ဆန်းချက်ဇ်ရဲ့နေရာမှာ အစားထိုးဖို့ ကာဗာနီကို အင်တာ စိတ်ဝင်စား

အီတလီမီဒီယာတွေရဲ့ဖော်ပြချက်အရ အင်တာမီလန်ဟာ

တိုက်စစ်မှူး ဆန်းချက်ဇ်ရဲ့နေရာမှာ အစားထိုးနိုင်ရေးအတွက်
ယူနိုက်တက်တိုက်စစ်မှူး ကာဗာနီကို ခေါ်ယူဖို့
စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
ကာဗာနီဟာ ဇွန်လအကုန်မှာ ယူနိုက်တက်နဲ့
စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အသက် ၃၅ နှစ်

ရှိနေပြီဖြစ်ပေမယ့် ခေါ်ယူချင်တဲ့အသင်းတွေ
အများအပြားရှိနေကာ အင်တာအပြင်
ဘာစီလိုနာကလည်း သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
အင်တာက တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့
ပြင်ဆင်နေပြီး ယူနိုက်တက်တိုက်စစ်မှူးဟောင်း

ဆန်းချက်ဇ်ကို အသင်းကနေ ထွက်ခွာခွင့်ပေးဖွယ်ရှိနေပါတယ်။
ကာဗာနီဟာ ယခုရာသီမှာ ဒဏ်ရာပြဿနာတွေကြောင့်
၁၇ပွဲပဲ ကစားခွင့်ရထားသလို ၂ဂိုးပဲ သွင်းယူထားနိုင်ပေမယ့်
ပြီးခဲ့တဲ့ရာသီကတော့ ၃၉ပွဲမှာ ၁၇ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။
ဥရုဂွေးလက်ရွေးစင် ကာဗာနီဟာ အရင်တုန်းကလည်း

စီးရီးအေမှာ နာပိုလီနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့ရာ
စီးရီးအေကို ပြန်လည်ပြောင်းရွှေ့ဖို့ စိတ်ဝင်စားလာနိုင်ပြီး
အင်တာက ကာဗာနီအပြင် အက်သလက်တိုက်စစ်မှူး
ဆွာရက်ဇ်နဲ့ နာပိုလီတိုက်စစ်မှူး မာတန်းစ်တို့ကိုလည်း
ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ကာဗာနီဟာ ၂၀၂၀ နွေရာသီက ပီအက်စ်ဂျီကနေ
ယူနိုက်တက်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်လာသူဖြစ်ပြီး
၂၀၂၁ နွေရာသီက စာချုပ်သစ်ချုပ်ဆိုခဲ့ပေမယ့်
ယခုရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။

Zawgyi

ဆန္းခ်က္ဇ္ရဲ႕ေနရာမွာ အစားထိုးဖို႔ ကာဗာနီကို အင္တာ စိတ္၀င္စား
အီတလီမီဒီယာေတြရဲ႕ေဖာ္ျပခ်က္အရ အင္တာမီလန္ဟာ
တိုက္စစ္မွဴး ဆန္းခ်က္ဇ္ရဲ႕ေနရာမွာ အစားထိုးႏိုင္ေရးအတြက္

ယူႏုိက္တက္တုိက္စစ္မွဴး ကာဗာနီကို ေခၚယူဖုိ႔
စိတ္၀င္စားေနတယ္လုိ႔ သိရပါတယ္။
ကာဗာနီဟာ ဇြန္လအကုန္မွာ ယူႏုိက္တက္နဲ႔
စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီး အသက္ ၃၅ ႏွစ္
ရွိေနၿပီျဖစ္ေပမယ့္ ေခၚယူခ်င္တဲ့အသင္းေတြ

အမ်ားအျပားရွိေနကာ အင္တာအျပင္
ဘာစီလုိနာကလည္း သူ႕ကို ေခၚယူဖုိ႔ စိတ္၀င္စားေနပါတယ္။
အင္တာက တုိက္စစ္ပိုင္းကို အင္အားျဖည့္တင္းဖို႔
ျပင္ဆင္ေနၿပီး ယူႏိုက္တက္တုိက္စစ္မွဴးေဟာင္း
ဆန္းခ်က္ဇ္ကို အသင္းကေန ထြက္ခြာခြင့္ေပးဖြယ္ရွိေနပါတယ္။

ကာဗာနီဟာ ယခုရာသီမွာ ဒဏ္ရာျပႆနာေတြေၾကာင့္
၁၇ပြဲပဲ ကစားခြင့္ရထားသလုိ ၂ဂိုးပဲ သြင္းယူထားႏိုင္ေပမယ့္
ၿပီးခဲ့တဲ့ရာသီကေတာ့ ၃၉ပြဲမွာ ၁၇ဂိုးအထိ သြင္းယူႏိုင္ခဲ့ပါတယ္။
ဥရုေဂြးလက္ေရြးစင္ ကာဗာနီဟာ အရင္တုန္းကလည္း
စီးရီးေအမွာ နာပိုလီနဲ႔အတူ ေျခစြမ္းျပႏိုင္ခဲ့ရာ

စီးရီးေအကို ျပန္လည္ေျပာင္းေရႊ႕ဖုိ႔ စိတ္၀င္စားလာႏုိင္ၿပီး
အင္တာက ကာဗာနီအျပင္ အက္သလက္တုိက္စစ္မွဴး
ဆြာရက္ဇ္နဲ႔ နာပိုလီတုိက္စစ္မွဴး မာတန္းစ္တုိ႔ကိုလည္း
ေခၚယူဖုိ႔ စိတ္၀င္စားေနပါတယ္။
ကာဗာနီဟာ ၂၀၂၀ ေႏြရာသီက ပီအက္စ္ဂ်ီကေန

ယူႏုိက္တက္ကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေရာက္လာသူျဖစ္ၿပီး
၂၀၂၁ ေႏြရာသီက စာခ်ဳပ္သစ္ခ်ဳပ္ဆုိခဲ့ေပမယ့္
ယခုရာသီအကုန္မွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ပါတယ္။