
အန်ဒိုရာ နှင့်အင်္ဂလန် ပွဲစဉ်တွင် သရဲနီကစားသမား ဆန်ချိုဟာ
ပထမပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရရှိခဲ့ပြီး 4-3-3ကစားကွက်
ဘယ်တောင်ပံတွင်ကစားခဲ့ကာ၊ခြေစွမ်းကောင်းများ ပြသထားနိုင်ခဲ့ပါတယ်။
အန်ဒိုရာနဲ့ ပွဲမှာ ဆန်ချိုရဲ့ စွမ်းဆောင်ရည်အချို့ကတော့ (၈၈%)ခန့်ဘောလုံး
ပေးပို့မှုအောင်မြင်မှု၊ ဘောလုံးထိချက်စုစုပေါင်း (၆၆)ကြိမ်ထိရှိခဲ့ခြင်း၊
အခွင့်အရေး(၄)ကြိမ်ထိဖန်တီးခြင်း၊ ဖြတ်တင်ဘော(4)ကြိမ်ထိရှိခြင်း၊
ဖြတ်တင်ဘော(၃)ကြိမ်ထိအောင်မြင်ခြင်း၊ တစ်ဦးခြင်းကျော်ဖြတ်မှု(၃)ကြိမ်ထိ
အောင်မြင်ခဲ့ပါတယ်။ အဲဒီပွဲမှာ ၄၁နှစ်အရွယ် အန်ဒိုရာခံစစ်မှူး အယ်ဒီဖွန် လီမာဟာ
ဆန်ချိုနောက်ကို ပြေးလိုက်ရင်း ခြေကျင်းဝတ်ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။
လီမာဟာ ၃၁မိနစ်မှာ ခရစ္စတီယန် ဂါစီယာရဲ့နေရာကို အစားထိုးဝင်ကစားခဲ့ပေမယ့်
၆၃မိနစ်မှာတော့ သူကိုယ်တိုင် လူစားလဲခဲ့ရပါတယ်။
လီမာဟာ ဆန်ချိုနောက် ပြေးလိုက်ရင်း လဲကျကျန်ခဲ့ကာ ဒဏ်ရာရရှိခဲ့ပြီးနောက်
နောက်ထပ် ခံစစ်မှူးဖြစ်တဲ့ အီမီလီ ဂါစီယာနဲ့ လူစားထပ်လဲခဲ့ရပါတယ်။
နိုင်ငံအသင်းအတွက် ၁၃၃ပွဲ ကစားပေးထားတဲ့ လီမာဟာ
အန်ဒိုရာသမိုင်းတစ်လျောက် ပွဲအများဆုံး ကစားထားတဲ့ ကစားသမားလည်း
ဖြစ်ပါတယ်။ ဝါရင့်ကစားသမားကြီးဟာ အန်ဒိုရာအတွက် ၁၁ဂိုး သွင်းပေးထားပြီး
သူ့သွင်းဂိုးအရေအတွက်ကို ဘယ်အသင်းဖော်မှ လိုက်မီခြင်း မရှိသေးပါဘူး။
zawgyi
ဆန္ခ်ိဳကို ယွဥ္ဖိုက္လို႔ ဒဏ္ရာရခဲ့တဲ့ အယ္ဒီဖြန္လီမာ
အန္ဒိုရာ ႏွင့္အဂၤလန္ ပြဲစဥ္တြင္ သရဲနီကစားသမား ဆန္ခ်ိဳဟာ
ပထမပြဲထြက္ကစားသမားအျဖစ္ ပါဝင္ခြင့္ရရွိခဲ့ၿပီး 4-3-3ကစားကြက္
ဘယ္ေတာင္ပံတြင္ကစားခဲ့ကာ၊ေျခစြမ္းေကာင္းမ်ား ျပသထားႏိုင္ခဲ့ပါတယ္။
အန္ဒိုရာနဲ႔ ပြဲမွာ ဆန္ခ်ိဳရဲ႕ စြမ္းေဆာင္ရည္အခ်ိဳ႕ကေတာ့ (၈၈%)ခန႔္ေဘာလုံး
ေပးပို႔မႈေအာင္ျမင္မႈ၊ ေဘာလုံးထိခ်က္စုစုေပါင္း (၆၆)ႀကိမ္ထိရွိခဲ့ျခင္း၊
အခြင့္အေရး(၄)ႀကိမ္ထိဖန္တီးျခင္း၊ ျဖတ္တင္ေဘာ(4)ႀကိမ္ထိရွိျခင္း၊
ျဖတ္တင္ေဘာ(၃)ႀကိမ္ထိေအာင္ျမင္ျခင္း၊ တစ္ဦးျခင္းေက်ာ္ျဖတ္မႈ(၃)ႀကိမ္ထိ
ေအာင္ျမင္ခဲ့ပါတယ္။ အဲဒီပြဲမွာ ၄၁ႏွစ္အ႐ြယ္ အန္ဒိုရာခံစစ္မႉး အယ္ဒီဖြန္ လီမာဟာ
ဆန္ခ်ိဳေနာက္ကို ေျပးလိုက္ရင္း ေျခက်င္းဝတ္ဒဏ္ရာ ရရွိသြားခဲ့ပါတယ္။
လီမာဟာ ၃၁မိနစ္မွာ ခရစၥတီယန္ ဂါစီယာရဲ႕ေနရာကို အစားထိုးဝင္ကစားခဲ့ေပမယ့္
၆၃မိနစ္မွာေတာ့ သူကိုယ္တိုင္ လူစားလဲခဲ့ရပါတယ္။
လီမာဟာ ဆန္ခ်ိဳေနာက္ ေျပးလိုက္ရင္း လဲက်က်န္ခဲ့ကာ ဒဏ္ရာရရွိခဲ့ၿပီးေနာက္
ေနာက္ထပ္ ခံစစ္မႉးျဖစ္တဲ့ အီမီလီ ဂါစီယာနဲ႔ လူစားထပ္လဲခဲ့ရပါတယ္။
ႏိုင္ငံအသင္းအတြက္ ၁၃၃ပြဲ ကစားေပးထားတဲ့ လီမာဟာ
အန္ဒိုရာသမိုင္းတစ္ေလ်ာက္ ပြဲအမ်ားဆုံး ကစားထားတဲ့ ကစားသမားလည္း
ျဖစ္ပါတယ္။ ဝါရင့္ကစားသမားႀကီးဟာ အန္ဒိုရာအတြက္ ၁၁ဂိုး သြင္းေပးထားၿပီး
သူ႔သြင္းဂိုးအေရအတြက္ကို ဘယ္အသင္းေဖာ္မွ လိုက္မီျခင္း မရွိေသးပါဘူး။