ဆာကာကို လစာတိုးပေးပြီး စာချုပ်သစ်ချုပ်ဆိုဖို့ အာဆင်နယ် စတင်ဆွေးနွေး

အာဆင်နယ်အသင်းဟာ အဓိကကစားသမားတစ်ဦးအဖြစ်

ခြေစွမ်းပြနေတဲ့ တောင်ပံကစားသမား ဆာကာကို
လစာတိုးပေးပြီး စာချုပ်သစ်ချုပ်ဆိုနိုင်ရေးအတွက်
စတင်ဆွေးနွေးနေပြီဖြစ်ပါတယ်။
အသက် ၂၀ အရွယ်ရှိ အင်္ဂလန်လက်ရွေးစင် ဆာကာဟာ
အာဆင်နယ်ကစားသမားဘ၀ အကောင်းဆုံးရာသီကို

ဖြတ်သန်းနေပြီး ဗီလာကို ၁-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ
ယခုရာသီ သူ့ရဲ့ ၉ဂိုးမြောက်ပရီးမီးယားလိဂ်သွင်ဂိုးအဖြစ်
တစ်လုံးတည်းသောအနိုင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
Athletic သတင်းဌာနရဲ့ဖော်ပြချက်အရ
ဆာကာကို လစာတိုးပေးပြီး စာချုပ်သစ်ချုပ်ဆိုဖို့အတွက်

ကနဦးဆွေးနွေးမှုတွေ ပြုလုပ်နေပြီဖြစ်ကြောင်း သိရပါတယ်။
၂၀၂၀ ခုနှစ်က နောက်ဆုံးအကြိမ် အသင်းနဲ့ စာချုပ်သစ်
ချုပ်ဆိုခဲ့တဲ့ ဆာကာဟာ ၂၀၂၃ နွေရာသီမှာ စာချုပ်သက်တမ်း
ကုန်ဆုံးလိမ့်မယ်လို့ သတင်းတွေက ရေးသားဖော်ပြနေပါတယ်။
အာဆင်နယ်ဟာ ဆာကာကို နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့်

ရရှိထားပြီး တကယ်လို့ ယခုဆွေးနွေးမှုတွေ အဆင်မပြေဖြစ်ခဲ့ရင်
အဲဒီအချက်ကို အတည်ပြုဖွယ်ရှိနေပါတယ်။
ဆာကာ ခြေစွမ်းပြလာပြီးနောက် အာဆင်နယ်အသင်းက
သူ့ကို တခြားအသင်းတွေက သတိမထားမိလာခင်
အမြန်ဆုံးစာချုပ်သစ်ချုပ်ဆိုချင်နေပြီး စာချုပ်သစ်အတွက်

ဆွေးနွေးမှုမှာ အာဆင်နယ်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်
ရ မရအပေါ်မူတည်က လစာလည်း သက်ရောက်မှုရှိလာနိုင်ပါတယ်။
ဆာကာဟာ အာဆင်နယ်အကယ်ဒမီကနေ
ထွက်ပေါ်လာပြီးနောက် ၂၀၁၉ ဇန်နဝါရီလက
ဖူလ်ဟမ်ကို ၄-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ သူ့ရဲ့

ပထမဆုံးပရီးမီးယားလိဂ်ပွဲအဖြစ် လူစားဝင်ကစားခွင့်ရခဲ့ပါတယ်။
သူဟာ အသင်းအတွက် စုစုပေါင်း ၁၂၁ ပွဲကစားထားတဲ့အနက်
၂၁ ဂိုးသွင်းယူထားပြီး အင်္ဂလန်အသင်းမှာလည်း
ပုံမှန်ပွဲထွက်ခွင့်ရသူအဖြစ် ပါဝင်ခွင့်ရနေပါတယ်။

Zawgyi

ဆာကာကို လစာတုိးေပးၿပီး စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ အာဆင္နယ္ စတင္ေဆြးေႏြး
အာဆင္နယ္အသင္းဟာ အဓိကကစားသမားတစ္ဦးအျဖစ္
ေျခစြမ္းျပေနတဲ့ ေတာင္ပံကစားသမား ဆာကာကို

လစာတုိးေပးၿပီး စာခ်ဳပ္သစ္ခ်ဳပ္ဆုိႏိုင္ေရးအတြက္
စတင္ေဆြးေႏြးေနၿပီျဖစ္ပါတယ္။
အသက္ ၂၀ အရြယ္ရွိ အဂၤလန္လက္ေရြးစင္ ဆာကာဟာ
အာဆင္နယ္ကစားသမားဘ၀ အေကာင္းဆုံးရာသီကို
ျဖတ္သန္းေနၿပီး ဗီလာကို ၁-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ

ယခုရာသီ သူ႕ရဲ႕ ၉ဂိုးေျမာက္ပရီးမီးယားလိဂ္သြင္ဂိုးအျဖစ္
တစ္လုံးတည္းေသာအႏိုင္ဂိုး သြင္းယူႏုိင္ခဲ့ပါတယ္။
Athletic သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ
ဆာကာကို လစာတုိးေပးၿပီး စာခ်ဳပ္သစ္ခ်ဳပ္ဆုိဖို႔အတြက္
ကနဦးေဆြးေႏြးမႈေတြ ျပဳလုပ္ေနၿပီျဖစ္ေၾကာင္း သိရပါတယ္။

၂၀၂၀ ခုနွစ္က ေနာက္ဆုံးအႀကိမ္ အသင္းနဲ႔ စာခ်ဳပ္သစ္
ခ်ဳပ္ဆုိခဲ့တဲ့ ဆာကာဟာ ၂၀၂၃ ေႏြရာသီမွာ စာခ်ဳပ္သက္တမ္း
ကုန္ဆုံးလိမ့္မယ္လုိ႔ သတင္းေတြက ေရးသားေဖာ္ျပေနပါတယ္။
အာဆင္နယ္ဟာ ဆာကာကို ေနာက္ထပ္တစ္ႏွစ္သက္တမ္းတုိးခြင့္
ရရွိထားၿပီး တကယ္လုိ႔ ယခုေဆြးေႏြးမႈေတြ အဆင္မေျပျဖစ္ခဲ့ရင္

အဲဒီအခ်က္ကို အတည္ျပဳဖြယ္ရွိေနပါတယ္။
ဆာကာ ေျခစြမ္းျပလာၿပီးေနာက္ အာဆင္နယ္အသင္းက
သူ႕ကို တျခားအသင္းေတြက သတိမထားမိလာခင္
အျမန္ဆုံးစာခ်ဳပ္သစ္ခ်ဳပ္ဆုိခ်င္ေနၿပီး စာခ်ဳပ္သစ္အတြက္
ေဆြးေႏြးမႈမွာ အာဆင္နယ္အသင္း ခ်န္ပီယံလိဂ္၀င္ခြင့္

ရ မရအေပၚမူတည္က လစာလည္း သက္ေရာက္မႈရွိလာႏိုင္ပါတယ္။
ဆာကာဟာ အာဆင္နယ္အကယ္ဒမီကေန
ထြက္ေပၚလာၿပီးေနာက္ ၂၀၁၉ ဇန္န၀ါရီလက
ဖူလ္ဟမ္ကို ၄-၁ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ သူ႕ရဲ႕
ပထမဆုံးပရီးမီးယားလိဂ္ပြဲအျဖစ္ လူစား၀င္ကစားခြင့္ရခဲ့ပါတယ္။

သူဟာ အသင္းအတြက္ စုစုေပါင္း ၁၂၁ ပြဲကစားထားတဲ့အနက္
၂၁ ဂိုးသြင္းယူထားၿပီး အဂၤလန္အသင္းမွာလည္း
ပုံမွန္ပြဲထြက္ခြင့္ရသူအျဖစ္ ပါ၀င္ခြင့္ရေနပါတယ္။