
အခုချိန်မှာ ပွဲကြိုဆရာတစ်ယောက်လည်းဖြစ်နေတဲ့ လီဗာပူးနဲ့မန်ယူ
တိုက်စစ်မှုးဟောင်း မိုက်ကယ်အိုဝင်ဟာ ဒီရာသီဘောက်ဆင်ဒေးပွဲစဉ်အတွက်
သူ့ရဲ့ခန့်မှန်းမှုတွေကို ဖော်ပြလိုက်ပါတယ်။
ဒီနှစ်ဘောက်ဆင်ဒေးမှာတော့ ကိုဗစ်ကြောင့် ပွဲတွေအပြည့်အဝ
ကစားနိုင်မှာ မဟုတ်ဘဲ ၁၀ ပွဲမှာ ၃ ပွဲရွှေ့ဆိုင်းခဲ့ရတာပါ။
ဘန်လေ-အဲဗာတန်၊ လီဗာပူး-လိဒ်နဲ့ ဝုဗ်-ဝက်ဖို့ဒ်ပွဲတွေဟာ ကိုဗစ်ကြောင့်
ဘောက်ဆင်ဒေးမှာ မကစားဖြစ်တော့ပါဘူး။
ဒါပေမဲ့လည်း အသင်းကြီး ၆ သင်းမှာ ၅ သင်းကစားဦးမှာဖြစ်ကာ
အသင်းကြီးတွေရဲ့ပွဲတွေကို အိုဝင်က အခုလို သုံးသပ်ခဲ့ပါတယ်။
နယူးကာဆယ်-မန်ယူပွဲနဲ့ပတ်သက်လို့ အိုဝင်က”ဒီပွဲက ကျွန်တော့်ရဲ့
ဖေးဘရိတ်ပွဲတွေထဲက တစ်ပွဲပါ။ ဒီပွဲအတွက် စိန့်ဂျိမ်းစ်ပါ့ခ်မှာ
ဆူညံတဲ့အသံတွေကြားရလိမ့်ဦးမယ်။ နယူးကာဆယ်ကတော့ အထူးသဖြင့်
နောက်တန်းမှာ ဆက်လက်ရုန်းကန်ရဖို့ ရှိတယ်။ တစ်ရာသီလုံးမှာ
ကျွန်တော်ပြောခဲ့သလိုပဲ ဒီအသင်းနဲ့ပတ်သက်လို့ ဂိုးမရမှာကို
ကျွန်တော် မပူပါဘူး။ ဝီလ်ဆင်လို ဂိုးသွင်းကောင်းသူတစ်ယောက်ရှိနေလို့
ဖြစ်ပေမယ့် ခံစစ်ပိုင်းကတော့ သူတို့ တိုးတက်ဖို့ လိုအပ်ပါတယ်။
မန်ယူဘယ်လိုကစားမလဲဆိုတာကိုပဲ ကျွန်တော်အရမ်းစိတ်ဝင်စားမိတာပါ။
နည်းပြသစ်ရောက်လာတာဆိုတော့ သူတို့ကစားပုံမှာ အပြောင်းအလဲအချို့ရှိခဲ့ပါတယ်။
အိမ်ရှင်အားကြောင့် နယူးကာဆယ်ဂိုးသွင်းမယ်လို့ ကျွန်တော်မြင်နိုင်ပေမယ့်
သူတို့နောက်တန်းကိုတော့ ကျွန်တော်မယုံကြည်ပါဘူး။
မန်ယူ ၂-၁ နဲ့နိုင်မှာပါ”လို့ သုံးသပ်ခဲ့ပါတယ်။
နော်ဝစ်ချ်နဲ့အာဆင်နယ်တို့ရဲ့ပွဲမှာတော့ ၂-၀ နဲ့ အာဆင်နယ်
သာသာယာယာနိုင်မယ်လို့ အိုဝင်က ခန့်မှန်းခဲ့တာပါ။
ဗီလာနဲ့ချဲလ်ဆီးတို့ရဲ့ပွဲမှာတော့ တူချယ်ရဲ့အသင်းဟာ
ဒီရာသီရဲ့အဆိုးဆုံးအခြေအနေရောက်နေလို့ ၁-၁ သရေနဲ့
ပြီးမယ်လို့ အိုဝင်က ခန့်မှန်းပါတယ်။
ဘွတ်ကီဒိုင်တစ်ခုဖြစ်တဲ့ BetVictor အတွက် သူ့ရဲ့ပွဲကြိုခန့်မှန်းမှုတွေမှာ
ကျန်ပွဲတွေအတွက် အိုဝင်က အခုလို ခန့်မှန်းခဲ့ပါတယ်။
ဝက်စ်ဟမ်း ၂-၁ ဆောက်သမ်တန်၊ စပါး ၂-၀ ပဲလေ့စ်၊
မန်စီးတီး ၄-၁ လက်စတာ နဲ့ ဘရိုက်တန် ၁-၀ ဘရန့်ဖို့ဒ်တို့ပါ။
zawgyi
ဆရာႀကီးမိုက္ကယ္အိုဝင္ရဲ႕ေဘာက္ဆင္ေဒးပြဲစဥ္ ခန႔္မွန္းမႈ
အခုခ်ိန္မွာ ပြဲႀကိဳဆရာတစ္ေယာက္လည္းျဖစ္ေနတဲ့ လီဗာပူးနဲ႔မန္ယူ
တိုက္စစ္မႈးေဟာင္း မိုက္ကယ္အိုဝင္ဟာ ဒီရာသီေဘာက္ဆင္ေဒးပြဲစဥ္အတြက္
သူ႔ရဲ႕ခန႔္မွန္းမႈေတြကို ေဖာ္ျပလိုက္ပါတယ္။
ဒီႏွစ္ေဘာက္ဆင္ေဒးမွာေတာ့ ကိုဗစ္ေၾကာင့္ ပြဲေတြအျပည့္အဝ
ကစားႏိုင္မွာ မဟုတ္ဘဲ ၁၀ ပြဲမွာ ၃ ပြဲေ႐ႊ႕ဆိုင္းခဲ့ရတာပါ။
ဘန္ေလ-အဲဗာတန္၊ လီဗာပူး-လိဒ္နဲ႔ ဝုဗ္-ဝက္ဖို႔ဒ္ပြဲေတြဟာ ကိုဗစ္ေၾကာင့္
ေဘာက္ဆင္ေဒးမွာ မကစားျဖစ္ေတာ့ပါဘူး။
ဒါေပမဲ့လည္း အသင္းႀကီး ၆ သင္းမွာ ၅ သင္းကစားဦးမွာျဖစ္ကာ
အသင္းႀကီးေတြရဲ႕ပြဲေတြကို အိုဝင္က အခုလို သုံးသပ္ခဲ့ပါတယ္။
နယူးကာဆယ္-မန္ယူပြဲနဲ႔ပတ္သက္လို႔ အိုဝင္က”ဒီပြဲက ကြၽန္ေတာ့္ရဲ႕
ေဖးဘရိတ္ပြဲေတြထဲက တစ္ပြဲပါ။ ဒီပြဲအတြက္ စိန႔္ဂ်ိမ္းစ္ပါ့ခ္မွာ
ဆူညံတဲ့အသံေတြၾကားရလိမ့္ဦးမယ္။ နယူးကာဆယ္ကေတာ့ အထူးသျဖင့္
ေနာက္တန္းမွာ ဆက္လက္႐ုန္းကန္ရဖို႔ ရွိတယ္။ တစ္ရာသီလုံးမွာ
ကြၽန္ေတာ္ေျပာခဲ့သလိုပဲ ဒီအသင္းနဲ႔ပတ္သက္လို႔ ဂိုးမရမွာကို
ကြၽန္ေတာ္ မပူပါဘူး။ ဝီလ္ဆင္လို ဂိုးသြင္းေကာင္းသူတစ္ေယာက္ရွိေနလို႔
ျဖစ္ေပမယ့္ ခံစစ္ပိုင္းကေတာ့ သူတို႔ တိုးတက္ဖို႔ လိုအပ္ပါတယ္။
မန္ယူဘယ္လိုကစားမလဲဆိုတာကိုပဲ ကြၽန္ေတာ္အရမ္းစိတ္ဝင္စားမိတာပါ။
နည္းျပသစ္ေရာက္လာတာဆိုေတာ့ သူတို႔ကစားပုံမွာ အေျပာင္းအလဲအခ်ိဳ႕ရွိခဲ့ပါတယ္။
အိမ္ရွင္အားေၾကာင့္ နယူးကာဆယ္ဂိုးသြင္းမယ္လို႔ ကြၽန္ေတာ္ျမင္ႏိုင္ေပမယ့္
သူတို႔ေနာက္တန္းကိုေတာ့ ကြၽန္ေတာ္မယုံၾကည္ပါဘူး။
မန္ယူ ၂-၁ နဲ႔ႏိုင္မွာပါ”လို႔ သုံးသပ္ခဲ့ပါတယ္။
ေနာ္ဝစ္ခ်္နဲ႔အာဆင္နယ္တို႔ရဲ႕ပြဲမွာေတာ့ ၂-၀ နဲ႔ အာဆင္နယ္
သာသာယာယာႏိုင္မယ္လို႔ အိုဝင္က ခန႔္မွန္းခဲ့တာပါ။
ဗီလာနဲ႔ခ်ဲလ္ဆီးတို႔ရဲ႕ပြဲမွာေတာ့ တူခ်ယ္ရဲ႕အသင္းဟာ
ဒီရာသီရဲ႕အဆိုးဆုံးအေျခအေနေရာက္ေနလို႔ ၁-၁ သေရနဲ႔
ၿပီးမယ္လို႔ အိုဝင္က ခန႔္မွန္းပါတယ္။
ဘြတ္ကီဒိုင္တစ္ခုျဖစ္တဲ့ BetVictor အတြက္ သူ႔ရဲ႕ပြဲႀကိဳခန႔္မွန္းမႈေတြမွာ
က်န္ပြဲေတြအတြက္ အိုဝင္က အခုလို ခန႔္မွန္းခဲ့ပါတယ္။
ဝက္စ္ဟမ္း ၂-၁ ေဆာက္သမ္တန္၊ စပါး ၂-၀ ပဲေလ့စ္၊
မန္စီးတီး ၄-၁ လက္စတာ နဲ႔ ဘ႐ိုက္တန္ ၁-၀ ဘရန႔္ဖို႔ဒ္တို႔ပါ။