ဆရာကိုကုလားထိုင်နဲ့ပေါက်ခဲ့ပြီး အနိုင်ကျင့်ခံရလွန်းတာကြောင့် ဘောလုံးသမား ဘ၀ကိုစွန့်လွှတ်ဖို့အထိစဉ်းစားခဲ့တဲ့ ရော်နယ်ဒို

ယခုလအစောပိုင်းမှာထွက်ရှိခဲ့တဲ့ Messi vs Ronaldo စာအုပ်သစ်ထဲမှာတော့ ရော်နယ်ဒိုဟာ သူ့ရဲ့ဆယ်ကျော်သက် ကစားသမားဘ၀ အခက်အခဲတွေကို ထည့်သွင်းရေးသားခဲ့ပါတယ်။

သူအနေနဲ့ ၂၀၀၃ခုနှစ်အတွင်း မန်ယူကိုမပြောင်းရွှေ့ခင်မှာ ဘောလုံးသမားဘ၀ကို စွန့်လွှတ်ဖို့အထိ စဉ်းစားခဲ့တယ်လို့ GOAT ကြီးကဆိုခဲ့ပါတယ်။ ရော်နယ်ဒိုဟာ

သူ့ရဲ့စာအုပ်သစ်ထဲမှာ စပို့တင်းကစားသမားဘ၀အစပြုမှုတွေကို အစဆွဲထုတ်ဖို့ အဓိကရည်ရွယ်ခဲ့ပြီး ငယ်ငယ်က အနိုင်ကျင့်ခံရလွန်းတာတွေကိုထည့် သွင်းဖော်ပြခဲ့ပါတယ်။

ကျောင်းတော်ကြီးဖြစ်တဲ့ စပို့တင်းအကယ်ဒမီမှာတော့ ရော်နယ်ဒိုဟာ သူ့ရဲ့ Madeiran လေယူလေသိမ်းကြောင့် အခြားသောကလေးငယ်တွေရဲ့ လှောင်ပြောင်ခြင်းခံခဲ့ရပါတယ်။

ဒါ့အပြင် မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေကိုလွမ်းဆွတ်ခဲ့တဲ့ ရော်နယ်ဒိုဟာညတိုင်းနီးပါးငို ခဲ့ရတာဖြစ်တယ်။ မကြာခဏဆိုသလို အခြားကလေးငယ်တွေနဲ့ရန်ဖြစ်လေ့ရှိပြီး

စိတ်ခံစားချက်ကိုထိန်းချူပ်မှုအားနည်းခဲ့ပါတယ်။ တစ်ခါတုန်းက သူ့ရဲ့စကားပြောဆိုပုံကို လှောင်ပြောင်ခဲ့တဲ့ ဆရာတစ်ယောက်ကို ရော်နယ်ဒိုက ကုလားထိုင်နဲ့ပစ်ပေါက်ခဲ့ပြီး

ကလေးတွေနဲ့ပတ်သတ်တဲ့မူဝါဒကို တင်းကျပ်ထားတဲ့ စပို့တင်းရဲ့လုပ်ငန်းစဉ်တွေက သူ့နဲ့လုံးဝအစေးမကပ်ခဲ့ပါဘူး။ စပို့တင်းမှာနေစဉ်အတွင်း စိတ်ကြိုက် gym ဆော့ခွင့်မရတဲ့

ရော်နယ်ဒိုဟာရေပုံးတွေ ကိုအသုံးပြုပြီး ကြွက်သားတွေသန်မာလာဖို့အတွက်ကြိုးစားခဲ့ရပါတယ်။ “သူကိုက အမြဲတမ်းအပိုလိုချင်နေခဲ့တာပါ။ ကောင်လေးအများစုကလေ့ကျင့်ချိန်များတဲ့အခါမှ

ာ ‘ဟေ့…နည်းပြ ရေလောင်းများလွန်းရင်အပင်ကိုသေစေတတ်တယ်သိလား’ လို့ တုံ့ပြန်တတ်ပေမဲ့ ခရစ္စတီယာနိုကတော့ အပင်ထဲကိုရေများများလိုချင်နေခဲ့သူဖြစ်တယ်” လို့

စပို့တင်းကြံ့ခိုင်ရေးနည်းပြဟောင်း ကာလို့စ်ဘရူနိုကဖွင့်ဟခဲ့ပါတယ်။

(Zawgyi)

ဆရာကိုကုလားထိုင္နဲ႔ေပါက္ခဲ့ၿပီး အႏိုင္က်င့္ခံရလြန္းတာေၾကာင့္ ေဘာလုံးသမား ဘ၀ကိုစြန႔္လႊတ္ဖို႔အထိစဥ္းစားခဲ့တဲ့ ေရာ္နယ္ဒို

ယခုလအေစာပိုင္းမွာထြက္ရွိခဲ့တဲ့ Messi vs Ronaldo စာအုပ္သစ္ထဲမွာေတာ့ ေရာ္နယ္ဒိုဟာ သူ႔ရဲ႕ဆယ္ေက်ာ္သက္ကစားသမားဘ၀ အခက္အခဲေတြကို ထည့္သြင္းေရးသားခဲ့ပါတယ္။

သူအေနနဲ႔ ၂၀၀၃ခုႏွစ္အတြင္း မန္ယူကိုမေျပာင္းေ႐ႊ႕ခင္မွာ ေဘာလုံးသမားဘ၀ကို စြန႔္လႊတ္ဖို႔အထိစဥ္းစားခဲ့တယ္လို႔ GOAT ႀကီးကဆိုခဲ့ပါတယ္။ ေရာ္နယ္ဒိုဟာ သူ႔ရဲ႕စာအုပ္သစ္ထဲမွာ

စပို႔တင္းကစားသမားဘ၀အစျပဳမႈေတြကို အစဆြဲထုတ္ဖို႔ အဓိကရည္႐ြယ္ခဲ့ၿပီး ငယ္စဥ္ကအႏိုင္က်င့္ခံရလြန္းတာေတြကိုထည့္ သြင္းေဖာ္ျပခဲ့ပါတယ္။

ေက်ာင္းေတာ္ႀကီးျဖစ္တဲ့ စပို႔တင္းအကယ္ဒမီမွာေတာ့ ေရာ္နယ္ဒိုဟာ သူ႔ရဲ႕ Madeiran ေလယူေလသိမ္းေၾကာင့္ အျခားေသာကေလးငယ္ေတြရဲ႕ ေလွာင္ေျပာင္ျခင္းခံခဲ့ရပါတယ္။

ဒါ့အျပင္ မိသားစုဝင္ေတြနဲ႔ သူငယ္ခ်င္းေတြကိုလြမ္းဆြတ္ခဲ့တဲ့ ေရာ္နယ္ဒိုဟာညတိုင္းနီးပါးငို ခဲ့ရတာျဖစ္တယ္။ မၾကာခဏဆိုသလို အျခားကေလးငယ္ေတြနဲ႔ရန္ျဖစ္ေလ့ရွိၿပီး

စိတ္ခံစားခ်က္ကိုထိန္းခ်ဴပ္မႈအားနည္းခဲ့ပါတယ္။ တစ္ခါတုန္းက သူ႔ရဲ႕စကားေျပာဆိုပုံကို ေလွာင္ေျပာင္ခဲ့တဲ့ ဆရာတစ္ေယာက္ကို ေရာ္နယ္ဒိုက ကုလားထိုင္နဲ႔ပစ္ေပါက္ခဲ့ၿပီး ကေလးေတြနဲ႔

ပတ္သတ္တဲ့မူဝါဒကို တင္းက်ပ္ထားတဲ့ စပို႔တင္းရဲ႕လုပ္ငန္းစဥ္ေတြက သူ႔နဲ႔လုံးဝအေစးမကပ္ခဲ့ပါဘူး။ စပို႔တင္းမွာေနစဥ္အတြင္း စိတ္ႀကိဳက္ gym ေဆာ့ခြင့္မရတဲ့ ေရာ္နယ္ဒိုဟာေရပုံးေတြကို

အသုံးျပဳၿပီး ႂကြက္သားေတြသန္မာလာဖို႔အတြက္ႀကိဳးစားခဲ့ရပါတယ္။ “သူကိုက အၿမဲတမ္းအပိုလိုခ်င္ေနခဲ့တာပါ။ ေကာင္ေလးအမ်ားစုကေလ့က်င့္ခ်ိန္မ်ားတဲ့အခါမွာ

‘ေဟ့…နည္းျပ ေရေလာင္းမ်ားလြန္းရင္အပင္ကိုေသေစတတ္တယ္သိလား’ လို႔ တုံ႔ျပန္တတ္ေပမဲ့

ခရစၥတီယာႏိုကေတာ့ အပင္ထဲကိုေရမ်ားမ်ားလိုခ်င္ေနခဲ့သူျဖစ္တယ္” လို႔ စပို႔တင္းႀကံ့ခိုင္ေရးနည္းျပေဟာင္း ကာလို႔စ္ဘ႐ူႏိုကဖြင့္ဟခဲ့ပါတယ္။