ဆာကာလည်း လိုအပ်ရင် ခံစစ်ကို ဆင်းကစားပေးရမယ်ဆိုတဲ့ အာတီတာ

အာဆင်နယ်က ဘိုဒိုဂလင့်ကို အနိုင်ရခဲ့တဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အသင်း အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဘူကာယို ဆာကာကို ဂန္ထဝင်ကစားသမားဟောင်း မာတင်ကီယွန်အပါအဝင် အာဆင်နယ်ပရိသတ်တွေက ချီးမွမ်းနေကြပါတယ်။

ဒါပေမဲ့လည်း အာဆင် နယ်နည်းပြ အာတီတာကတော့ ဒီအင်္ဂလန်သားအနေနဲ့ တိုက်စစ်ပိုင်းစွမ်း ဆောင်ရည် တိုးတက်ကောင်းမွန်နေပေမယ့် လိုအပ်ရင် ခံစစ်ကိုလည်း ဆင်း ကူပေးရမယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

နော်ဝေမြေမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ အာဆင်နယ်ဟာ အနိုင်ရခဲ့တာကြောင့် ယူရိုပါလိဂ် အုပ်စု (A) ရဲ့ ထိပ်ဆုံးမှာ ရမှတ် ၉ မှတ်နဲ့ ဦးဆောင်နေပြီး လာမယ့် ကြားရက်မှာ ကစားမယ့် ပီအက်စ်ဗွီနဲ့ပွဲစဉ်မှာသာ အနိုင်ရခဲ့မယ်ဆိုရင်တော့ နောက်တစ်ဆင့်ကို တက် လှမ်းနိုင်ပြီဖြစ်ပါတယ်။

ဆာကာရဲ့ သွင်းဂိုးကြောင့် ဒီလိုမျိုး အလားအလာ ကောင်းတွေ ပိုင်ဆိုင်ခဲ့တဲ့အတွက် ဒီကစားသမားဟာ ပိုကောင်းလာတဲ့ပုံစံ မျိုးရှိနေပြီလားလို့ ပွဲအပြီးမှာ သတင်းထောက်တစ်ယောက်က မေးမြန်းခဲ့ရာ မှာတော့ အာတီတာက ‘’အင်းပေါ့။ ဒါပေမဲ့ သူက ဒီထက်လည်း ပိုကောင်း လာနိုင်ပါတယ်။

သူဟာ တကယ်ကောင်းတဲ့ ပွဲတစ်ပွဲကို ကစားခဲ့တာဖြစ်ပါ တယ်။ အဲဒီနောက်မှာတော့ သူက တိုးတက်စရာလေးတွေလည်း ရှိနေပါ သေးတယ်။

သူ့ကိုယ်တိုင် ကြိုးစားအားထုတ်ရမှာပေါ့လေ။ အထူးသဖြင့် ခံစစ် ပိုင်းမှာပေါ့။ ပြိုင်ဘက်အသင်းရဲ့ အစွန်နောက်ခံလူတွေကို လှုပ်ရှားခွင့်တွေ ပေးခဲ့ရတဲ့ အခါမျိုးတွေရှိခဲ့တယ်။

ဖြတ်တင်ဘောတွေ လွယ်လွယ်လေးနဲ့ လုပ် ခွင့်ပေးတာမျိုးတွေပါ။ တိုးတက်လာစရာတွေ အများကြီး ရှိနေပါသေးတယ်’’ လို့ ပြောဆိုသွားခဲ့တာပါ။

ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေ တဲ့ အာဆင်နယ်အသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာတော့ နောက်ဆုံး ၅ ပွဲ ဆက်တိုက် နိုင်ပွဲပျောက်ဆုံးထားတဲ့ လိဒ်အသင်းနဲ့ ရင်ဆိုင်ကစားရမှာ ဖြစ် ပါတယ်။

(Zawgyi)

ဆာကာလည္း လိုအပ္ရင္ ခံစစ္ကို ဆင္းကစားေပးရမယ္ဆိုတဲ့ အာတီတာ

အာဆင္နယ္က ဘိုဒိုဂလင့္ကို အႏိုင္ရခဲ့တဲ့ အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ အသင္း အတြက္ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို သြင္းႏိုင္ခဲ့တဲ့ တိုက္စစ္မႉး ဘူကာယို ဆာကာကို ဂႏၴဝင္ကစားသမားေဟာင္း မာတင္ကီယြန္အပါအဝင္ အာဆင္နယ္ပရိသတ္ေတြက ခ်ီးမြမ္းေနၾကပါတယ္။

ဒါေပမဲ့လည္း အာဆင္ နယ္နည္းျပ အာတီတာကေတာ့ ဒီအဂၤလန္သားအေနနဲ႔ တိုက္စစ္ပိုင္းစြမ္း ေဆာင္ရည္ တိုးတက္ေကာင္းမြန္ေနေပမယ့္ လိုအပ္ရင္ ခံစစ္ကိုလည္း ဆင္း ကူေပးရမယ္လို႔ မွတ္ခ်က္ျပဳခဲ့ပါတယ္။

ေနာ္ေဝေျမမွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပြဲစဥ္မွာ အာဆင္နယ္ဟာ အႏိုင္ရခဲ့တာေၾကာင့္ ယူ႐ိုပါလိဂ္ အုပ္စု (A) ရဲ႕ ထိပ္ဆုံးမွာ ရမွတ္ ၉ မွတ္နဲ႔ ဦးေဆာင္ေနၿပီး လာမယ့္ ၾကားရက္မွာ ကစားမယ့္ ပီအက္စ္ဗြီနဲ႔ပြဲစဥ္မွာသာ အႏိုင္ရခဲ့မယ္ဆိုရင္ေတာ့ ေနာက္တစ္ဆင့္ကို တက္ လွမ္းႏိုင္ၿပီျဖစ္ပါတယ္။

ဆာကာရဲ႕ သြင္းဂိုးေၾကာင့္ ဒီလိုမ်ိဳး အလားအလာ ေကာင္းေတြ ပိုင္ဆိုင္ခဲ့တဲ့အတြက္ ဒီကစားသမားဟာ ပိုေကာင္းလာတဲ့ပုံစံ မ်ိဳးရွိေနၿပီလားလို႔ ပြဲအၿပီးမွာ သတင္းေထာက္တစ္ေယာက္က ေမးျမန္းခဲ့ရာ မွာေတာ့ အာတီတာက ‘’အင္းေပါ့။ ဒါေပမဲ့ သူက ဒီထက္လည္း ပိုေကာင္း လာႏိုင္ပါတယ္။ သူဟာ တကယ္ေကာင္းတဲ့ ပြဲတစ္ပြဲကို ကစားခဲ့တာျဖစ္ပါ တယ္။

အဲဒီေနာက္မွာေတာ့ သူက တိုးတက္စရာေလးေတြလည္း ရွိေနပါ ေသးတယ္။ သူ႔ကိုယ္တိုင္ ႀကိဳးစားအားထုတ္ရမွာေပါ့ေလ။ အထူးသျဖင့္ ခံစစ္ ပိုင္းမွာေပါ့။ ၿပိဳင္ဘက္အသင္းရဲ႕ အစြန္ေနာက္ခံလူေတြကို လႈပ္ရွားခြင့္ေတြ ေပးခဲ့ရတဲ့ အခါမ်ိဳးေတြရွိခဲ့တယ္။ ျဖတ္တင္ေဘာေတြ လြယ္လြယ္ေလးနဲ႔ လုပ္ ခြင့္ေပးတာမ်ိဳးေတြပါ။ တိုးတက္လာစရာေတြ အမ်ားႀကီး ရွိေနပါေသးတယ္’’ လို႔ ေျပာဆိုသြားခဲ့တာပါ။

ပရီးမီးယားလိဂ္ အမွတ္ေပးဇယားကို ဦးေဆာင္ေန တဲ့ အာဆင္နယ္အသင္းဟာ လာမယ့္ တနဂၤေႏြေန႔မွာေတာ့ ေနာက္ဆုံး ၅ ပြဲ ဆက္တိုက္ ႏိုင္ပြဲေပ်ာက္ဆုံးထားတဲ့ လိဒ္အသင္းနဲ႔ ရင္ဆိုင္ကစားရမွာ ျဖစ္ ပါတယ္။