ဆယ်လီဖြစ်နေလည်း ဒဏ်ကြေးပေးရမှာပါပဲ ရော်နယ်ဒို

စနေနေ့ မှာ ယှဉ်ပြိုင်ကစားရမယ့် မန်ချက်စတာဒါဘီပွဲစဉ်မတိုင်ခင် ကာရင်တန်မှာ

လေ့ကျင့်ရေးတွေပြုလုပ်ခဲ့ကြတဲ့ ယူနိုက်တက် ကစားသမားတွေဟာ သူတို့ရဲ့

လေ့ကျင့်မှုအစီအစဉ်တွေအပြီးမှာ ကာရင်တန်ကွင်းကနေ (၅)မိုင်ကျော် ဝေးတဲ့

အယ်ထရင်ချမ် (Altrincham) က အီတလီစားသောက်ဆိုင် Cibo မှာ နေ့လည်စာ

အတူစားခဲ့ကြပါတယ်။

အယ်ထရင်ချမ်ဟာ မန်ချက်စတာကလူတွေအများစု ဈေးဝယ်ကြတဲ့နေရာဖြစ်ပြီး

မာဆီးလ် မြစ် တောင်ဘက်မှာရှိပါတယ်။

ဒီအီတလီစားသောက်ဆိုင်ဟာ ယူနိုက်တက်ကစားသမားတွေ အကြိုက်တွေ့တဲ့

ဆိုင်လည်း ဖြစ်ပြီး မကြာခဏ အုပ်စုလိုက်သွားရောက်စားသောက်တတ်ကြသလို

ဒီတစ်ကြိမ်မှာတော့ အစားအသောက်နဲ့ ပတ်သက်ရင် စည်းစနစ်ကြီးတဲ့ စီရော်နယ်ဒိုပါ

ပါဝင်လာခဲ့ပါတယ်။

အသက် (၃၆)နှစ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ နေ့လည်စာစားပွဲကို ဘလေဇာကုတ်

ဝတ်ဆင်တက်ရောက်ခဲ့ပြီး

အခြားယူနိုက်တက်ကစားသမားတွေဖြစ်ကြတဲ့ ကာဗာနီ၊ ဗန်ဒီဘိခ်၊ ဒီဂီယာ ၊

မက်ဂွိုင်းယား၊ ဂျူအန်မာတာ၊ ဂျက်စီလင်ဂတ်၊ စကော့မက်တိုမီနေးတို့ကတော့

သက်တောင့်သက်သာရှိတဲ့ အပြင်ထွက်ဝတ်စုံတွေဝတ်ဆင်ခဲ့ကြပါတယ်။

ရော်နယ်ဒိုဟာစားသောက်ဆိုင်မှာယူနိုက်တက် ကစားဖော်တွေနဲ့အတူ ပျော်ရွှင်စွာစားသောက်ခဲ့သလို စားသောက်ဆိုင်ကပြန်အထွက်မှာလည်း ပရိသတ်တွေနဲ့

ဓါတ်ပုံတွေရိုက်ခဲ့ပါသေးတယ်။

ဒါပေမယ့် သူ့ရဲ့ Range Rover ကားရပ်ထားတဲ့နေရာအရောက်မှာတော့

ရော်နယ်ဒိုအတွက် စိတ်မသက်သာစရာအဖြစ်နဲ့ရင်ဆိုင်ခဲ့ရပါတယ်။ ဒါကတော့

သူ့ရဲ့ ကားမှာ Parking Ticket ကပ်ခံထားခဲ့ရတာကြောင့်ပါပဲ။

ရော်နယ်ဒိုဟာ ယာဉ်မရပ်ရနေရာမှာ ရပ်နားထားမှုအတွက်ဒဏ်ကြေး

ပေးဆောင် ရတော့မှာပဲ ဖြစ်ပါတယ်။

အယ်ထရင်ချမ်မှာ Parking Ticket ကပ်ထားခံလိုက်ရတာ ရော်နယ်ဒို

တစ်ဦးတည်းတော့ မဟုတ်ပါဘူး။ နောက်ထပ်တစ်ဦးကတော့ ဖရက်ဖြစ်ပြီး

သူ့ရဲ့Bentley ကားမှာလည်း Parking Ticket ကပ်ခံထားရပါတယ်။

ဒဏ်ကြေးပေးဆောင်ရတော့မယ့် ရော်နယ်ဒိုအနေနဲ့လည်း နောက်အကြိမ်တွေမှာ

အယ်ထရင်ချမ်ကိုလာခဲ့မယ်ဆိုရင် အများပြည်သူ အသုံးပြုတဲ့ ပလက်ဖောင်းမှာ

ကားကို ဘီးတစ်ဇောင်းတင်ပြီး ရပ်ထားခဲ့လို့မရဘူးဆိုတာ သတိပြုမိသွားမှာသေချာပါတယ်။

Zawgyi

ဆယ္လီျဖစ္ေနလည္း ဥပေဒအရ ဒဏ္ေၾကးေပးရမွာပါပဲ ေရာ္နယ္ဒို

စေနေန႔ မွာ ယွဥ္ၿပိဳင္ကစားရမယ့္ မန္ခ်က္စတာဒါဘီပြဲစဥ္မတိုင္ခင္ ကာရင္တန္မွာ

ေလ့က်င့္ေရးေတြျပဳလုပ္ခဲ့ၾကတဲ့ ယူႏိုက္တက္ ကစားသမားေတြဟာ သူတို႔ရဲ႕

ေလ့က်င့္မႈအစီအစဥ္ေတြအၿပီးမွာ ကာရင္တန္ကြင္းကေန (၅)မိုင္ေက်ာ္ ေဝးတဲ့

အယ္ထရင္ခ်မ္ (Altrincham) က အီတလီစားေသာက္ဆိုင္ Cibo မွာ ေန႔လည္စာ

အတူစားခဲ့ၾကပါတယ္။ အယ္ထရင္ခ်မ္ဟာ မန္ခ်က္စတာကလူေတြအမ်ားစု

ေဈးဝယ္ၾကတဲ့ေနရာျဖစ္ၿပီး မာဆီးလ္ ျမစ္ ေတာင္ဘက္မွာရွိပါတယ္။

ဒီအီတလီစားေသာက္ဆိုင္ဟာ ယူႏိုက္တက္ကစားသမားေတြ အႀကိဳက္ေတြ႕တဲ့

ဆိုင္လည္း ျဖစ္ၿပီး မၾကာခဏ အုပ္စုလိုက္သြားေရာက္စားေသာက္တတ္ၾကသလို

ဒီတစ္ႀကိမ္မွာေတာ့ အစားအေသာက္နဲ႔ ပတ္သက္ရင္ စည္းစနစ္ႀကီးတဲ့ စီေရာ္နယ္ဒိုပါ

ပါဝင္လာခဲ့ပါတယ္။

အသက္ (၃၆)ႏွစ္ရွိၿပီျဖစ္တဲ့ ေရာ္နယ္ဒိုဟာ ေန႔လည္စာစားပြဲကို ဘေလဇာကုတ္

ဝတ္ဆင္တက္ေရာက္ခဲ့ၿပီး
အျခားယူႏိုက္တက္ကစားသမားေတြျဖစ္ၾကတဲ့ ကာဗာနီ၊ ဗန္ဒီဘိခ္၊ ဒီဂီယာ ၊

မက္ဂြိဳင္းယား၊ ဂ်ဴအန္မာတာ၊ ဂ်က္စီလင္ဂတ္၊ စေကာ့မက္တိုမီေနးတို႔ကေတာ့

သက္ေတာင့္သက္သာရွိတဲ့ အျပင္ထြက္ဝတ္စုံေတြဝတ္ဆင္ခဲ့ၾကပါတယ္။

ေရာ္နယ္ဒိုဟာစားေသာက္ဆိုင္မွာယူႏိုက္တက္ ကစားေဖာ္ေတြနဲ႔အတူ ေပ်ာ္႐ႊင္စြ

ာစားေသာက္ခဲ့သလို စားေသာက္ဆိုင္ကျပန္အထြက္မွာလည္း ပရိသတ္ေတြနဲ႔

ဓါတ္ပုံေတြ႐ိုက္ခဲ့ပါေသးတယ္။ အ

ဒါေပမယ့္ သူ႔ရဲ႕ Range Rover ကားရပ္ထားတဲ့ေနရာအေရာက္မွာေတာ့

ေရာ္နယ္ဒိုအတြက္ စိတ္မသက္သာစရာအျဖစ္နဲ႔ရင္ဆိုင္ခဲ့ရပါတယ္။ ဒါကေတာ့

သူ႔ရဲ႕ ကားမွာ Parking Ticket ကပ္ခံထားခဲ့ရတာေၾကာင့္ပါပဲ။

ေရာ္နယ္ဒိုဟာ ယာဥ္မရပ္ရေနရာမွာ ရပ္နားထားမႈအတြက္ဒဏ္ေၾကး

ေပးေဆာင္ ရေတာ့မွာပဲ ျဖစ္ပါတယ္။

အယ္ထရင္ခ်မ္မွာ Parking Ticket ကပ္ထားခံလိုက္ရတာ ေရာ္နယ္ဒို

တစ္ဦးတည္းေတာ့ မဟုတ္ပါဘူး။ ေနာက္ထပ္တစ္ဦးကေတာ့ ဖရက္ျဖစ္ၿပီး

သူ႔ရဲ႕Bentley ကားမွာလည္း Parking Ticket ကပ္ခံထားရပါတယ္။

ဒဏ္ေၾကးေပးေဆာင္ရေတာ့မယ့္ ေရာ္နယ္ဒိုအေနနဲ႔လည္း ေနာက္အႀကိမ္ေတြမွာ

အယ္ထရင္ခ်မ္ကိုလာခဲ့မယ္ဆိုရင္ အမ်ားျပည္သူ အသုံးျပဳတဲ့ ပလက္ေဖာင္းမွာ

ကားကို ဘီးတစ္ေဇာင္းတင္ၿပီး ရပ္ထားခဲ့လို႔မရဘူးဆိုတာ သတိျပဳမိသြားမွာေသခ်ာပါတယ္။