
ဂိုးသမားဒေးဗစ်ဒီဂီယာဟာ ဇန်နဝါရီလအတွက်
မန်ယူအသင်းအကောင်းဆုံးကစားသမားအဖြစ်လည်း ရွေးချယ်ခံခဲ့ရပြန်ပါတယ်။
အဲဒီစပိန်သားဟာ အသင်းပရိသတ်တွေရဲ့မဲပေးရွေးချယ်မှုမှာ
ပြတ်ပြတ်သားသားဦးဆောင်နိုင်ခဲ့ပြီး ဆန္ဒမဲပေးမှုတွေရဲ့ ၆၇ ရာခိုင်နှုန်းကို ရရှိခဲ့တာပါ။
ကွင်းလယ်လူတွမ်မီနေးက ၁၂ ရာခိုင်နှုန်း၊
နောက်ထပ်ကွင်းလယ်လူတစ်ယောက်ဖြစ်တဲ့
ဖာနန်ဒက်စ်က ၁၁ ရာခိုင်နှုန်းနဲ့ လူငယ်ခြေတက်အီလန်ဂါက ၁၀ ရာခိုင်နှုန်းရခဲ့ပါတယ်။
ဒီဂီယာဟာ ၂၀၂၂ ရဲ့ပထမဆုံးလမှာ ၅ ပွဲကစားခဲ့ရပြီး
ဂိုးမပေးရပွဲ ၂ ပွဲသာရှိခဲ့ပေမယ့် ဒီဆုကို ရရှိခဲ့တာပါ။
အဲဒီလမှာ တွမ်မီးနေးနဲ့ ဖာနန်ဒက်စ်တို့အထူးခြေစွမ်းပြနိုင်ခဲ့ပေမယ့်
မဲရရှိမှုမှာ ဒီဂီယာရဲ့အနား မသီနိုင်ခဲ့ပါဘူး။
ဒီဂီယာဟာ ဇန်နဝါရီလအတွင်းမှာ ဂိုးကာကွယ်မှု ၂၂ ကြိမ်တောင် ရှိခဲ့ပြီး
ဒီရာသီမှာ အခုချိန်ထိ ဘယ်ပရီးမီးယားလိဂ်ဂိုးသမားကမှ
တစ်လအတွင်း အဲဒီလောက်ကာကွယ်မှု မလုပ်နိုင်ခဲ့ပါဘူး။
အခုဆိုရင် သူဟာ မန်ယူတစ်လတာအကောင်းဆုံးကစားသမားဆုကို
၃ လဆက်ရခဲ့တာဖြစ်ပြီး စက်တာဘာနဲ့ အောက်တိုဘာတို့မှာရရှိခဲ့တဲ့
စီရော်နယ်ဒိုထက် တစ်ကြိမ်အသာနဲ့ ဦးဆောင်နေပါတယ်။
ဒါ့အပြင် ဒီဂီယာဟာ တစ်လတာအကောင်းဆုံးကစားသမားဆုကို
၃ လဆက်ရခဲ့တဲ့ ပထမဆုံးမန်ယူကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။
နောက်ပြီး ဒီဂီယာဟာ အသင်းသမိုင်းတစ်လျှောက် ပေးဂိုးမဲ့ပွဲအများဆုံးစာရင်းမှာ
စုစုပေါင်း ၁၆၂ ပွဲနဲ့ တဖြည်းဖြည်းနဲ့ အဆင့်တက်လာခဲ့တာပါ။
၃၁ နှစ်အရွယ် ဒီဂီယာအနေနဲ့ ပီတာရှမိုကယ်ရဲ့ကလပ်စံချိန်ဖြစ်တဲ့
ပွဲ ၁၈၀ ကိုမီဖို့ နောက်ထပ် ၁၈ ပွဲသာ လိုတော့တာပါ။
zawgyi
ဆႏၵမဲေပးမႈေတြရဲ႕ ၆၇ ရာခိုင္ႏႈန္းနဲ႔ တစ္လတာအေကာင္းဆုံးကစားသမားဆုကို ရရွိခဲ့တဲ့ ဒီဂီယာ
ဂိုးသမားေဒးဗစ္ဒီဂီယာဟာ ဇန္နဝါရီလအတြက္
မန္ယူအသင္းအေကာင္းဆုံးကစားသမားအျဖစ္လည္း ေ႐ြးခ်ယ္ခံခဲ့ရျပန္ပါတယ္။
အဲဒီစပိန္သားဟာ အသင္းပရိသတ္ေတြရဲ႕မဲေပးေ႐ြးခ်ယ္မႈမွာ
ျပတ္ျပတ္သားသားဦးေဆာင္ႏိုင္ခဲ့ၿပီး ဆႏၵမဲေပးမႈေတြရဲ႕ ၆၇ ရာခိုင္ႏႈန္းကို ရရွိခဲ့တာပါ။
ကြင္းလယ္လူတြမ္မီေနးက ၁၂ ရာခိုင္ႏႈန္း၊
ေနာက္ထပ္ကြင္းလယ္လူတစ္ေယာက္ျဖစ္တဲ့
ဖာနန္ဒက္စ္က ၁၁ ရာခိုင္ႏႈန္းနဲ႔ လူငယ္ေျခတက္အီလန္ဂါက ၁၀ ရာခိုင္ႏႈန္းရခဲ့ပါတယ္။
ဒီဂီယာဟာ ၂၀၂၂ ရဲ႕ပထမဆုံးလမွာ ၅ ပြဲကစားခဲ့ရၿပီး
ဂိုးမေပးရပြဲ ၂ ပြဲသာရွိခဲ့ေပမယ့္ ဒီဆုကို ရရွိခဲ့တာပါ။
အဲဒီလမွာ တြမ္မီးေနးနဲ႔ ဖာနန္ဒက္စ္တို႔အထူးေျခစြမ္းျပႏိုင္ခဲ့ေပမယ့္
မဲရရွိမႈမွာ ဒီဂီယာရဲ႕အနား မသီႏိုင္ခဲ့ပါဘူး။
ဒီဂီယာဟာ ဇန္နဝါရီလအတြင္းမွာ ဂိုးကာကြယ္မႈ ၂၂ ႀကိမ္ေတာင္ ရွိခဲ့ၿပီး
ဒီရာသီမွာ အခုခ်ိန္ထိ ဘယ္ပရီးမီးယားလိဂ္ဂိုးသမားကမွ
တစ္လအတြင္း အဲဒီေလာက္ကာကြယ္မႈ မလုပ္ႏိုင္ခဲ့ပါဘူး။
အခုဆိုရင္ သူဟာ မန္ယူတစ္လတာအေကာင္းဆုံးကစားသမားဆုကို
၃ လဆက္ရခဲ့တာျဖစ္ၿပီး စက္တာဘာနဲ႔ ေအာက္တိုဘာတို႔မွာရရွိခဲ့တဲ့
စီေရာ္နယ္ဒိုထက္ တစ္ႀကိမ္အသာနဲ႔ ဦးေဆာင္ေနပါတယ္။
ဒါ့အျပင္ ဒီဂီယာဟာ တစ္လတာအေကာင္းဆုံးကစားသမားဆုကို
၃ လဆက္ရခဲ့တဲ့ ပထမဆုံးမန္ယူကစားသမားလည္း ျဖစ္လာခဲ့ပါတယ္။
ေနာက္ၿပီး ဒီဂီယာဟာ အသင္းသမိုင္းတစ္ေလွ်ာက္ ေပးဂိုးမဲ့ပြဲအမ်ားဆုံးစာရင္းမွာ
စုစုေပါင္း ၁၆၂ ပြဲနဲ႔ တျဖည္းျဖည္းနဲ႔ အဆင့္တက္လာခဲ့တာပါ။
၃၁ ႏွစ္အ႐ြယ္ ဒီဂီယာအေနနဲ႔ ပီတာရွမိုကယ္ရဲ႕ကလပ္စံခ်ိန္ျဖစ္တဲ့
ပြဲ ၁၈၀ ကိုမီဖို႔ ေနာက္ထပ္ ၁၈ ပြဲသာ လိုေတာ့တာပါ။