
အာဆင်နယ်ကြယ်ပွင့် ဆာကာဟာ ယူနိုက်တက်ကိုအနိုင်ရတဲ့ပွဲစဉ်မှာ





ဂိုးသွင်းအပြီးအောင်ပွဲခံနေတဲ့ပုံရိပ်ကို အင်စတာဂရမ်မှာမျှဝေခဲ့ပြီးနောက်
ဒီကလန်ရိုက်စ်က like လုပ်ခဲ့တယ်လို့ The Sun သတင်းစာက





ဖော်ပြလိုက်ပါတယ်။ ဒါကိုတွေ့ရှိခဲ့ပြီးတဲ့နောက် ဒီကလန်ရိုက်စ်အနေနဲ့
သူနောက်ထပ်ပြောင်းရွှေ့မယ့် ကလပ်ကိုလမ်းစပေးလိုက်တာ
ဖြစ်နိုင်တယ်လို့ အာဆင်နယ်ပရိသတ်တွေ တစ်လေသံတည်း





ထွက်လာခဲ့ကြတာဖြစ်တယ်။ ဝက်စ်ဟမ်းကွင်းလယ်လူဟာ
လာမယ့်နွေရာသီမှာ ပေါင်သန်း ၁၀၀ လောပ်အထိတန်ကြေးရှိနိုင်တဲ့





ပမာဏတစ်ခုနဲ့ အာဆင်နယ်ကိုပြောင်းရွှေ့ဖို့ချိတ်ဆက်နေတယ်လို့
သတင်းထွက်ထားတာပါ။ ဂန်းနားကြယ်ပွင့် ဆာကာကတော့
ယူနိုက်တက်ဘက်ကို လှပတဲ့အဝေးကန်ချက်နဲ့ ဒုတိယဂိုးသွင်းအပြီး





အောင်ပွဲခံပုံရိပ်ကို အင်စတာဂရမ်စာမျက်နှာမှာ မျှဝေခဲ့တာဖြစ်ပြီး
အသက် ၂၄နှစ်အရွယ် ဒီကလန်ရိုက်စ်ဟာ အာဆင်နယ်ကို





ပြောင်းရွှေ့လိမ့်မယ်ဆိုတဲ့ကောလဟလတွေရှိတဲ့ကြားကနေ
ဒီပုံရိပ်ကို like လုပ်ခဲ့တာဖြစ်တယ်။ ဂန်းနားပရိသတ်တွေ
အားလုံးကတော့ ဒီကလန်ရိုက်စ်ရဲ့လုပ်ရပ်နဲ့ပက်သတ်လို့





ဆိုရှယ်မီဒီယာပေါ်မှာ တူညီတဲ့မက်ဆေ့ချ်တွေထားရစ်ခဲ့ကြတာ
တွေ့ရပါတယ်။ “မင်းကိုယ်တိုင်က လန်ဒန်မြောက်ပိုင်းကို





လာချင်နေတာ မင်းသိလား” ၊ “ဒီကလန်ရိုက်စ် အသင်းပြောင်းဖို့အတွက်
ဝက်စ်ဟမ်းဆီတောင်းဆိုနေတာလား” ၊ “သူ့ကိုအကြီးကျယ်ဆုံး
အသင်းမှာပါဝင်ခွင့်ပေးလိုက်ပါ” ၊ “အိုးးးးငါတို့ထင်တာထက်တောင်





ပိုမြန်နိုင်တယ်” ၊ “ရိုက်စ်ကတော့ ဂန်းနားတစ်ယောက်ပါ” လို့
ပရိသတ်တွေက မှတ်ချက်အသီးသီးပေးခဲ့ကြပါတယ်။





zawgyi
ဆာကာရဲ႕ အင္စတာဂရမ္ပို႔စ္ကို like လုပ္ခဲ့တဲ့ ဒီကလန္႐ိုက္စ္ ဂန္းနားေတြဆီ လာခ်င္ေနၿပီလား…
အာဆင္နယ္ၾကယ္ပြင့္ ဆာကာဟာ ယူႏိုက္တက္ကိုအႏိုင္ရတဲ့ပြဲစဥ္မွာ





ဂိုးသြင္းအၿပီးေအာင္ပြဲခံေနတဲ့ပုံရိပ္ကို အင္စတာဂရမ္မွာမွ်ေဝခဲ့ၿပီးေနာက္
ဒီကလန္႐ိုက္စ္က like လုပ္ခဲ့တယ္လို႔ The Sun သတင္းစာက





ေဖာ္ျပလိုက္ပါတယ္။ ဒါကိုေတြ႕ရွိခဲ့ၿပီးတဲ့ေနာက္ ဒီကလန္႐ိုက္စ္အေနနဲ႔
သူေနာက္ထပ္ေျပာင္းေ႐ႊ႕မယ့္ ကလပ္ကိုလမ္းစေပးလိုက္တာ
ျဖစ္ႏိုင္တယ္လို႔ အာဆင္နယ္ပရိသတ္ေတြ တစ္ေလသံတည္း





ထြက္လာခဲ့ၾကတာျဖစ္တယ္။ ဝက္စ္ဟမ္းကြင္းလယ္လူဟာ
လာမယ့္ေႏြရာသီမွာ ေပါင္သန္း ၁၀၀ ေလာပ္အထိတန္ေၾကးရွိႏိုင္တဲ့





ပမာဏတစ္ခုနဲ႔ အာဆင္နယ္ကိုေျပာင္းေ႐ႊ႕ဖို႔ခ်ိတ္ဆက္ေနတယ္လို႔
သတင္းထြက္ထားတာပါ။ ဂန္းနားၾကယ္ပြင့္ ဆာကာကေတာ့
ယူႏိုက္တက္ဘက္ကို လွပတဲ့အေဝးကန္ခ်က္နဲ႔ ဒုတိယဂိုးသြင္းအၿပီး





ေအာင္ပြဲခံပုံရိပ္ကို အင္စတာဂရမ္စာမ်က္ႏွာမွာ မွ်ေဝခဲ့တာျဖစ္ၿပီး
အသက္ ၂၄ႏွစ္အ႐ြယ္ ဒီကလန္႐ိုက္စ္ဟာ အာဆင္နယ္ကို





ေျပာင္းေ႐ႊ႕လိမ့္မယ္ဆိုတဲ့ေကာလဟလေတြရွိတဲ့ၾကားကေန
ဒီပုံရိပ္ကို like လုပ္ခဲ့တာျဖစ္တယ္။ ဂန္းနားပရိသတ္ေတြ
အားလုံးကေတာ့ ဒီကလန္႐ိုက္စ္ရဲ႕လုပ္ရပ္နဲ႔ပက္သတ္လို႔





ဆိုရွယ္မီဒီယာေပၚမွာ တူညီတဲ့မက္ေဆ့ခ်္ေတြထားရစ္ခဲ့ၾကတာ
ေတြ႕ရပါတယ္။ “မင္းကိုယ္တိုင္က လန္ဒန္ေျမာက္ပိုင္းကို





လာခ်င္ေနတာ မင္းသိလား” ၊ “ဒီကလန္႐ိုက္စ္ အသင္းေျပာင္းဖို႔အတြက္
ဝက္စ္ဟမ္းဆီေတာင္းဆိုေနတာလား” ၊ “သူ႔ကိုအႀကီးက်ယ္ဆုံး
အသင္းမွာပါဝင္ခြင့္ေပးလိုက္ပါ” ၊ “အိုးးးးငါတို႔ထင္တာထက္ေတာင္





ပိုျမန္ႏိုင္တယ္” ၊ “႐ိုက္စ္ကေတာ့ ဂန္းနားတစ္ေယာက္ပါ” လို႔
ပရိသတ္ေတြက မွတ္ခ်က္အသီးသီးေပးခဲ့ၾကပါတယ္။