ဆန်းချက်ဇ် ထုတ်ပယ်ခံရစေဖို့ ဖာဘင်ညို လိမ်လည်လှည့်စားခဲ့တယ်လို့ ဝင်းဂါး စွပ်စွဲ

အာဆင်နယ်ဂန္ထဝင် နည်းပြကြီး အာစင်ဝင်းဂါးက လီဗာပူးကွင်းလယ်လူ

ဖာဘင်ညိုအနေနဲ့ အင်တာတိုက်စစ်မှူး ဆန်းချက်ဇ်
ထုတ်ပယ်ခံရစေဖို့ လိမ်လည်လှည့်စားခဲ့တယ်လို့ စွပ်စွဲလိုက်ပါတယ်။
ချီလီလက်ရွေးစင် ဆန်းချက်ဇ်ဟာ ဘရာဇီးလက်ရွေးစင်
ဖာဘင်ညိုကို ပြစ်ဒဏ်ကျူးလွန်တယ်ဆိုပြီး ဒုတိယမြောက်
အဝါကတ်ပြသခံရကာ ၂ဝါ၊ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

အဲဒီလိုဆန်းချက်ဇ် ထုတ်ပယ်မခံရခင် ၂ မိနစ်အလိုမှာ
တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်က
အင်တာအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့တာဖြစ်ပြီး
အင်တာက ပ-အကျော့မှာ ဝ-၂ဂိုးနဲ့
အရေးနိမ့်ခဲ့ရတာကို ပြန်လည်ချေဖျက်နိုင်ဖို့

အားကုန်ကြိုးစားလာချိန်ဖြစ်ပါတယ်။


၂၀၁၄ ခုနှစ်က အာဆင်နယ်နည်းပြအဖြစ်
ဆန်းချက်ဇ်ကို ဘာစီလိုနာကနေ ခေါ်ယူခဲ့တဲ့

ဝင်းဂါးက ဖာဘင်ညိုအနေနဲ့ ပြိုင်ဘက်ကစားသမား
ထုတ်ပယ်ခံရစေဖို့ သရုပ်ဆောင်ခဲ့တယ်လို့ ဝေဖန်ပါတယ်။
”ပြောရရင် ဖာဘင်ညို လုပ်သွားတာက
လှည့်စားမှုနဲ့ ကျွမ်းကျင်မှုကြားလေးပေါ့။
ဖာဘင်ညိုက လှည့်စားသွားတာပါ။ ခံရတာထက်

ပိုပိုသာသာလေး လုပ်သွားတာပေါ့။
သူ နာကျင်သွားတာလည်းဖြစ်နိုင်ပါတယ်။
ဆန်းချက်ဇ်က သူ့ကို ထိသွားတာကိုး။
သူ လုံးဝဇာတ်လမ်းဆင်သွားတယ်လို့တော့ ပြောမရဘူး။
ဖြစ်နိုင်တာကတော့ သူ့အနေနဲ့ ခြေထောက်ကို

မြန်မြန်ပြန်ရုတ်လိုက်လို့ရပါတယ်။ ကိုယ့်အသင်းဘက်က
ကြည့်ရင်တော့ သူ့ရဲ့လုပ်ဆောင်ချက်က ကျွမ်းကျင်တယ်ပြောရမယ်”လို့ ဝင်းဂါးက ပြောပါတယ်။


ဝင်းဂါးက လီဗာပူးအနေနဲ့ ကွာတားဖိုင်နယ်

တက်ရောက်နိုင်ဖို့ ထိုက်တန်တယ်လို့
အခိုင်အမာပြောပေမယ့် ဆန်းချက်ဇ်ကို
အနီကတ်နဲ့ထုတ်ပယ်လိုက်တဲ့ ကွင်းလယ်ဒိုင်က
ပွဲကို အသေသတ်လိုက်တာပဲလို့ ဆိုပါတယ်။