ဆန်ချိုကို ရပ်ကြည့်နေမိခဲ့တဲ့ ဗန်ဒိုက် လီဗာပူးလ်ရှုံးပွဲအတွက် တရားခံလို့ ဝေဖန်ခံနေရ

Sky Sports ရုပ်သံတင်ဆက်သူ လီဗာပူးကစားသမားဟောင်း ကာရေဂါကတော့ ဗန်ဒိုက်ရဲ့တုံ့ဆိုင်းမှုတွေကြောင့် မန်ယူကိုရှုံးခဲ့ရတာဖြစ်တယ်လို့ ပွဲအပြီးမှာ ဝေဖန်သွားခဲ့ပါတယ်။ မန်ယူနဲ့ပွဲမှာ အသင်းခေါင်းဆောင် ဗန်ဒိုက်ရဲ့ ကစားပုံတွေဟာ လေးလံလွန်းခဲ့ပြီး

ဆန်ချိုဂိုးသွင်းခွင့်ရဖို့ ရပ်ကြည့်ပေးနေတာနဲ့တူခဲ့တယ်လို့ဆိုလိုက်ပါတယ်။ အဲဒီပွဲစဉ်မှာ ဂိုးဧရိယာအတွင်း ဘောလုံးရသွားတဲ့ ဆန်ချိုကို (၆)ကိုက်စည်းနားမှာရပ်နေတဲ့ ဗန်ဒိုက်က ရပ်ကြည့် နေခဲ့ပြီး

ဝင်ဖျက်ဖို့တုံ့ဆိုင်းနေခဲ့တာနဲ့ပတ်သက်ပြီး ကာရေဂါကဝေဖန်သွားခဲ့တာဖြစ်ပါတယ်။ သူ့အနေနဲ့အမြဲတမ်း ဗန်ဒိုက်ကစားပုံနဲ့ပတ်သက်ပြီး မေးခွန်းထုတ်လေ့ရှိသလို ဒီတစ်ကြိမ်မှာလည်း

ဗဟိုခံစစ်မှူးတစ်ယောက်အနေနဲ့ သူ့ရဲ့တုံ့ပြန်မှုတွေက နည်းနည်းများလေးလံလွန်းနေမလားဆိုပြီး ကာရေဂါက မေးခွန်းထုတ်ခဲ့ပါတယ်။ ဒါ့အပြင် ဘောလုံးမှာစကားပုံတစ်ခုရှိပြီး

ခံစစ်မှူးတစ်ယောက်အနေနဲ့ ဘောလုံးရဖို့ဆိုရင် အချိန်မရွေး ဘောလုံးရှိရာကို အရောက်သွားနိုင်ရမယ်လို့လည်း ဆိုခဲ့ပါတယ်။ မန်ယူအတွက်အဖွင့်ဂိုးပေးရပြီးနောက်မှာ ဂျိမ်းမီနာကလည်း

ဆန်ချိုကိုရပ်ကြည့်နေတဲ့အသင်းခေါင်းဆောင် ဗန်ဒိုက်ကို ဒေါသတကြီးနဲ့ အော်ဟစ်တုံ့ပြန်သွားခဲ့တာဖြစ်ပါတယ်။ ဆန်ချိုဘောလုံးရသွားချိန်မှာ သူဝင်ရောက်တာဆီးခဲ့ပေမယ့် ဗန်ဒိုက်ကရပ်ကြည့်နေခဲ့တဲ့အပေါ်ကို

ဒေါတကြီးနဲ့ တုံ့ပြန်သွားခဲ့တာလည်းဖြစ်ပါတယ်။ အဲဒီပွဲစဉ်ကို ဂယ်ရီနဗီးလ်၊ ကာရေဂါတို့နဲ့ ဘောလုံးပွဲသုံးသပ်သူအဖြစ် တင်ဆက်ပေးခဲ့တဲ့ မန်ယူဂန္တဝင်အသင်းခေါင်းဟောင်း ရွိုင်ကိန်းကလည်း ဗန်ဒိုက်အနေနဲ့ အလျင်အမြန်လှုပ်ရှား ရမယ့်အစား မိုက်မဲစွာ ရပ်ကြည့်နေခဲ့တာဟာ ရုပ်ဆိုးလွန်းခဲ့တယ်လို့ မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

(zawgyi)

Sky Sports ႐ုပ္သံတင္ဆက္သူ လီဗာပူးကစားသမားေဟာင္း ကာေရဂါကေတာ့ ဗန္ဒိုက္ရဲ႕တုံ႔ဆိုင္းမႈေတြေၾကာင့္ မန္ယူကိုရႈံးခဲ့ရတာျဖစ္တယ္လို႔ ပြဲအၿပီးမွာ ေဝဖန္သြားခဲ့ပါတယ္။

မန္ယူနဲ႔ပြဲမွာ အသင္းေခါင္းေဆာင္ ဗန္ဒိုက္ရဲ႕ ကစားပုံေတြဟာ ေလးလံလြန္းခဲ့ၿပီး ဆန္ခ်ိဳဂိုးသြင္းခြင့္ရဖို႔ ရပ္ၾကည့္ေပးေနတာနဲ႔တူခဲ့တယ္လို႔ဆိုလိုက္ပါတယ္။ အဲဒီပြဲစဥ္မွာ ဂိုးဧရိယာအတြင္း

ေဘာလုံးရသြားတဲ့ ဆန္ခ်ိဳကို (၆)ကိုက္စည္းနားမွာရပ္ေနတဲ့ ဗန္ဒိုက္က ရပ္ၾကည့္ ေနခဲ့ၿပီး ဝင္ဖ်က္ဖို႔တုံ႔ဆိုင္းေနခဲ့တာနဲ႔ပတ္သက္ၿပီး ကာေရဂါကေဝဖန္သြားခဲ့တာျဖစ္ပါတယ္။

သူ႔အေနနဲ႔အၿမဲတမ္း ဗန္ဒိုက္ကစားပုံနဲ႔ပတ္သက္ၿပီး ေမးခြန္းထုတ္ေလ့ရွိသလို ဒီတစ္ႀကိမ္မွာလည္း ဗဟိုခံစစ္မႉးတစ္ေယာက္အေနနဲ႔ သူ႔ရဲ႕တုံ႔ျပန္မႈေတြက နည္းနည္းမ်ားေလးလံလြန္းေနမလားဆိုၿပီး

ကာေရဂါက ေမးခြန္းထုတ္ခဲ့ပါတယ္။ ဒါ့အျပင္ ေဘာလုံးမွာစကားပုံတစ္ခုရွိၿပီး ခံစစ္မႉးတစ္ေယာက္အေနနဲ႔ ေဘာလုံးရဖို႔ဆိုရင္ အခ်ိန္မေ႐ြး ေဘာလုံးရွိရာကို အေရာက္သြားႏိုင္ရမယ္လို႔လည္း ဆိုခဲ့ပါတယ္။

မန္ယူအတြက္အဖြင့္ဂိုးေပးရၿပီးေနာက္မွာ ဂ်ိမ္းမီနာကလည္း ဆန္ခ်ိဳကိုရပ္ၾကည့္ေနတဲ့အသင္းေခါင္းေဆာင္ ဗန္ဒိုက္ကို ေဒါသတႀကီးနဲ႔ ေအာ္ဟစ္တုံ႔ျပန္သြားခဲ့တာျဖစ္ပါတယ္။ ဆန္ခ်ိဳေဘာလုံးရသြားခ်ိန္မွာ

သူဝင္ေရာက္တာဆီးခဲ့ေပမယ့္ ဗန္ဒိုက္ကရပ္ၾကည့္ေနခဲ့တဲ့အေပၚကို ေဒါတႀကီးနဲ႔ တုံ႔ျပန္သြားခဲ့တာလည္းျဖစ္ပါတယ္။ အဲဒီပြဲစဥ္ကို ဂယ္ရီနဗီးလ္၊ ကာေရဂါတို႔နဲ႔ ေဘာလုံးပြဲသုံးသပ္သူအျဖစ္

တင္ဆက္ေပးခဲ့တဲ့ မန္ယူဂႏၲဝင္အသင္းေခါင္းေဟာင္း ႐ြိဳင္ကိန္းကလည္း ဗန္ဒိုက္အေနနဲ႔ အလ်င္အျမန္လႈပ္ရွား ရမယ့္အစား မိုက္မဲစြာ ရပ္ၾကည့္ေနခဲ့တာဟာ ႐ုပ္ဆိုးလြန္းခဲ့တယ္လို႔ မွတ္ခ်က္ေပးခဲ့တာျဖစ္ပါတယ္။