ဆန်ချိုကို ပြန်တောင်းပန်ပေးပါ သောမတ်ဖရန့်

ပုဂ္ဂိုလ်ရေးအကြောင်းပြချက်တွေနဲ့ ဘရန့်ဖို့ဒ်နဲ့ပွဲကို လွဲချော်ခဲ့ရပြီးနောက်

မန်ယူတောင်ပံကစားသမားဆန်ချိုဟာ ကွယ်လွန်သွားတဲ့အဒေါ်ဖြစ်သူနဲ့ပတ်သက်လို့

ဆိုရှယ်မီဒီယာထက်မှာ ပို့စ်တင်လိုက်ပါတယ်။

သူ့ရဲ့Instagram အကောင့်က story မှာ ဆန်ချိုဟာ

အနက်ရောင် background နဲ့အတူ

”အန်တီဂျန်ကို ကျွန်တော်ချစ်တယ်”လို့ ပို့စ်တင်ခဲ့တာပါ။

ဘရန့်ဖို့ဒ်ကို ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာလည်း

မန်ယူနည်းပြရန်းနစ်က ဆန်ချိုဟာ မိသားစုဝင်တစ်ယောက်ရဲ့

နာရေးအခြေအနေကြောင့် မပါနိုင်တာဖြစ်ကြောင်း ပြောကြားထားပါတယ်။

အဲဒါကြောင့် ဆန်ချိနဲ့ပတ်သက်ပြီး ယူနိုက်တက်ကို

ခနဲ့တဲ့တဲ့ပြောခဲ့တဲ့ ဘရန့်ဖို့ဒ်နည်းပြသောမတ်ဖရန့်အနေနဲ့

ပြန်တောင်းပန်သင့်ကြောင်း မန်ယူပရိသတ်တွေက

ဆိုရှယ်မီဒီယာထက်မှာ တောင်းဆိုနေကြတာပါ။

ဂိုးပြတ်ရှုံးခဲ့ပေမယ့် သောမတ်ဖရန့်က မန်ယူနဲ့ပွဲအပြီးမှာ

ယူနိုက်တက်ကို ပထမပိုင်းမှာ ဗျင်းနိုင်ခဲ့ကြောင်း ဆိုခဲ့သလို

၇၂ သန်းတန် ဆန်ချိုကို လူစာရင်းမှာတောင် မထည့်ဘူးလို့ ခနဲ့တဲ့တဲ့ပြောခဲ့တာပါ။

သောမတ်ဖရန့်ဟာ အကြောင်းစုံမသိဘဲနဲ့ အခုလိုပြောခဲ့တာလည်း ဖြစ်ပါတယ်။

ဒါကို မန်ယူပရိသတ်တွေက မကျေနပ်ကြဘဲ

သောမတ်ဖရန့်ကို တောင်းပန်မှုလုပ်ခိုင်းနေကြတာပါ။

ဆန်ချိုအနေနဲ့ မိသားစုအတွင်း နာရေးအခြေအနေနဲ့

ကြုံတွေ့နေရတာကြောင့် လာမယ့်စနေမှာ ကစားမယ့်

ဝက်စ်ဟမ်းနဲ့ အိုးလ်ထရက်ဖို့ဒ်က ပွဲမှာ ပါဝင်ကစားလာမလား၊

ခွင့်ဆက်လက်ယူအုံးမလားဆိုတာကတော့ မသိရသေးပါဘူး။

ဒီအင်္ဂလန်လက်ရွေးစင်ကစားသမားဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ

ရောက်လာပြီးကတည်းက ပရီးမီးယားလိဂ်မှာ အခြေကျဖို့ရုန်းကန်နေရပါတယ်။

၂၁ နှစ်အရွယ် ဆန်ချိုဟာ မန်ယူတွက် ပရီးမီးယားလိဂ် ၁၇ ပွဲမှာ ၁ ဂိုးသာ

သွင်းနိုင်သေးပြီး ဂိုးဖန်တီးမှုမလုပ်နိုင်သေးပါဘူး။

ဒါကြောင့် ပြီးခဲ့တဲ့ရာသီဘွန်ဒက်စ်လီဂါက

ခြေစွမ်းနဲ့ဆိုရင် အများကြီးကွာဟနေပါတယ်။

zawgyi

ဆန္ခ်ိဳကို ျပန္ေတာင္းပန္ေပးပါ ေသာမတ္ဖရန႔္

ပုဂၢိဳလ္ေရးအေၾကာင္းျပခ်က္ေတြနဲ႔ ဘရန႔္ဖို႔ဒ္နဲ႔ပြဲကို လြဲေခ်ာ္ခဲ့ရၿပီးေနာက္

မန္ယူေတာင္ပံကစားသမားဆန္ခ်ိဳဟာ ကြယ္လြန္သြားတဲ့အေဒၚျဖစ္သူနဲ႔ပတ္သက္လို႔

ဆိုရွယ္မီဒီယာထက္မွာ ပို႔စ္တင္လိုက္ပါတယ္။

သူ႔ရဲ႕Instagram အေကာင့္က story မွာ ဆန္ခ်ိဳဟာ

အနက္ေရာင္ background နဲ႔အတူ

”အန္တီဂ်န္ကို ကြၽန္ေတာ္ခ်စ္တယ္”လို႔ ပို႔စ္တင္ခဲ့တာပါ။

ဘရန႔္ဖို႔ဒ္ကို ၃-၁ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲအၿပီးမွာလည္း

မန္ယူနည္းျပရန္းနစ္က ဆန္ခ်ိဳဟာ မိသားစုဝင္တစ္ေယာက္ရဲ႕

နာေရးအေျခအေနေၾကာင့္ မပါႏိုင္တာျဖစ္ေၾကာင္း ေျပာၾကားထားပါတယ္။

အဲဒါေၾကာင့္ ဆန္ခ်ိနဲ႔ပတ္သက္ၿပီး ယူႏိုက္တက္ကို

ခနဲ႔တဲ့တဲ့ေျပာခဲ့တဲ့ ဘရန႔္ဖို႔ဒ္နည္းျပေသာမတ္ဖရန႔္အေနနဲ႔

ျပန္ေတာင္းပန္သင့္ေၾကာင္း မန္ယူပရိသတ္ေတြက

ဆိုရွယ္မီဒီယာထက္မွာ ေတာင္းဆိုေနၾကတာပါ။

ဂိုးျပတ္ရႈံးခဲ့ေပမယ့္ ေသာမတ္ဖရန႔္က မန္ယူနဲ႔ပြဲအၿပီးမွာ

ယူႏိုက္တက္ကို ပထမပိုင္းမွာ ဗ်င္းႏိုင္ခဲ့ေၾကာင္း ဆိုခဲ့သလို

၇၂ သန္းတန္ ဆန္ခ်ိဳကို လူစာရင္းမွာေတာင္ မထည့္ဘူးလို႔ ခနဲ႔တဲ့တဲ့ေျပာခဲ့တာပါ။

ေသာမတ္ဖရန႔္ဟာ အေၾကာင္းစုံမသိဘဲနဲ႔ အခုလိုေျပာခဲ့တာလည္း ျဖစ္ပါတယ္။

ဒါကို မန္ယူပရိသတ္ေတြက မေက်နပ္ၾကဘဲ

ေသာမတ္ဖရန႔္ကို ေတာင္းပန္မႈလုပ္ခိုင္းေနၾကတာပါ။

ဆန္ခ်ိဳအေနနဲ႔ မိသားစုအတြင္း နာေရးအေျခအေနနဲ႔

ႀကဳံေတြ႕ေနရတာေၾကာင့္ လာမယ့္စေနမွာ ကစားမယ့္

ဝက္စ္ဟမ္းနဲ႔ အိုးလ္ထရက္ဖို႔ဒ္က ပြဲမွာ ပါဝင္ကစားလာမလား၊

ခြင့္ဆက္လက္ယူအုံးမလားဆိုတာကေတာ့ မသိရေသးပါဘူး။

ဒီအဂၤလန္လက္ေ႐ြးစင္ကစားသမားဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ

ေရာက္လာၿပီးကတည္းက ပရီးမီးယားလိဂ္မွာ အေျခက်ဖို႔႐ုန္းကန္ေနရပါတယ္။

၂၁ ႏွစ္အ႐ြယ္ ဆန္ခ်ိဳဟာ မန္ယူတြက္ ပရီးမီးယားလိဂ္ ၁၇ ပြဲမွာ ၁ ဂိုးသာ

သြင္းႏိုင္ေသးၿပီး ဂိုးဖန္တီးမႈမလုပ္ႏိုင္ေသးပါဘူး။

ဒါေၾကာင့္ ၿပီးခဲ့တဲ့ရာသီဘြန္ဒက္စ္လီဂါက

ေျခစြမ္းနဲ႔ဆိုရင္ အမ်ားႀကီးကြာဟေနပါတယ္။