ဆာလက် ဂိုးမသွင်းခင်မှာကတည်းက ကြိုအောင်ပွဲခံခဲ့တဲ့ ဗန်ဒိုက်

လီဗာပူးအသင်းနောက်ခံလူ ဗန်ဒိုက်ဟာ အသင်းဖော်

ဆာလာရဲ့ပင်နယ်တီကန်သွင်းမှုစွမ်းရည်ကို
ဘယ်လောက်တောင် ယုံကြည်သလဲဆိုရင်
ဘရိုက်တန်နဲ့ပွဲမှာ ဆာလာ ပင်နယ်တီမကန်ခင်ကတည်းက
သူက လက်သီးလက်မောင်းတန်းပြီး အောင်ပွဲခံခဲ့ပါတယ်။


လီဗာပူးဟာ ပွဲချိန် ၁၉ မိနစ်မှာ သွင်းယူခဲ့တဲ့
ဒီယက်ဇ်ရဲ့ဦးဆောင်ဂိုး၊ ပွဲချိန် ၆၁ မိနစ်မှာ
သွင်းယူတဲ့ ဆာလာရဲ့ပင်နယ်တီသွင်းဂိုးတွေကြောင့်
ဘရိုက်တန်ကို အဝေးကွင်းမှာ ဝ-၂ ဂိုးနဲ့

အနိုင်ယူပြီး ထိပ်ဆုံးက မန်စီးတီးနဲ့
ပွဲတူ ၃ မှတ်အကွာကနေ ဆက်လက်ဖိအားပေးနိုင်ခဲ့ပါတယ်။
လီဗာပူးဟာ ဒီယက်ဇ်ရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီးနောက်
ပွဲချိန် ၆၁ မိနစ်မှာ ကွင်းလယ်လူ ကီတာရဲ့
ကန်သွင်းချက် ဘရိုက်တန်ကွင်းလယ်လူ ဘစ်ဆူးမားရဲ့

လက်နဲ့ထိသွားလို့ ပင်နယ်တီရခဲ့ပါတယ်။
ဆာလာကလည်း ၁၂ ကိုက်အကွာကနေ
ပင်နယ်တီကို အမှားအယွင်းမရှိကန်သွင်းယူနိုင်ခဲ့ပြီး
ပရိသတ်တွေ သတိထားမိလိုက်တာကတော့ သူမကန်ခင်ကတည်းက
အသင်းဖော်နောက်ခံလူ ဗန်ဒိုက်ဟာ ဂိုးဖို့

သေချာတဲ့ပုံစံမျိုးနဲ့ အရင်အောင်ပွဲခံခဲ့ပါတယ်။


ဆာလာဟာ အဆိုပါပင်နယ်တီသွင်းဂိုးကြောင့်
ယခုရာသီပရီးမီးယားလိဂ်မှာ သွင်းဂိုး ၂၀အထိ

ရှိလာပြီး ပရီးမီးယားလိဂ် ၄ရာသီမှာ
တစ်ရာသီသွင်းဂိုး အနည်းဆုံး ၂၀သွင်းယူနိုင်တဲ့
၆ဦးမြောက် ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။