ဘာဖလားတွေ ရယူနိုင်ခဲ့ရာမှာ
အဓိကနေရာကနေ ပါဝင်ခဲ့ပါတယ်။
သူဟာ ပရီးမီးယားလိဂ်မှာလည်း
၂၃ ဂိုးသွင်းယူကာ ဆွန်ဟောင်မင်နဲ့အတူ
ဂိုးသွင်းဘုရင်ဆု ပူးတွဲရရှိခဲ့ပြီး

ကစားသမားဘဝတစ်လျှောက် ၃ကြိမ်မြောက်
ရရှိခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ လီဗာပူးဟာ သမိုင်းဝင်ဖလား ၄လုံး
ရယူဖို့ ကြိုးစားမှု နောက်ဆုံးအဆင့်ရောက်မှ
ခြေချော်သွားခဲ့ပြီး ပရီးမီးယားလိဂ်မှာ

၁ မှတ်အကွာနဲ့ မန်စီးတီးရဲ့နောက်
ဒုတိယပဲရခဲ့သလို ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာလည်း
ရီးရဲလ်ကို ၁-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့ရပါတယ်။
ဆာလာဟာ လီဗာပူးကစားသမားဘဝ
၅နှစ်တာကာလအတွင်း ခြေစွမ်းပြနိုင်ခဲ့ပြီးနောက်

လက်ရှိအချိန်မှာ အနာဂတ်နဲ့ပတ်သက်လို့
မရေမရာဖြစ်နေပြီး စာချုပ်သစ်ချုပ်ဆိုဖို့
အဆင်မပြေဖြစ်နေမှုက သူ့ရဲ့
အပြောင်းအရွှေ့သတင်းတွေကို ပိုမိုထွက်ပေါ်စေပါတယ်။
တကယ်လို့ ဆာလာအနေနဲ့ စာချုပ်သစ်မချုပ်ဆိုဘဲ

ရာသီသစ်မှာ လီဗာပူးနဲ့အတူ ဆက်ရှိမယ်ဆိုရင်
၂၀၂၃ နွေရာသီမှာ အသင်းကနေ
အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်
ရရှိမှာဖြစ်ပြီး ဘာစီလိုနာအသင်းက
ဆာလာကို ခေါ်ယူနိုင်ဖို့

အခြေအနေကောင်းနေပါတယ်။
ဘာစီလိုနာဟာ ရာသီအစက
ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက်
၂၀၂၁ နွေရာသီမှာ အသင်းခေါင်းဆောင်ဟောင်း
ဇာဗီကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပြီး

အသင်းက လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာသလို
ဘိုင်ယန်ကနေ ထွက်ခွာမယ်လို့
အသိပေးထားတဲ့ တိုက်စစ်မှူး
လီဝန်ဒေါစကီးကိုခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။

Zawgyi

ဆာလာကို ေခၚယူႏိုင္ဖို႔ အႀကီးစားကတိတစ္ခု ေပးလိုက္တဲ့ ဘာစီလိုနာ
Metro သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ
ဘာစီလိုနာအသင္းဟာ လီဗာပူးတိုက္စစ္မွဴး

ဆာလာကို ေခၚယူႏိုင္ေရးအတြက္ ဆြဲေဆာင္မႈအျဖစ္
တကယ္လို႔ ႏူးကမ့္ကို ေျပာင္းလာမယ္ဆိုရင္
အသင္းရဲ႕ ပေရာဂ်က္အသစ္မွာ ဆာလာအေနနဲ႔
အစိတ္အပိုင္းတစ္ရပ္အျဖစ္ ပါ၀င္ခြင့္ရမယ္လို႔
အာမခံခ်က္ ေပးခဲ့ေၾကာင္း သိရပါတယ္။

အီဂ်စ္လက္ေရြးစင္ ဆာလာဟာ
ဒီရာသီမွာလည္း လီဗာပူးနဲ႔အတူ
ဆက္လက္ေျခစြမ္းျပႏိုင္ခဲ့ၿပီး
လီဗာပူးအသင္း အက္ဖ္ေအဖလားနဲ႔
ကာေရာင္ဘာဖလားေတြ ရယူႏိုင္ခဲ့ရာမွာ

အဓိကေနရာကေန ပါ၀င္ခဲ့ပါတယ္။
သူဟာ ပရီးမီးယားလိဂ္မွာလည္း
၂၃ ဂိုးသြင္းယူကာ ဆြန္ေဟာင္မင္နဲ႔အတူ
ဂိုးသြင္းဘုရင္ဆု ပူးတြဲရရွိခဲ့ၿပီး
ကစားသမားဘ၀တစ္ေလွ်ာက္ ၃ႀကိမ္ေျမာက္

ရရွိခဲ့တာျဖစ္ပါတယ္။
ဒါေပမဲ့ လီဗာပူးဟာ သမိုင္း၀င္ဖလား ၄လုံး
ရယူဖို႔ ႀကိဳးစားမႈ ေနာက္ဆုံးအဆင့္ေရာက္မွ
ေျခေခ်ာ္သြားခဲ့ၿပီး ပရီးမီးယားလိဂ္မွာ
၁ မွတ္အကြာနဲ႔ မန္စီးတီးရဲ႕ေနာက္

ဒုတိယပဲရခဲ့သလို ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာလည္း
ရီးရဲလ္ကို ၁-၀ ဂိုးနဲ႔ အေရးနိမ့္ခ့ဲရပါတယ္။
ဆာလာဟာ လီဗာပူးကစားသမားဘ၀
၅ႏွစ္တာကာလအတြင္း ေျခစြမ္းျပႏိုင္ခဲ့ၿပီးေနာက္
လက္ရွိအခ်ိန္မွာ အနာဂတ္နဲ႔ပတ္သက္လို႔

မေရမရာျဖစ္ေနၿပီး စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔
အဆင္မေျပျဖစ္ေနမႈက သူ႕ရဲ႕
အေျပာင္းအေရႊ႕သတင္းေတြကို ပိုမိုထြက္ေပၚေစပါတယ္။
တကယ္လို႔ ဆာလာအေနနဲ႔ စာခ်ဳပ္သစ္မခ်ဳပ္ဆိုဘဲ
ရာသီသစ္မွာ လီဗာပူးနဲ႔အတူ ဆက္ရွိမယ္ဆိုရင္

၂၀၂၃ ေႏြရာသီမွာ အသင္းကေန
အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ထြက္ခြာခြင့္
ရရွိမွာျဖစ္ၿပီး ဘာစီလိုနာအသင္းက
ဆာလာကို ေခၚယူႏိုင္ဖို႔
အေျခအေနေကာင္းေနပါတယ္။

ဘာစီလိုနာဟာ ရာသီအစက
ရလဒ္ဆိုးေတြနဲ႔ ရင္ဆိုင္ခဲ့ရၿပီးေနာက္
၂၀၂၁ ေႏြရာသီမွာ အသင္းေခါင္းေဆာင္ေဟာင္း
ဇာဗီကို နည္းျပသစ္အျဖစ္ ခန္႔အပ္ခဲ့ၿပီး
အသင္းက လမ္းေၾကာင္းမွန္ေပၚ ျပန္ေရာက္လာသလို

ဘိုင္ယန္ကေန ထြက္ခြာမယ္လို႔
အသိေပးထားတဲ့ တိုက္စစ္မွဴး
လီ၀န္ေဒါစကီးကိုေခၚယူႏိုင္ဖို႔ နီးစပ္ေနပါတယ္။