ဆာကာရဲ့ ငယ်ဘ၀ Idol က ရော်နယ်ဒိုဖြစ်နေတဲ့အတွက် အာဆင်နယ်ပရိသတ်တွေမပျော်ရွှင်နိုင်ခဲ့

အာဆင်နယ်နဲ့ အင်္ဂလန်ကြယ်ပွင့်ဘူကာယိုဆာကာက သူ့ရဲ့ငယ်ဘဝစံပြကစားသမားဟာ GOAT ကြီးရော်နယ်ဒိုဖြစ်တယ်လို့ ဖွင့်ဟလိုက်တဲ့အတွက် ဂန်းနားပရိသတ်တွေ စိတ်ပျက်ခဲ့ကြပါတယ်။

အီရန်ဘက်ကို ၂ဂိုးသွင်းခဲ့တဲ့ ဆာကာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတစ်ပွဲတည်း ၂ဂိုးနဲ့အထက်သွင်းယူနိုင်တဲ့ အသက်အငယ်ဆုံး အင်္ဂလိပ်ကစားသမားအဖြစ် မှတ်တမ်းဝင်ထားသူဖြစ်တယ်။

အသက် ၂၁အရွယ် အာဆင်နယ်အကယ်ဒမီကျောင်းဆင်း ဆာကာဟာ ဒီရာသီမှာထူးရှယ်ခြေစွမ်းပြပြီး အင်္ဂလန်နဲ့အတူ ကာတာကမ္ဘာ့ဖလားမှာ တောက်ပခွင့်ရနေပါတယ်။ ယခုသီတင်းပတ် အစောပိုင်းမှာတော့

အင်္ဂလန်အသင်းဝက်ဘ်ဆိုက်မှာ သူထိပ်တန်းအဆင့်ရောက်လာခြင်းလျှို့ဝှက်ချက်ကို ဆာကာကိုယ်တိုင်ကဖွင့်ဟခဲ့ပြီး ယူနိုက်တက်တိုက်စစ်မှူးဟောင်းရော်နယ်ဒိုက သူ့ရဲ့ Idol ဖြစ်ခဲ့တယ်လို့ဆိုခဲ့တာပါ။

“လူတိုင်းက သူ့ပုံစံအတိုင်းတုပပြီး အောင်ပွဲခံမှုတွေပြုလုပ်ခဲ့ကြတယ်။ အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်တဲ့ သူ့ကိုစံနမူနာယူဖို့ဆိုတာခက်ခဲပါတယ်။ အထူးသဖြင့်တော့ သူ့ရဲ့အရပ်အမောင်းနဲ့

ခေါင်းတိုက်ဂိုးတွေပါပဲ။ တခြားလူတွေလုပ်ရခက်တဲ့အရာတွေအများကြီးကို သူလုပ်ပြခဲ့ပေမဲ့ သူကြီးပြင်းလာတဲ့ပုံစံက ကျွန်တော့်အတွက်စံနမူနာဖြစ်မှာသေချာပါတယ်။ အာဆင်နယ်အတွက်ဆိုရင်တော့

အွန်နရီလိုမျိုးဆက်ဟောင်းကစားသမားတစ်ယောက်ကို သဘောကျခဲ့ပါတယ်။ အာဆင်နယ်နဲ့အတူကစားခွင့်စရတဲ့အချိန်မှာတော့ ဆန်းချက်ဇ်ကို သဘောကျခဲ့တယ်။ သူက ကျွန်တော်အကြိုက်ဆုံးဖြစ်ခဲ့ပါတယ်။

ငယ်ဘဝပွဲကစားခွင့်အချိန်တွေကိုမင်းဘယ်တော့မှမမေ့ဘူးလို့ထင်တယ်။ အဲဒါက မင်းနဲ့တစ်သက်လုံးရှိနေမယ့်အမှတ်တရတွေပါပဲ” လို့ ဆာကာက ဖွင့်ဟသွားခဲ့ပါတယ်။

(Zawgyi)

ဆာကာရဲ႕ ငယ္ဘ၀ Idol က ေရာ္နယ္ဒိုျဖစ္ေနတဲ့အတြက္ အာဆင္နယ္ပရိသတ္ေတြမေပ်ာ္႐ႊင္ႏိုင္ခဲ့

အာဆင္နယ္နဲ႔ အဂၤလန္ၾကယ္ပြင့္ဘူကာယိုဆာကာက သူ႔ရဲ႕ငယ္ဘဝစံျပကစားသမားဟာ GOAT ႀကီးေရာ္နယ္ဒိုျဖစ္တယ္လို႔ဖြင့္ဟလိုက္တဲ့အတြက္ ဂန္းနားပရိသတ္ေတြစိတ္ပ်က္ခဲ့ၾကပါတယ္။

အီရန္ဘက္ကို ၂ဂိုးသြင္းခဲ့တဲ့ ဆာကာဟာ ကမာၻ႔ဖလားၿပိဳင္ပြဲမွာတစ္ပြဲတည္း ၂ဂိုးနဲ႔အထက္သြင္းယူႏိုင္တဲ့ အသက္အငယ္ဆုံးအဂၤလိပ္ကစားသမားအျဖစ္မွတ္တမ္းဝင္ထားသူျဖစ္တယ္။ အသက္ ၂၁အ႐ြယ္

အာဆင္နယ္အကယ္ဒမီေက်ာင္းဆင္း ဆာကာဟာ ဒီရာသီမွာထူးရွယ္ေျခစြမ္းျပၿပီး အဂၤလန္နဲ႔အတူ ကာတာကမာၻ႔ဖလားမွာေတာက္ပခြင့္ရေနပါတယ္။ ယခုသီတင္းပတ္အေစာပိုင္းမွာေတာ့

အဂၤလန္အသင္းဝက္ဘ္ဆိုက္မွာ သူထိပ္တန္းအဆင့္ေရာက္လာျခင္းလွ်ိဳ႕ဝွက္ခ်က္ကို ဆာကာကိုယ္တိုင္ကဖြင့္ဟခဲ့ၿပီး ယူႏိုက္တက္တိုက္စစ္မႉးေဟာင္းေရာ္နယ္ဒိုက သူ႔ရဲ႕ Idol ျဖစ္ခဲ့တယ္လို႔ဆိုခဲ့တာပါ။ “လူတိုင္းက

သူ႔ပုံစံအတိုင္းတုပၿပီး ေအာင္ပြဲခံမႈေတြျပဳလုပ္ခဲ့ၾကတယ္။ အေကာင္းဆုံးကစားသမားတစ္ေယာက္ျဖစ္တဲ့ သူ႔ကိုစံနမူနာယူဖို႔ဆိုတာခက္ခဲပါတယ္။ အထူးသျဖင့္ေတာ့ သူ႔ရဲ႕အရပ္အေမာင္းနဲ႔

ေခါင္းတိုက္ဂိုးေတြပါပဲ။ တျခားလူေတြလုပ္ရခက္တဲ့အရာေတြအမ်ားႀကီးကို သူလုပ္ျပခဲ့ေပမဲ့ သူႀကီးျပင္းလာတဲ့ပုံစံက ကြၽန္ေတာ့္အတြက္စံနမူနာျဖစ္မွာေသခ်ာပါတယ္။ အာဆင္နယ္အတြက္ဆိုရင္ေတာ့

အြန္နရီလိုမ်ိဳးဆက္ေဟာင္းကစားသမားတစ္ေယာက္ကို သေဘာက်ခဲ့ပါတယ္။ အာဆင္နယ္နဲ႔အတူကစားခြင့္စရတဲ့အခ်ိန္မွာေတာ့ ဆန္းခ်က္ဇ္ကို သေဘာက်ခဲ့တယ္။ သူက ကြၽန္ေတာ္အႀကိဳက္ဆုံးျဖစ္ခဲ့ပါတယ္။

ငယ္ဘဝပြဲကစားခြင့္အခ်ိန္ေတြကိုမင္းဘယ္ေတာ့မွမေမ့ဘူးလို႔ထင္တယ္။ အဲဒါက မင္းနဲ႔တစ္သက္လုံးရွိေနမယ့္အမွတ္တရေတြပါပဲ” လို႔ ဆာကာက ဖြင့္ဟသြားခဲ့ပါတယ္။