ဆယ်စုနှစ်တစ်ခုကြာအပြီးမှာ ခေတ်ဟောင်းဖာဂူဆန်လို နည်းပြတစ်ယောက်ပြန်ရခဲ့ပြီလို့ တန်ဟတ်ကို ပီတာရှမိုက်ကယ် ချီးကျူး

ယူနိုက်တက်ဟာ ဆယ်စုနှစ်တစ်ခုအကြာအထိရုန်းကန်ခဲ့ရပြီးနောက်

ဖာဂူဆန်ရဲ့ပုံစံခွက်အတိုင်းဝင်အောင်လုပ်နိုင်တဲ့ နည်းပြတစ်ယောက်ကို

ရရှိခဲ့ပြီလို့ ဂန္တဝင်ဂိုးသမားဟောင်း ရှမိုက်ကယ်ကပြောဆိုလိုက်ပါတယ်။

ဖာဂူဆန်ဟာ ၂၀၁၃ မှာ ပရီးမီးယားလိဂ်ဆုဖလားကိုအရယူပေးခဲ့ပြီးနောက်

ဘောလုံးလောက ကအနားယူခဲ့သလို ယူနိုက်တက်နည်းပြဘဝကာလတစ်လျှောက်

၂၆ နှစ်အတွင်းမှာ ဆုဖလားပေါင်း ၃၈ လုံးအထိအရယူပြခဲ့တာဖြစ်တယ်။

တန်ဟတ်ကတော့ ဘာစီလိုနာကိုအနိုင်ယူခြင်းနဲ့အတူ ဂန္တဝင်နည်းပြကြီး

ဖာဂီတစ်ယောက် အိုးလ်ထရက်ဖို့ဒ်ကိုပြန်ရောက်လာတဲ့ပုံစံမျိုးစွမ်းဆောင်ပြခဲ့ပြီး

ယူရိုပါလိဂ် ၁၆ သင်းအဆင့်ကိုတက်ရောက်သွားနိုင်ခဲ့ပါတယ်။

“ဒီနေရာကိုရောက်ဖို့ ၁၀ နှစ်လောက်အချိန်ယူခဲ့ရတယ်။

ဒီရာသီမှာ ဘာမဆိုဖြစ်နိုင်တယ်လေ။ ယူနိုက်တက်အသင်းမှာ

အရာအားလုံးအနိုင်ယူနိုင်မယ့် တိုးတက်မှုမျိုးမြင်တွေ့ခဲ့ရပါတယ်။

တန်ဟတ်ဟာ အခြေအနေတိုင်းကို အကောင်းဆုံးကိုင်တွယ်နိုင်တဲ့

နည်းပြကောင်းတစ်ယောက်လိုပါပဲ။ ခေတ်ဟောင်း ဆာအဲလက်စ်

ဖာဂူဆန်လိုပါပဲ…ငါထိုင်နေရင်းနဲ့ ‘ဝိုး…ငါတို့မှာမှန်ကန်တဲ့လူရှိနေတယ်'” လို့

ရှမိုက်ကယ်က ချီးကျူးသွားတာဖြစ်တယ်။ ရှမိုက်ကယ်က တန်ဟတ်ကို

အမိုက်စားချီးကျူးခဲ့သလို ယူနိုက်တက်နဲ့အတူ ၂၀၀၈ ခုနှစ်ချန်ပီယံလိဂ်

ဆုရှင် အိုဝင်ဟားဂရေ့ဗ်ကလည်း အေဂျက်ကနေရောက်လာပြီးကတည်းက

နယ်သာလန်သားရဲ့အရေးပါပုံကို မီးမောင်းထိုးပြခဲ့ပါတယ်။

zawgyi

ဆယ္စုႏွစ္တစ္ခုၾကာအၿပီးမွာ ေခတ္ေဟာင္းဖာဂူဆန္လို နည္းျပတစ္ေယာက္ျပန္ရခဲ့ၿပီလို႔ တန္ဟတ္ကို ပီတာရွမိုက္ကယ္ ခ်ီးက်ဴး

ယူႏိုက္တက္ဟာ ဆယ္စုႏွစ္တစ္ခုအၾကာအထိ႐ုန္းကန္ခဲ့ရၿပီးေနာက္

ဖာဂူဆန္ရဲ႕ပုံစံခြက္အတိုင္းဝင္ေအာင္လုပ္ႏိုင္တဲ့ နည္းျပတစ္ေယာက္ကို

ရရွိခဲ့ၿပီလို႔ ဂႏၲဝင္ဂိုးသမားေဟာင္း ရွမိုက္ကယ္ကေျပာဆိုလိုက္ပါတယ္။

ဖာဂူဆန္ဟာ ၂၀၁၃ မွာ ပရီးမီးယားလိဂ္ဆုဖလားကိုအရယူေပးခဲ့ၿပီးေနာက္

ေဘာလုံးေလာက ကအနားယူခဲ့သလို ယူႏိုက္တက္နည္းျပဘဝကာလတစ္ေလွ်ာက္

၂၆ ႏွစ္အတြင္းမွာ ဆုဖလားေပါင္း ၃၈ လုံးအထိအရယူျပခဲ့တာျဖစ္တယ္။

တန္ဟတ္ကေတာ့ ဘာစီလိုနာကိုအႏိုင္ယူျခင္းနဲ႔အတူ ဂႏၲဝင္နည္းျပႀကီး

ဖာဂီတစ္ေယာက္ အိုးလ္ထရက္ဖို႔ဒ္ကိုျပန္ေရာက္လာတဲ့ပုံစံမ်ိဳးစြမ္းေဆာင္ျပခဲ့ၿပီး

ယူ႐ိုပါလိဂ္ ၁၆ သင္းအဆင့္ကိုတက္ေရာက္သြားႏိုင္ခဲ့ပါတယ္။

“ဒီေနရာကိုေရာက္ဖို႔ ၁၀ ႏွစ္ေလာက္အခ်ိန္ယူခဲ့ရတယ္။

ဒီရာသီမွာ ဘာမဆိုျဖစ္ႏိုင္တယ္ေလ။ ယူႏိုက္တက္အသင္းမွာ

အရာအားလုံးအႏိုင္ယူႏိုင္မယ့္ တိုးတက္မႈမ်ိဳးျမင္ေတြ႕ခဲ့ရပါတယ္။

တန္ဟတ္ဟာ အေျခအေနတိုင္းကို အေကာင္းဆုံးကိုင္တြယ္ႏိုင္တဲ့

နည္းျပေကာင္းတစ္ေယာက္လိုပါပဲ။ ေခတ္ေဟာင္း ဆာအဲလက္စ္

ဖာဂူဆန္လိုပါပဲ…ငါထိုင္ေနရင္းနဲ႔ ‘ဝိုး…ငါတို႔မွာမွန္ကန္တဲ့လူရွိေနတယ္'” လို႔

ရွမိုက္ကယ္က ခ်ီးက်ဴးသြားတာျဖစ္တယ္။ ရွမိုက္ကယ္က တန္ဟတ္ကို

အမိုက္စားခ်ီးက်ဴးခဲ့သလို ယူႏိုက္တက္နဲ႔အတူ ၂၀၀၈ ခုႏွစ္ခ်န္ပီယံလိဂ္

ဆုရွင္ အိုဝင္ဟားဂေရ႕ဗ္ကလည္း ေအဂ်က္ကေနေရာက္လာၿပီးကတည္းက

နယ္သာလန္သားရဲ႕အေရးပါပုံကို မီးေမာင္းထိုးျပခဲ့ပါတယ္။