ဆာလာကို ကျေးဇူးတင်နေတဲ့ WHO အကြီးအကဲ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO) ရဲ့ညွှန်ကြားရေးမှူးချုပ်ဖြစ်တဲ့

တက်ဒရို့စ်အက်ဟန်နွမ်ဂီဘရီယီးဆက်စ် က ကိုဗစ်ကာ ကွယ်ဆေးထိုးကြဖို့အတွက်

တွန်အားပေးစကားပြောကာ ကူညီပေးခဲ့တဲ့ လီဗာပူးတိုက်စစ်မှူး

မိုဟာမက်ဆာလာ ကိုကျေးဇူး တင်တယ်လို့ ဆိုရှယ်မီဒီယာပလက်ဖောင်း ကနေ

တစ်ဆင့်ပြောလိုက်ပါတယ်။ အီဂျစ်လက်ရွေးစင်လည်းဖြစ်တဲ့ ဆာလာ ဟာ

ကိုဗစ်ကာကွယ်ဆေးထိုးနှံထားသူဖြစ်ပြီး အခြားသူတွေ

ထိုးနှံကြဖို့ကိုလည်းတွန်းအားပေးခဲ့ပါတယ်။ ဘောလုံးသမားတွေထဲမှာ

ကာကွယ်ဆေးတွေအပေါ်မယုံကြည်တဲ့သူတွေ အများကြီးရှိနေကြပြီး

ထိုးနှံဖို့ငြင်းဆန်တာတွေလည်းရှိနေပါတယ်။ ဘိုင်ယန်မြူး နစ်ကွင်းလယ်လူ

ကင်မစ်ချ်ဆိုရင် ကိုဗစ်ဖြစ်ပြီးနောက် နောက်ဆက်တွဲပြဿနာတွေကို

ရင်ဆိုင်နေရပြီး ၂၀၂၂ ရောက်မှပြန်က စားနိုင်မှာဖြစ်လို့

ကာကွယ်ဆေးမထိုးခဲ့တဲ့အပေါ်နောင်တရမိတယ်လို့ ဖွင့်ဟထားပါတယ်။

အင်တာဗျူးတစ်ခုမှာ ဆာလာက” ဆေးပညာရပ်ကိုနှစ်ပေါင်းများစွာလေ့လာပြီး

တကယ်လည်းလုပ်ဆောင်နေတဲ့ ဆရာဝန်တွေ အများကြီးရှိပါတယ်။

သူတို့တွေရှိနေလျက်နဲ့ ကာကွယ်ဆေးထိုးတာမှားတယ်လို့

ကျွန်တော်ပြောလိုက်ရင် လမ်းဘေးကတွေ့က ရာလူက ကျွန်တော့်ကိုလာပြီး

ဘောလုံးကိုဘယ်လိုကစားရမလဲဆိုတာ သင်ပေးနေသလိုဖြစ်တော့မှာပေါ့။

WHO က ကာကွယ် ဆေးထိုးတာကောင်းပါတယ်လို့ ပြောနေမှတော့

ကျွန်တော်တို့ကလိုက်နာရမှာပေါ့” လို့ပြောသွားပါတယ်။

ဒါကြောင့်လည်း မစ္စတာတက်ဒရို့စ်က လူမှုစာမျက်နှာတွေကနေတစ်ဆင့်

ဆာလာ ကိုကျေးဇူးတင်တယ်လို့ ပြောသွားတာဖြစ် ပါတယ်။

သူက” ခင်ဗျားရဲ့အထောက်အပံ့ဖြစ်စေတဲ့ စကားတွေအတွက်ကျေးဇူးတင်ပါတယ်

မိုဟာမက်ဆာလာရေ။ ကာကွယ် ဆေးတွေဆိုတာ ကိုဗစ် အပါအဝင်

အခြားသောရောဂါတွေကြောင့်ဆုံးရှုံးနိုင်တဲ့ အသက်ပေါင်းများစွာကို

ကာကွယ်ပေးနိုင်ပါတယ်။ အန္တရာယ်ဖြစ်နိုင်ချေမြင့်မားတဲ့နေရာတိုင်းက

လူတွေ ကာကွယ်ဆေးထိုးကြဖို့ ကမ္ဘာကြီးကပူးပေါင်းဆောင်ရွက်မယ်လို့လည်း

ကျွန်တော်တို့မျှော်လင့်ပါတယ်” လို့ပြောသွားပါတယ်။

zawgyi

ဆာလာကို ေက်းဇူးတင္ေနတဲ့ WHO အႀကီးအကဲ

ကမာၻ႔က်န္းမာေရးအဖြဲ႕ခ်ဳပ္(WHO) ရဲ႕ၫႊန္ၾကားေရးမႉးခ်ဳပ္ျဖစ္တဲ့

တက္ဒ႐ို႕စ္အက္ဟန္ႏြမ္ဂီဘရီယီးဆက္စ္ က ကိုဗစ္ကာ ကြယ္ေဆးထိုးၾကဖို႔အတြက္

တြန္အားေပးစကားေျပာကာ ကူညီေပးခဲ့တဲ့ လီဗာပူးတိုက္စစ္မႉး

မိုဟာမက္ဆာလာ ကိုေက်းဇူး တင္တယ္လို႔ ဆိုရွယ္မီဒီယာပလက္ေဖာင္း ကေန

တစ္ဆင့္ေျပာလိုက္ပါတယ္။ အီဂ်စ္လက္ေ႐ြးစင္လည္းျဖစ္တဲ့ ဆာလာ ဟာ

ကိုဗစ္ကာကြယ္ေဆးထိုးႏွံထားသူျဖစ္ၿပီး အျခားသူေတြ

ထိုးႏွံၾကဖို႔ကိုလည္းတြန္းအားေပးခဲ့ပါတယ္။ ေဘာလုံးသမားေတြထဲမွာ

ကာကြယ္ေဆးေတြအေပၚမယုံၾကည္တဲ့သူေတြ အမ်ားႀကီးရွိေနၾကၿပီး

ထိုးႏွံဖို႔ျငင္းဆန္တာေတြလည္းရွိေနပါတယ္။ ဘိုင္ယန္ျမဴး နစ္ကြင္းလယ္လူ

ကင္မစ္ခ်္ဆိုရင္ ကိုဗစ္ျဖစ္ၿပီးေနာက္ ေနာက္ဆက္တြဲျပႆနာေတြကို

ရင္ဆိုင္ေနရၿပီး ၂၀၂၂ ေရာက္မွျပန္က စားႏိုင္မွာျဖစ္လို႔ က

ာကြယ္ေဆးမထိုးခဲ့တဲ့အေပၚေနာင္တရမိတယ္လို႔ ဖြင့္ဟထားပါတယ္။

အင္တာဗ်ဴးတစ္ခုမွာ ဆာလာက” ေဆးပညာရပ္ကိုႏွစ္ေပါင္းမ်ားစြာေလ့လာၿပီး

တကယ္လည္းလုပ္ေဆာင္ေနတဲ့ ဆရာဝန္ေတြ အမ်ားႀကီးရွိပါတယ္။

သူတို႔ေတြရွိေနလ်က္နဲ႔ ကာကြယ္ေဆးထိုးတာမွားတယ္လို႔

ကြၽန္ေတာ္ေျပာလိုက္ရင္ လမ္းေဘးကေတြ႕က ရာလူက ကြၽန္ေတာ့္ကိုလာၿပီး

ေဘာလုံးကိုဘယ္လိုကစားရမလဲဆိုတာ သင္ေပးေနသလိုျဖစ္ေတာ့မွာေပါ့။

WHO က ကာကြယ္ ေဆးထိုးတာေကာင္းပါတယ္လို႔ ေျပာေနမွေတာ့

ကြၽန္ေတာ္တို႔ကလိုက္နာရမွာေပါ့” လို႔ေျပာသြားပါတယ္။

ဒါေၾကာင့္လည္း မစၥတာတက္ဒ႐ို႕စ္က လူမႈစာမ်က္ႏွာေတြကေနတစ္ဆင့္

ဆာလာ ကိုေက်းဇူးတင္တယ္လို႔ ေျပာသြားတာျဖစ္ ပါတယ္။

သူက” ခင္ဗ်ားရဲ႕အေထာက္အပံ့ျဖစ္ေစတဲ့ စကားေတြအတြက္ေက်းဇူးတင္ပါတယ္

မိုဟာမက္ဆာလာေရ။ ကာကြယ္ ေဆးေတြဆိုတာ ကိုဗစ္ အပါအဝင္

အျခားေသာေရာဂါေတြေၾကာင့္ဆုံးရႈံးႏိုင္တဲ့ အသက္ေပါင္းမ်ားစြာကို

ကာကြယ္ေပးႏိုင္ပါတယ္။ အႏၲရာယ္ျဖစ္ႏိုင္ေခ်ျမင့္မားတဲ့ေနရာတိုင္းက

လူေတြ ကာကြယ္ေဆးထိုးၾကဖို႔ ကမာၻႀကီးကပူးေပါင္းေဆာင္႐ြက္မယ္လို႔လည္း

ကြၽန္ေတာ္တို႔ေမွ်ာ္လင့္ပါတယ္” လို႔ေျပာသြားပါတယ္။