ဆန်ချိုကို နောက်ချန်တိုက်စစ်မှူးအဖြစ်အသစ်တစ်ဖန်မွေးဖွားဖို့ တန်ဟတ် ပြင်ဆင်နေ

နော်တင်ဟမ်နဲ့ပွဲမှာကစားခွင့်ပြန်ရခဲ့ပြီးနောက် ဆန်ချို သရုပ်ဆောင်ရမယ့်

နောက်ထပ် အခန်းကဏ္ဍကို တန်ဟတ်က ရှင်းပြခဲ့ပါတယ်။ ဆန်ချိုဟာ

အောက်တိုဘာလနောက်ပိုင်း ပထမဆုံးအနေနဲ့လူစားဝင်အဖြစ်ကနေ

ပွဲကစားခွင့်ပြန်ရခဲ့တာဖြစ်တယ်။ နည်းပြတန်ဟတ်အတွက်တော့

အင်္ဂလန်ကြယ်ပွင့်ပြန်လာနိုင်တာဟာ သူ့ရဲ့ဗျူဟာတွေကိုအလှည့်အပြောင်း

လုပ်ဖို့အတွက်အခွင့်ကောင်းဖြစ်နေပါတယ်။ နော်တင်ဟမ်နဲ့ပွဲစဉ်မှာတော့

ပထမပိုင်းအပြီး အန်တိုနီနေရာမှာ ဆန်ချိုလူစားဝင်ကစားခဲ့တာဖြစ်တယ်။

ဆန်ချိုဝင်လာတဲ့အချိန်မှာ ဘရူနိုဖာနန်ဒက်စ်ကွင်းထဲရှိနေပေမဲ့

ပေါ်တူဂီကြယ်ပွင့်ဟာ ညာတောင်ပံထွက်ကစားသွားခဲ့ပြီး အင်္ဂလန်

ကစားသမားက မာရှယ်ရဲ့နောက်ချန်တိုက်စစ်မှူးအဖြစ်ကစားသွားခဲ့ပါတယ်။

ပွဲအပြီး ဗျူဟာနဲ့ပက်သတ်တဲ့မေးမြန်းမှုတွေမှာတော့ တန်ဟတ်က

“အရင်က ဒါကိုလုပ်ဖူးတယ်လို့ထင်တယ်။ မင်းက ဘရူနိုကိုဖယ်လိုက်ပြီး

ကွင်းထဲမှာတက်ကြွမှုတစ်ခုကိုဖန်တီးတယ်၊ အဲ့ဒါက ငါတို့ကိုယ်တိုင်လုပ်ဖို့

ရည်ရွယ်ထားတာ။ ဆန်ချိုက နံပါတ် ၁၀ နေရာကစားနိုင်တယ်ဆိုတာ

ကျွန်တော်သိတယ်။ သူ တောင်ပံကစားသမားအဖြစ်ကစားနိုင်တယ်၊

နံပါတ် ၁၀ နေရာကစားနိုင်တယ်၊ ဒါပေမဲ့ မကြာခဏရောထွေးနေတယ်၊

ဒါကို ငါကြိုက်တယ်။ ရာထူးနေရာကိုယူရမှာဖြစ်ပေမဲ့ ကစားသမားတွေ

စည်းကမ်းလိုက်နာဖို့တော့လိုတယ်” လို့ ဆိုခဲ့ပါတယ်။

zawgyi

ဆန္ခ်ိဳကို ေနာက္ခ်န္တိုက္စစ္မႉးအျဖစ္အသစ္တစ္ဖန္ေမြးဖြားဖို႔ တန္ဟတ္ ျပင္ဆင္ေန

ေနာ္တင္ဟမ္နဲ႔ပြဲမွာကစားခြင့္ျပန္ရခဲ့ၿပီးေနာက္ ဆန္ခ်ိဳ သ႐ုပ္ေဆာင္ရမယ့္

ေနာက္ထပ္ အခန္းက႑ကို တန္ဟတ္က ရွင္းျပခဲ့ပါတယ္။ ဆန္ခ်ိဳဟာ

ေအာက္တိုဘာလေနာက္ပိုင္း ပထမဆုံးအေနနဲ႔လူစားဝင္အျဖစ္ကေန

ပြဲကစားခြင့္ျပန္ရခဲ့တာျဖစ္တယ္။ နည္းျပတန္ဟတ္အတြက္ေတာ့

အဂၤလန္ၾကယ္ပြင့္ျပန္လာႏိုင္တာဟာ သူ႔ရဲ႕ဗ်ဴဟာေတြကိုအလွည့္အေျပာင္း

လုပ္ဖို႔အတြက္အခြင့္ေကာင္းျဖစ္ေနပါတယ္။ ေနာ္တင္ဟမ္နဲ႔ပြဲစဥ္မွာေတာ့

ပထမပိုင္းအၿပီး အန္တိုနီေနရာမွာ ဆန္ခ်ိဳလူစားဝင္ကစားခဲ့တာျဖစ္တယ္။

ဆန္ခ်ိဳဝင္လာတဲ့အခ်ိန္မွာ ဘ႐ူႏိုဖာနန္ဒက္စ္ကြင္းထဲရွိေနေပမဲ့

ေပၚတူဂီၾကယ္ပြင့္ဟာ ညာေတာင္ပံထြက္ကစားသြားခဲ့ၿပီး အဂၤလန္

ကစားသမားက မာရွယ္ရဲ႕ေနာက္ခ်န္တိုက္စစ္မႉးအျဖစ္ကစားသြားခဲ့ပါတယ္။

ပြဲအၿပီး ဗ်ဴဟာနဲ႔ပက္သတ္တဲ့ေမးျမန္းမႈေတြမွာေတာ့ တန္ဟတ္က

“အရင္က ဒါကိုလုပ္ဖူးတယ္လို႔ထင္တယ္။ မင္းက ဘ႐ူႏိုကိုဖယ္လိုက္ၿပီး

ကြင္းထဲမွာတက္ႂကြမႈတစ္ခုကိုဖန္တီးတယ္၊ အဲ့ဒါက ငါတို႔ကိုယ္တိုင္လုပ္ဖို႔

ရည္႐ြယ္ထားတာ။ ဆန္ခ်ိဳက နံပါတ္ ၁၀ ေနရာကစားႏိုင္တယ္ဆိုတာ

ကြၽန္ေတာ္သိတယ္။ သူ ေတာင္ပံကစားသမားအျဖစ္ကစားႏိုင္တယ္၊

နံပါတ္ ၁၀ ေနရာကစားႏိုင္တယ္၊ ဒါေပမဲ့ မၾကာခဏေရာေထြးေနတယ္၊

ဒါကို ငါႀကိဳက္တယ္။ ရာထူးေနရာကိုယူရမွာျဖစ္ေပမဲ့ ကစားသမားေတြ

စည္းကမ္းလိုက္နာဖို႔ေတာ့လိုတယ္” လို႔ ဆိုခဲ့ပါတယ္။