ဆရာကိုတောင် အထာမထားတဲ့ ဂျရတ်

ဆရာထက် တပည့်ကပိုပြီးလက်စောင်း ထက်တယ်ဆိုတဲ့စကားက

ဗီလာနည်းပြ စတီဗင်ဂျရတ်အတွက်ဖြစ်သွားပြီလို့ဆိုရင် မှား မယ်မထင်ပါဘူး။

မနေ့ညက အက်စ်တွန်ဗီလာက လက်စတာကို ၂-၁ နဲ့အနိုင်ရခဲ့ပြီးနောက်

ဂျရတ်ရဲ့အစွမ်းအစဘယ်လိုလဲဆို တာကို လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာ

တစ်ယောက်သိသွားလောက်ပါပြီ။ ရော်ဂျာဟာ လီဗာပူးကိုနည်းပြတုန်းက

ဂျရတ် ဆိုတာအသင်းသားတစ်ယောက်အဖြစ်သာရှိခဲ့တာပါ။

လီဗာပူးဟာ ၂၀၁၅ တုန်းက ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကိုရယူနိုင်လုနီး ပါးဖြစ်ခဲ့ပြီး

ဂျရတ်ရဲ့ခြေချော်မှုကြောင့် ချဲလ်ဆီးအသင်းကချန်ပီယံဖြစ်သွားတာပါ။

အခုတော့ ဆရာကလည်းနည်းပြအဖြစ်ဆက် ရှိ၊ တပည့်ဖြစ်သူ ဂျရတ်ကလည်း

နည်းပြလောကထဲဝင်လာတော့ တစ်ခရီးတည်းသွားနေသူတွေဆိုတော့

တစ်ကွေ့မဟုတ်တစ် ကွေ့တွေ့ကြတာပေါ့။

ဒါပေမယ့် ဆရာဖြစ်သူက တပည့်ကိုမကျော်နိုင်ခဲ့ဘဲ

သူတို့နှစ်ယောက်နည်းပြဘဝ ထိပ်တိုက်တွေ့ခဲ့တဲ့ ၃ ကြိမ်မှာ

တပည့်က ၂ ကြိမ်နိုင်သွားပြီးပါပြီ။ ဒီပွဲမှာ လက်စတာက ဦးဆောင်ဂိုးရပြီးမှ

ဗီလာက ချေပဂိုးနဲ့အနိုင်ဂိုးတွေသွင်းနိုင်ခဲ့ တာပါ။ ရော်ဂျာက

ဆဲလ်တစ်၊ ဂျရတ်က ရိန်းဂျားစ်ကိုကိုင်တွယ်တဲ့အချိန်မှာ သူတို့တွေ့တာ ၂ ကြိမ်၊

အခု ပရီးမီးယားလိဂ်မှာပြန်တွေ့ တော့ တစ်ကြိမ် စုစုပေါင်း ၃ ကြိမ်ပါ။

ဒီ ၃ ကြိမ်မှာဂျရတ်က ၂ ကြိမ်နိုင်ခဲ့တာပါ။ နောက်ထပ်ထူးခြားချက်က

ရော်ဂျာဟာသူ့နည်း ပြဘဝမှာဗီလာနဲ့အဝေးကွင်းရင်ဆိုင်ရတိုင်း

နိုင်ပွဲရတယ်ဆိုတဲ့ မှတ်တမ်းကောင်းက တပည့်ဖြစ်သူနဲ့အတွေ့မှာ

ရပ်တန့်သွားခဲ့တာ ပါဘဲ။ ဂျရတ်ဟာနည်းပြဘဝမှာ အချိန်တိုအတွင်း

လုပ်ပြနိုင်စွမ်းရှိသူဖြစ်ပြီး ရိန်းဂျားစ်အသင်းဟာလည်း သူ့လက်ထက်မှာ

တိုး တက်ခဲ့သလို ဗီလာကို ပရီးမီးယားလိဂ်၄ ပွဲကိုင်တွယ်ခဲ့ရာမှာ

၃ ပွဲအထိနိုင်ခဲ့ပါတယ်။ ဒါဟာသူ့လိုနည်းပြဘဝကို ခြေ စလှမ်းတာ

မကြာသေးတဲ့သူအတွက် အားရစရာကောင်းတဲ့ မှတ်တမ်းလည်းဖြစ်ပါတယ်။

ဂျရတ်ဟာသူ့ဆရာဟောင်းနဲ့တွေ့ပြီး တဲ့နောက် လာမယ့်စနေနေ့မှာ

သူ့အသင်းဟောင်းနဲ့ ဆုံရပါဦးမယ်။ သူဟာ ဗီလာကိုဦးဆောင်ပြီး

လီဗာပူးကိုအဝေးကွင်းသွားရင် ဆိုင်ရမှာပါ။ လီဗာပူးဆိုတာ

သူ့ကစားသမားဘဝတစ်လျှောက်လုံးကုန်ဆုံးခဲ့တဲ့နေရာဖြစ်ပြီး ၁၇ နှစ်ကြာနေခဲ့ကာ

ဂျရတ်နာမည် ကိုထူထောင်နိုင်ခဲ့တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။

ဒီတော့ ဆရာဟောင်းကိုတော့ကျော်နိုင်ခဲ့ပြီးချိန်မှ အသင်းဟောင်းကိုလည်း

ကျော်နိုင်ဦးမလားဆိုတာ ဆက်ပြီးစောင့်ကြည့်သွားရမှာပါ။

zawgyi

ဆရာကိုေတာင္ အထာမထားတဲ့ ဂ်ရတ္

ဆရာထက္ တပည့္ကပိုၿပီးလက္ေစာင္း ထက္တယ္ဆိုတဲ့စကားက

ဗီလာနည္းျပ စတီဗင္ဂ်ရတ္အတြက္ျဖစ္သြားၿပီလို႔ဆိုရင္ မွား မယ္မထင္ပါဘူး။

မေန႔ညက အက္စ္တြန္ဗီလာက လက္စတာကို ၂-၁ နဲ႔အႏိုင္ရခဲ့ၿပီးေနာက္

ဂ်ရတ္ရဲ႕အစြမ္းအစဘယ္လိုလဲဆို တာကို လက္စတာနည္းျပ ဘရန္ဒန္ေရာ္ဂ်ာ

တစ္ေယာက္သိသြားေလာက္ပါၿပီ။ ေရာ္ဂ်ာဟာ လီဗာပူးကိုနည္းျပတုန္းက

ဂ်ရတ္ ဆိုတာအသင္းသားတစ္ေယာက္အျဖစ္သာရွိခဲ့တာပါ။

လီဗာပူးဟာ ၂၀၁၅ တုန္းက ပရီးမီးယားလိဂ္ခ်န္ပီယံဘြဲ႕ကိုရယူႏိုင္လုနီး ပါးျဖစ္ခဲ့ၿပီး

ဂ်ရတ္ရဲ႕ေျခေခ်ာ္မႈေၾကာင့္ ခ်ဲလ္ဆီးအသင္းကခ်န္ပီယံျဖစ္သြားတာပါ။

အခုေတာ့ ဆရာကလည္းနည္းျပအျဖစ္ဆက္ ရွိ၊ တပည့္ျဖစ္သူ ဂ်ရတ္ကလည္း

နည္းျပေလာကထဲဝင္လာေတာ့ တစ္ခရီးတည္းသြားေနသူေတြဆိုေတာ့

တစ္ေကြ႕မဟုတ္တစ္ ေကြ႕ေတြ႕ၾကတာေပါ့။

ဒါေပမယ့္ ဆရာျဖစ္သူက တပည့္ကိုမေက်ာ္ႏိုင္ခဲ့ဘဲ

သူတို႔ႏွစ္ေယာက္နည္းျပဘဝ ထိပ္တိုက္ေတြ႕ခဲ့တဲ့ ၃ ႀကိမ္မွာ

တပည့္က ၂ ႀကိမ္ႏိုင္သြားၿပီးပါၿပီ။ ဒီပြဲမွာ လက္စတာက ဦးေဆာင္ဂိုးရၿပီးမွ

ဗီလာက ေခ်ပဂိုးနဲ႔အႏိုင္ဂိုးေတြသြင္းႏိုင္ခဲ့ တာပါ။ ေရာ္ဂ်ာက

ဆဲလ္တစ္၊ ဂ်ရတ္က ရိန္းဂ်ားစ္ကိုကိုင္တြယ္တဲ့အခ်ိန္မွာ သူတို႔ေတြ႕တာ ၂ ႀကိမ္၊

အခု ပရီးမီးယားလိဂ္မွာျပန္ေတြ႕ ေတာ့ တစ္ႀကိမ္ စုစုေပါင္း ၃ ႀကိမ္ပါ။

ဒီ ၃ ႀကိမ္မွာဂ်ရတ္က ၂ ႀကိမ္ႏိုင္ခဲ့တာပါ။ ေနာက္ထပ္ထူးျခားခ်က္က

ေရာ္ဂ်ာဟာသူ႔နည္း ျပဘဝမွာဗီလာနဲ႔အေဝးကြင္းရင္ဆိုင္ရတိုင္း

ႏိုင္ပြဲရတယ္ဆိုတဲ့ မွတ္တမ္းေကာင္းက တပည့္ျဖစ္သူနဲ႔အေတြ႕မွာ

ရပ္တန႔္သြားခဲ့တာ ပါဘဲ။ ဂ်ရတ္ဟာနည္းျပဘဝမွာ အခ်ိန္တိုအတြင္း

လုပ္ျပႏိုင္စြမ္းရွိသူျဖစ္ၿပီး ရိန္းဂ်ားစ္အသင္းဟာလည္း သူ႔လက္ထက္မွာ

တိုး တက္ခဲ့သလို ဗီလာကို ပရီးမီးယားလိဂ္၄ ပြဲကိုင္တြယ္ခဲ့ရာမွာ

၃ ပြဲအထိႏိုင္ခဲ့ပါတယ္။ ဒါဟာသူ႔လိုနည္းျပဘဝကို ေျခ စလွမ္းတာ

မၾကာေသးတဲ့သူအတြက္ အားရစရာေကာင္းတဲ့ မွတ္တမ္းလည္းျဖစ္ပါတယ္။

ဂ်ရတ္ဟာသူ႔ဆရာေဟာင္းနဲ႔ေတြ႕ၿပီး တဲ့ေနာက္ လာမယ့္စေနေန႔မွာ

သူ႔အသင္းေဟာင္းနဲ႔ ဆုံရပါဦးမယ္။ သူဟာ ဗီလာကိုဦးေဆာင္ၿပီး

လီဗာပူးကိုအေဝးကြင္းသြားရင္ ဆိုင္ရမွာပါ။ လီဗာပူးဆိုတာ

သူ႔ကစားသမားဘဝတစ္ေလွ်ာက္လုံးကုန္ဆုံးခဲ့တဲ့ေနရာျဖစ္ၿပီး ၁၇ ႏွစ္ၾကာေနခဲ့ကာ

ဂ်ရတ္နာမည္ ကိုထူေထာင္ႏိုင္ခဲ့တဲ့ေနရာတစ္ခုလည္းျဖစ္ပါတယ္။

ဒီေတာ့ ဆရာေဟာင္းကိုေတာ့ေက်ာ္ႏိုင္ခဲ့ၿပီးခ်ိန္မွ အသင္းေဟာင္းကိုလည္း

ေက်ာ္ႏိုင္ဦးမလားဆိုတာ ဆက္ၿပီးေစာင့္ၾကည့္သြားရမွာပါ။