ဆာလက်ကိုခေါင်းရောင်းခဲ့တဲ့ ဒိုင်ယာက ရာဇဝတ်ကောင်ဖြစ်ပြီး ချန်ပီယံရှစ်ကို ပို့လိုက်ပါတော့လို့ စပါးပရိသတ်တွေတောင်းဆိုလာ

လီဗာပူးနဲ့ကစားခဲ့တဲ့ တကယ့်ဟဲဗီးဝိတ်ပွဲစဉ်မှာ အမှားလုပ်ခဲ့တဲ့ ဒိုင်ယာကို ရုပ်သံတင်ဆက်သူတွေအပါအဝင် ပရိသတ်တွေကဒေါကန်နေကြပါတယ်။

ပွဲချိန်မိနစ် ၄၀မှာ ဂိုးသမားအလစ်ဆန်က ကန်ချက်ပြင်းပြင်းနဲ့ တိုက်စစ်ကိုပေးပို့လိုက်ချိန်မှာ ဒိုင်ယာက ကြောင်တောင်တောင်ပုံစံနဲ့

ဆာလက်ရဲ့ပြေးလမ်းကြောင်းထဲ ခေါင်းတိုက်ချပေးခဲ့ပြီး အီဂျစ်တိုက်စစ်မှူးက ဂိုးသွင်းယူသွားခဲ့ပါတယ်။ တကယ်လို့ ဂိုးသမားလိုရစ်ဆီပြန်ပေးတာဆိုရင်

ခေါင်းတိုက်ချက်ကပိုပြင်းဖို့လိုအပ်ခဲ့ပေမဲ့ ပုခုံးနဲ့ထိပြီး လမ်းတစ်ဝက်မှာ ဆာလက်ဂိုးသွင်းနိုင်ဖို့အတွက် ရောင်းပေးလိုက်သလိုဖြစ်ခဲ့တာပါ။

ဒိုင်ယာရဲ့အမှားကြောင့် လီဗာပူးက ၂ဂိုးပြတ်ဦးဆောင်ခွင့်ရခဲ့ပြီး စပါးပြန်လာနိုင်ဖို့ အလွန်ခက်ခဲသွားတာဖြစ်တယ်။ ဒီအဖြစ်အပျက်ကိုတွေ့ခဲ့တဲ့

ဂယ်ရီလိုင်နီကာကတော့ “Dier ကနေ Dire ဖြစ်သွားတယ်လို့” ခေါင်းစဉ်တပ်ပေးလိုက်သလို ပရိသတ်တစ်ယောက်က “ဒါကတော့ ဒိုင်ယာရဲ့ရာဇဝတ်မှုပဲ”

လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ဒုတိယတစ်ယောက်ကတော့ “ဒိုင်ယာကတော့ ပရိသတ် ဘယ်လောက်ရမလဲပုံစံနဲ့ ဆိုရှယ်မီဒီယာကို စမ်းသပ်နေပါတယ်”

လို့ ခနဲ့လိုက်သလို တတိယတစ်ယောက်က “ဒိုင်ယာက အသင်းမှာ ၄နေရာလောက်ကစားခဲ့ပြီးသလို ကျွန်တော်တို့အသင်းအတွက်တော့ နေရာတိုင်းမှာအဆိုးရွားဆုံးကစားသမားပါ။

ဒီကောင့်ကိုရွေ့ခိုင်းလိုက်ပါတော့။ သူ့ကိုချန်ပီယံရှစ်ပို့လိုက်ပါ” လို့ ဒေါသတကြီးတုံ့ပြန်ခဲ့ပါတယ်။ Sky Sports ရုပ်သံတင်ဆက်သူအဖြစ်ပါဝင်ခဲ့တဲ့

ဆောင်းနက်စ်ကတော့ ဒိုင်ယာဟာ သူ့ပုခုံးပေါ်သူခေါင်းတိုက်ချသလိုဖြစ်ခဲ့ပြီး ဒီအခြေအနေကို ဆာလက်ကအကောင်းဆုံးဖတ်နိုင်ခဲ့တဲ့အတွက်

ဂိုးပေးလိုက်ရတာဖြစ်တယ်လို့ဆိုခဲ့ပြီး ဂယ်ရီနဗီးလ်ကတော့ သူ့ဆီကမမြင်ဘူးတဲ့ လက်ဆောင်လို့ဆိုခဲ့ပါတယ်။

(Zawgyi)

ဆာလက္ကိုေခါင္းေရာင္းခဲ့တဲ့ ဒိုင္ယာက ရာဇဝတ္ေကာင္ျဖစ္ၿပီး ခ်န္ပီယံရွစ္ကို ပို႔လိုက္ပါေတာ့လို႔ စပါးပရိသတ္ေတြေတာင္းဆိုလာ

လီဗာပူးနဲ႔ကစားခဲ့တဲ့ တကယ့္ဟဲဗီးဝိတ္ပြဲစဥ္မွာ အမွားလုပ္ခဲ့တဲ့ ဒိုင္ယာကို႐ုပ္သံတင္ဆက္သူေတြအပါအဝင္ ပရိသတ္ေတြကေဒါကန္ေနၾကပါတယ္။

ပြဲခ်ိန္မိနစ္ ၄၀မွာ ဂိုးသမားအလစ္ဆန္က ကန္ခ်က္ျပင္းျပင္းနဲ႔တိုက္စစ္ကိုေပးပို႔လိုက္ခ်ိန္မွာ ဒိုင္ယာက ေၾကာင္ေတာင္ေတာင္ပုံစံနဲ႔

ဆာလက္ရဲ႕ေျပးလမ္းေၾကာင္းထဲေခါင္းတိုက္ခ်ေပးခဲ့ၿပီး အီဂ်စ္တိုက္စစ္မႉးကဂိုးသြင္းယူသြားခဲ့ပါတယ္။ တကယ္လို႔ ဂိုးသမားလိုရစ္ဆီျပန္ေပးတာဆိုရင္

ေခါင္းတိုက္ခ်က္ကပိုျပင္းဖို႔လိုအပ္ခဲ့ေပမဲ့ ပုခုံးနဲ႔ထိၿပီးလမ္းတစ္ဝက္မွာ ဆာလက္ဂိုးသြင္းႏိုင္ဖို႔အတြက္ ေရာင္းေပးလိုက္သလိုျဖစ္ခဲ့တာပါ။

ဒိုင္ယာရဲ႕အမွားေၾကာင့္ လီဗာပူးက ၂ဂိုးျပတ္ဦးေဆာင္ခြင့္ရခဲ့ၿပီး စပါးျပန္လာႏိုင္ဖို႔ အလြန္ခက္ခဲသြားတာျဖစ္တယ္။ ဒီအျဖစ္အပ်က္ကိုေတြ႕ခဲ့တဲ့

ဂယ္ရီလိုင္နီကာကေတာ့ “Dier ကေန Dire ျဖစ္သြားတယ္လို႔” ေခါင္းစဥ္တပ္ေပးလိုက္သလို ပရိသတ္တစ္ေယာက္က “ဒါကေတာ့ ဒိုင္ယာရဲ႕ရာဇဝတ္မႈပဲ” လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

ဒုတိယတစ္ေယာက္ကေတာ့ “ဒိုင္ယာကေတာ့ ပရိသတ္ဘယ္ေလာက္ရမလဲပုံစံနဲ႔ ဆိုရွယ္မီဒီယာကိုစမ္းသပ္ေနပါတယ္” လို႔ ခနဲ႔လိုက္သလို တတိယတစ္ေယာက္က “ဒိုင္ယာက

အသင္းမွာ ၄ေနရာေလာက္ကစားခဲ့ၿပီးသလို ကြၽန္ေတာ္တို႔အသင္းအတြက္ေတာ့ ေနရာတိုင္းမွာအဆိုး႐ြားဆုံးကစားသမားပါ။ ဒီေကာင့္ကိုေ႐ြ႕ခိုင္းလိုက္ပါေတာ့။

သူ႔ကိုခ်န္ပီယံရွစ္ပို႔လိုက္ပါ” လို႔ ေဒါသတႀကီးတုံ႔ျပန္ခဲ့ပါတယ္။ Sky Sports ႐ုပ္သံတင္ဆက္သူအျဖစ္ပါဝင္ခဲ့တဲ့ ေဆာင္းနက္စ္ကေတာ့ ဒိုင္ယာဟာ

သူ႔ပုခုံးေပၚသူေခါင္းတိုက္ခ်သလိုျဖစ္ခဲ့ၿပီး ဒီအေျခအေနကို ဆာလက္ကအေကာင္းဆုံးဖတ္ႏိုင္ခဲ့တဲ့အတြက္ ဂိုးေပးလိုက္ရတာျဖစ္တယ္လို႔ဆိုခဲ့ၿပီး ဂယ္ရီနဗီးလ္ကေတာ့

သူ႔ဆီကမျမင္ဘူးတဲ့ လက္ေဆာင္လို႔ဆိုခဲ့ပါတယ္။