
လိဒ်ကိုအနိုင်ရခဲ့တဲ့ ခြေစွမ်းပြနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်နိုင်ခဲ့တာကြောင့်
ဒီဖော်ဖော်ဝါရီလဟာ မန်ယူတောင်ပံကစားသမားဆန်ချိုအတွက်လားလို့တောင်
ပြောရမလို ဖြစ်နေပါတယ်။
ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ဒေါ့မန်က ရောက်လာပြီးကတည်းက
မန်ယူမှာ အခြေကျဖို့ ရုန်းကန်ခဲ့ရတာကြောင့် အဲဒီအင်္ဂလန်လက်ရွေးစင်ဟာ
ဝေဖန်စရာဖြစ်ခဲ့တာပါ။
မန်ယူဟာ ၂၁ နှစ်အရွယ် အဲဒီကစားသမားအတွက် ယူရို ၈၅ သန်းတောင်
ပေးခဲ့ရတာဖြစ်လို့ ပြောင်းရွှေ့ကြေးကလည်း သူ့အတွက် ဖိအားတစ်ခုဖြစ်ခဲ့ပါတယ်။
ရာသီတစ်လျှောက်လုံးရုန်းကန်ခဲ့ရပေမယ့် ဖေဖော်ဝါရီလထဲဝင်ရောက်ချိန်ကစလို့
ဆန်ချိုရဲ့မန်ယူကစားသမားဘ၀ တစ်ဆစ်ချိုးပြောင်းလဲသွားပါတယ်။
သူဟာ ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ ကစားခဲ့တဲ့ မစ်ဒယ်ဘရော့နဲ့အက်ဖ်အေဖလားပွဲမှာ
အိုးလ်ထရက်ဖို့ဒ်ကွင်းက သူ့ရဲ့ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့တာပါ။
အဲဒီနောက် ဖေဖော်ဝါရီ ၁၂ မှာကစားခဲ့တဲ့ ဆောက်သမ်တန်နဲ့ပရီးမီးယားလိဂ်ပွဲမှာလည်း
အိုးလ်ထရက်ဖို့ဒ်ကွင်းက သူ့ရဲ့ပထမဆုံးပရီးမီးယားလိဂ်သွင်းဂိုးကို ရရှိခဲ့ပါတယ်။
အခုလိဒ်နဲ့ပွဲမှာတော့ ပထမပိုင်းပြီးခါနီးလေးမှာ သူ့ရဲ့ပထမဆုံးပရီးမီးယားလိဂ်
ဂိုးဖန်တီးမှုကို လုပ်နိုင်ခဲ့တာပါ။မန်ယူအတွက် ပထမဆုံးဂိုးဖန်တီးမှုလုပ်နိုင်ဖို့
သူဟာ ၂၈ ပွဲတောင် စောင့်ခဲ့ရတာပါ။
အဲဒီပွဲက မိနစ် ၇၀ မှာလည်း ဖရက်ဒ်သွင်းယူခဲ့တဲ့အနိုင်ဂိုးကို ဖန်တီးပေးခဲ့ပါသေးတယ်။
ဆန်ချိုအနေနဲ့ မန်ယူအတွက် သူ့ရဲ့နောက်ဆုံး ၅ ပွဲမှာ ၄ ဂိုးပါဝင်ပတ်သက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
လိဒ်နဲ့ပွဲဟာ ဒီရာသီမှာ မန်ယူအတွက် ဆန်ချိုအကောင်းဆုံးကစားပေးနိုင်ခဲ့တဲ့ပွဲတွေထဲက
တစ်ပွဲလည်း ဖြစ်ခဲ့တာပါ။
Zawgyi
ဆန္ခ်ိဳရဲ႕ ေဖေဖာ္၀ါရီ
လိဒ္ကိုအႏိုင္ရခဲ့တဲ့ ေျခစြမ္းျပႏိုင္ခဲ့ၿပီး ဂိုးဖန္တီးမႈ ၂ ႀကိမ္ျပဳလုပ္ႏိုင္ခဲ့တာေၾကာင့္
ဒီေဖာ္ေဖာ္ဝါရီလဟာ မန္ယူေတာင္ပံကစားသမားဆန္ခ်ိဳအတြက္လားလို႔ေတာင္
ေျပာရမလို ျဖစ္ေနပါတယ္။
ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ ေဒါ့မန္က ေရာက္လာၿပီးကတည္းက
မန္ယူမွာ အေျခက်ဖို႔ ႐ုန္းကန္ခဲ့ရတာေၾကာင့္ အဲဒီအဂၤလန္လက္ေ႐ြးစင္ဟာ
ေဝဖန္စရာျဖစ္ခဲ့တာပါ။
မန္ယူဟာ ၂၁ ႏွစ္အ႐ြယ္ အဲဒီကစားသမားအတြက္ ယူ႐ို ၈၅ သန္းေတာင္
ေပးခဲ့ရတာျဖစ္လို႔ ေျပာင္းေ႐ႊ႕ေၾကးကလည္း သူ႔အတြက္ ဖိအားတစ္ခုျဖစ္ခဲ့ပါတယ္။
ရာသီတစ္ေလွ်ာက္လုံး႐ုန္းကန္ခဲ့ရေပမယ့္ ေဖေဖာ္ဝါရီလထဲဝင္ေရာက္ခ်ိန္ကစလို႔
ဆန္ခ်ိဳရဲ႕မန္ယူကစားသမားဘ၀ တစ္ဆစ္ခ်ိဳးေျပာင္းလဲသြားပါတယ္။
သူဟာ ေဖေဖာ္ဝါရီလ ၄ ရက္ေန႔မွာ ကစားခဲ့တဲ့ မစ္ဒယ္ဘေရာ့နဲ႔အက္ဖ္ေအဖလားပြဲမွာ
အိုးလ္ထရက္ဖို႔ဒ္ကြင္းက သူ႔ရဲ႕ပထမဆုံးဂိုးကို သြင္းယူႏိုင္ခဲ့တာပါ။
အဲဒီေနာက္ ေဖေဖာ္ဝါရီ ၁၂ မွာကစားခဲ့တဲ့ ေဆာက္သမ္တန္နဲ႔ပရီးမီးယားလိဂ္ပြဲမွာလည္း
အိုးလ္ထရက္ဖို႔ဒ္ကြင္းက သူ႔ရဲ႕ပထမဆုံးပရီးမီးယားလိဂ္သြင္းဂိုးကို ရရွိခဲ့ပါတယ္။
အခုလိဒ္နဲ႔ပြဲမွာေတာ့ ပထမပိုင္းၿပီးခါနီးေလးမွာ သူ႔ရဲ႕ပထမဆုံးပရီးမီးယားလိဂ္
ဂိုးဖန္တီးမႈကို လုပ္ႏိုင္ခဲ့တာပါ။မန္ယူအတြက္ ပထမဆုံးဂိုးဖန္တီးမႈလုပ္ႏိုင္ဖို႔
သူဟာ ၂၈ ပြဲေတာင္ ေစာင့္ခဲ့ရတာပါ။
အဲဒီပြဲက မိနစ္ ၇၀ မွာလည္း ဖရက္ဒ္သြင္းယူခဲ့တဲ့အႏိုင္ဂိုးကို ဖန္တီးေပးခဲ့ပါေသးတယ္။
ဆန္ခ်ိဳအေနနဲ႔ မန္ယူအတြက္ သူ႔ရဲ႕ေနာက္ဆုံး ၅ ပြဲမွာ ၄ ဂိုးပါဝင္ပတ္သက္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။
လိဒ္နဲ႔ပြဲဟာ ဒီရာသီမွာ မန္ယူအတြက္ ဆန္ခ်ိဳအေကာင္းဆုံးကစားေပးႏိုင္ခဲ့တဲ့ပြဲေတြထဲက
တစ္ပြဲလည္း ျဖစ္ခဲ့တာပါ။