ဆာကာနေရာမှာအစားထိုးနိုင်မယ့် ဖာကွန်ဒိုတောရက်စ်အတွက် ဒီတစ်ပတ်ထဲမှာ ဆွေးနွေးနိုင်မယ်လို့ အာဆင်နယ် ယုံကြည်

အာဆင်နယ်အသင်းဟာ စိတ်လှုပ်ရှားစရာ တောင်ပံကစားသမားတစ်ယောက်ကိုခေါ် ယူဖို့အတွက် ယခုသီတင်းပတ်အတွင်း စကားပြောဆိုမှုတွေပြုလုပ်တော့မှာဖြစ်တယ်။

နော်တင်ဟမ်ကို ၅ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဆာကာဒဏ်ရာရခဲ့ပြီးနောက် ဂန်းနား တာဝန်ရှိသူတွေဟာ ဥရုဂွေးတောင်ပံကစားသမားဖာကွန်ဒိုတောရက်စ်ကို

တောင်ပံတိုက်စစ်အတွက် ပစ်မှတ်ထားလာတာဖြစ်တယ်။ အသက် ၂၂နှစ်အရွယ် တောရက်စ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီစျေးကွက်အတွင်းမှာ ဥရုဂွေးကလပ် ပင်နဲရိုးကနေ

ပေါင် ၇.၈သန်းနဲ့ မေဂျာလိဂ်ကလပ် အော်လန်ဒိုစီးတီးအသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ် တယ်။ အာဆင်နယ်ကင်းထောက်ဖြစ်တဲ့ တိုနီလီမာဟာ ပြီးခဲ့တဲ့နွေရာသီကတည်းက

ဖာကွန်တောရက်စ်ကို စောင့်ကြည့်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဂန်းနားနည်းစနစ်ဒါရိုက်တာအီဒူးဟာ ကစားသမားရဲ့ရှေ့နေအဖွဲ့ဝင်တွေနဲ့ထိပ်တိုက်တွေ့ဆုံသွားတော့မှ

ာဖြစ်တယ်လို့ GOAL ကဖော်ပြခဲ့ပါတယ်။ ဥရုဂွေး တောင်ပံကစားသမားဟာ အော်လန်ဒိုစီးတီးအတွက် မေဂျာလိဂ် ၃၃ပွဲ ပါဝင်ကစားပေးခဲ့ပြီး သွင်းဂိုး ၉ဂိုးနဲ့

ဂိုးဖန်တီးမှု ၈ကြိမ်ပြုလုပ်ထားနိုင်သူဖြစ်တယ်။ စက်တင်ဘာလအတွင်း US Open Cup ချန်ပီယံဆုကိုဆွတ်ခူးခဲ့ပြီးနောက် အော်လန်ဒိုစီးတီးနည်းစနစ်ဒါရိုက်တာ

ရီကာဒိုမိုရီရာက “ဖာကွန်ဒိုရဲ့တိုးတက်မှု၊ လိဂ်အပေါ်နားလည်နိုင်မှု၊ လိုအပ်တဲ့ရုပ်ပိုင်းဆိုင်ရာနဲ့ အမြန်နှုန်းတွေကိုနားလည်နိုင်မှုကအံ့အားသင့်စရာပါ။

ကောင်းကင်က အကန့်အသတ်နဲ့ပေးထားတဲ့ ကစားသမားအမျိုးအစားပါပဲ။ သူ့ဆီက နောက်ထပ်လာစရာတွေရှိနေသေးသလို ဖာကွန်ဒိုနဲ့အချိန်တစ်ခုထိလက်တွဲနိုင်မယ်

လို့ထင်ပါတယ်။ သူ့အတွက်ရင်းနှီးမြုပ်နှံပေးခဲ့တဲ့ Wilf မိသားစုကိုကျေးဇူးတင်ပါတယ်” လို့ ပြောဆိုထားပါတယ်။

(Zawgyi)

ဆာကာေနရာမွာအစားထိုးႏိုင္မယ့္ ဖာကြန္ဒိုေတာရက္စ္အတြက္ ဒီတစ္ပတ္ထဲမွာ ေဆြးေႏြးႏိုင္မယ္လို႔ အာဆင္နယ္ ယုံၾကည္

အာဆင္နယ္အသင္းဟာ စိတ္လႈပ္ရွားစရာေတာင္ပံကစားသမားတစ္ေယာက္ကိုေခၚ ယူဖို႔အတြက္ ယခုသီတင္းပတ္အတြင္းစကားေျပာဆိုမႈေတြျပဳလုပ္ေတာ့မွာျဖစ္တယ္။

ေနာ္တင္ဟမ္ကို ၅ဂိုးျပတ္အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ ဆာကာဒဏ္ရာရခဲ့ၿပီးေနာက္ ဂန္းနား တာဝန္ရွိသူေတြဟာ ဥ႐ုေဂြးေတာင္ပံကစားသမားဖာကြန္ဒိုေတာရက္စ္ကို ေတာင္ပံတိုက္စစ္အတြက္

ပစ္မွတ္ထားလာတာျဖစ္တယ္။ အသက္ ၂၂ႏွစ္အ႐ြယ္ ေတာရက္စ္ဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီေစ်းကြက္အတြင္းမွာ ဥ႐ုေဂြးကလပ္ ပင္နဲ႐ိုးကေန ေပါင္ ၇.၈သန္းနဲ႔

ေမဂ်ာလိဂ္ကလပ္ေအာ္လန္ဒိုစီးတီးအသင္းကို ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ တယ္။ အာဆင္နယ္ကင္းေထာက္ျဖစ္တဲ့ တိုနီလီမာဟာ ၿပီးခဲ့တဲ့ေႏြရာသီကတည္းက

ဖာကြန္ေတာရက္စ္ကိုေစာင့္ၾကည့္ခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ ဂန္းနားနည္းစနစ္ဒါ႐ိုက္တာအီဒူးဟာ ကစားသမားရဲ႕ေရွ႕ေနအဖြဲ႕ဝင္ေတြနဲ႔

ထိပ္တိုက္ေတြ႕ဆုံသြားေတာ့မွာျဖစ္တယ္လို႔ GOAL ကေဖာ္ျပခဲ့ပါတယ္။ ဥ႐ုေဂြးေတာင္ပံကစားသမားဟာ ေအာ္လန္ဒိုစီးတီးအတြက္ ေမဂ်ာလိဂ္ ၃၃ပြဲ ပါဝင္ကစားေပးခဲ့ၿပီ

း သြင္းဂိုး ၉ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၈ႀကိမ္ျပဳလုပ္ထားႏိုင္သူျဖစ္တယ္။ စက္တင္ဘာလအတြင္း US Open Cup ခ်န္ပီယံဆုကိုဆြတ္ခူးခဲ့ၿပီးေနာက္ ေအာ္လန္ဒိုစီးတီးနည္းစနစ္ဒါ႐ိုက္တာ

ရီကာဒိုမိုရီရာက “ဖာကြန္ဒိုရဲ႕တိုးတက္မႈ၊ လိဂ္အေပၚနားလည္ႏိုင္မႈ၊ လိုအပ္တဲ့႐ုပ္ပိုင္းဆိုင္ရာနဲ႔ အျမန္ႏႈန္းေတြကိုနားလည္ႏိုင္မႈကအံ့အားသင့္စရာပါ။

ေကာင္းကင္ကအကန႔္အသတ္နဲ႔ေပးထားတဲ့ ကစားသမားအမ်ိဳးအစားပါပဲ။ သူ႔ဆီက ေနာက္ထပ္လာစရာေတြရွိေနေသးသလို ဖာကြန္ဒိုနဲ႔အခ်ိန္တစ္ခုထိလက္တြဲႏိုင္မယ္ လို႔ထင္ပါတယ္။

သူ႔အတြက္ရင္းႏွီးျမဳပ္ႏွံေပးခဲ့တဲ့ Wilf မိသားစုကိုေက်းဇူးတင္ပါတယ္” လို႔ ေျပာဆိုထားပါတယ္။