ဆမ်ဒိုးရီးယားကို ဂိုးအပေါ်နဲ့တွဲရွေး

အဖြေရှာကြည့်မိတဲ့ သောကြာည စီးရီးအေ အမေးပုစ္ဆာ (ကောင်းပိုင်)

တိုရီနို 🆚 ဂျီနိုအာ

တိုရီနိုနည်းပြအိုင်ဗန်ဂျူရစ်အတွက် အသင်းဟောင်းနဲ့ ပြန်ရင်ဆိုင်ရမယ့်ပွဲပါ။

တိုရီနိုဟာ ၄ပွဲဆက်နိုင်ပွဲပျောက်ခဲ့ပေမယ့် ကစားပုံအရမ်းညံ့ခဲ့တာမဟုတ်ဘဲ
လာဇီယိုကိုသရေ၊ ဂျူဗင်တပ်နဲ့ နာပိုလီကို ဝ-၁ စီနဲ့သာကပ်ရှုံးခဲ့တာပါ။

ပီဂျာကာနဲ့ဗာဒီမကစားနိုင်သေးပေမယ့် ဘယ်လော့တီ ပွဲထွက်ပါဖို့များပါတယ်။

ဂျီနိုအာက ဒီရာသီနိုင်ပွဲတစ်ပွဲသာရှိသလို ပွဲတိုင်းဂိုးပေးထားရတဲ့ခံစစ်ကလည်း

စပီဇီယာပြီးရင်အညံ့ဆုံးပါပဲ။ နောက်ဆုံးအဝေးကွင်းပွဲမှာလည်း ဆလာနီတာနာကို

တောင်ရှုံးထားတာပါ။ တိုရီနို နိုင်ပွဲပြန်ရဖို့များတယ်။

ရွေးချယ်မှု – တိုရီနို

ဆမ်ဒိုးရီးယား 🆚 စပီဇီယာ

နောက်ဆုံး ၄ပွဲမှာ ၁မှတ်သာရခဲ့တဲ့ ဆမ်ဒိုးရီးယားနိုင်ပွဲပြန်ရချိန်တန်ပါပြီ။ နည်းပြ

ဒီအဗာဆာလည်းထိုင်ခုံလှုပ်နေပြီမို့ နိုင်ပွဲနဲ့ ပြန်ငြိမ်အောင်လုပ်ပြရတော့မှာပါ။

ဆမ်ဒိုးရီးယားရဲ့အဓိကပြဿနာက ခံစစ်ပိုင်းပါ။ နောက်ဆုံး ၄ပွဲဆက် တစ်ပွဲအနည်းဆုံး
၃ဂိုးပေးခဲ့ရတဲ့ခံစစ်က လုံးဝစိတ်မချရပါဘူး။ စပီဇီယာကလည်း ဆလာနီတာနာနဲ့ပွဲမှာ

နိုင်ပွဲပြန်ရခဲ့ပေမယ့် ဒဏ်ရာပြဿနာနဲ့ရင်ဆိုင်နေရတာမို့ ပုံစံကောင်းရဖို့မလွယ်ပါဘူး။

ဒါကြောင့် ပွဲစကတည်းက အနိုင်ရလိုစိတ်အပြည့်နဲ့တင်ကစားမယ့် ဆမ်ဒိုးရီးယား

တိုက်စစ်ကိုထိန်းနိုင်မှာမဟုတ်ဘူး။ စပီဇီယာလည်း ၁ဂိုးလောက်ရနိုင်တာမို့

ဆမ်ဒိုးရီးယားအပေါ်စုံရွေးသင့်ပါတယ်။

ရွေးချယ်မှု – ဆမ်ဒိုးရီးယား/ဂိုးအပေါ်

Zawgyi

ဆမ္ဒိုးရီးယားကို ဂိုးအေပၚနဲ႔တြဲေ႐ြး

အေျဖရွာၾကည့္မိတဲ့ ေသာၾကာည စီးရီးေအ အေမးပုစာၦ (ေကာင္းပိုင္)

တိုရီႏို 🆚 ဂ်ီႏိုအာ

တိုရီႏိုနည္းျပအိုင္ဗန္ဂ်ဴရစ္အတြက္ အသင္းေဟာင္းနဲ႔ ျပန္ရင္ဆိုင္ရမယ့္ပြဲပါ။

တိုရီႏိုဟာ ၄ပြဲဆက္ႏိုင္ပြဲေပ်ာက္ခဲ့ေပမယ့္ ကစားပုံအရမ္းညံ့ခဲ့တာမဟုတ္ဘဲ
လာဇီယိုကိုသေရ၊ ဂ်ဴဗင္တပ္နဲ႔ နာပိုလီကို ဝ-၁ စီနဲ႔သာကပ္ရႈံးခဲ့တာပါ။

ပီဂ်ာကာနဲ႔ဗာဒီမကစားႏိုင္ေသးေပမယ့္ ဘယ္ေလာ့တီ ပြဲထြက္ပါဖို႔မ်ားပါတယ္။

ဂ်ီႏိုအာက ဒီရာသီႏိုင္ပြဲတစ္ပြဲသာရွိသလို ပြဲတိုင္းဂိုးေပးထားရတဲ့ခံစစ္ကလည္း

စပီဇီယာၿပီးရင္အညံ့ဆုံးပါပဲ။ ေနာက္ဆုံးအေဝးကြင္းပြဲမွာလည္း ဆလာနီတာနာကို
ေတာင္ရႈံးထားတာပါ။ တိုရီႏို ႏိုင္ပြဲျပန္ရဖို႔မ်ားတယ္။

ေ႐ြးခ်ယ္မႈ – တိုရီႏို

 

ဆမ္ဒိုးရီးယား 🆚 စပီဇီယာ

ေနာက္ဆုံး ၄ပြဲမွာ ၁မွတ္သာရခဲ့တဲ့ ဆမ္ဒိုးရီးယားႏိုင္ပြဲျပန္ရခ်ိန္တန္ပါၿပီ။ နည္းျပ

ဒီအဗာဆာလည္းထိုင္ခုံလႈပ္ေနၿပီမို႔ ႏိုင္ပြဲနဲ႔ ျပန္ၿငိမ္ေအာင္လုပ္ျပရေတာ့မွာပါ။

ဆမ္ဒိုးရီးယားရဲ႕အဓိကျပႆနာက ခံစစ္ပိုင္းပါ။ ေနာက္ဆုံး ၄ပြဲဆက္ တစ္ပြဲအနည္းဆုံး
၃ဂိုးေပးခဲ့ရတဲ့ခံစစ္က လုံးဝစိတ္မခ်ရပါဘူး။ စပီဇီယာကလည္း ဆလာနီတာနာနဲ႔ပြဲမွာ

ႏိုင္ပြဲျပန္ရခဲ့ေပမယ့္ ဒဏ္ရာျပႆနာနဲ႔ရင္ဆိုင္ေနရတာမို႔ ပုံစံေကာင္းရဖို႔မလြယ္ပါဘူး။

ဒါေၾကာင့္ ပြဲစကတည္းက အႏိုင္ရလိုစိတ္အျပည့္နဲ႔တင္ကစားမယ့္ ဆမ္ဒိုးရီးယား

တိုက္စစ္ကိုထိန္းႏိုင္မွာမဟုတ္ဘူး။ စပီဇီယာလည္း ၁ဂိုးေလာက္ရႏိုင္တာမို႔

ဆမ္ဒိုးရီးယားအေပၚစုံေ႐ြးသင့္ပါတယ္။

ေ႐ြးခ်ယ္မႈ – ဆမ္ဒိုးရီးယား/ဂိုးအေပၚ