ဆက်လက်အာရုံအပြည့်စိုက်ထားဖို့ အသင်းဖော်တွေကို ရော်နယ်ဒို တိုက်တွန်း

ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုက တူရကီကို

ဂိုးပြတ်အနိုင်ယူကာ ကာတာကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ဖို့
လက်တစ်ကမ်းအလို ရောက်လာခဲ့ပြီးနောက် အသင်းအနေနဲ့
ဆက်လက်အာရုံအပြည့်စိုက်ထားဖို့ လိုအပ်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။
ပေါ်တူဂီဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအော့ဖ်
ဆီမီးဖိုင်နယ်မှာ တူရကီကို ၃-၁ ဂိုးနဲ့အနိုင်ရခဲ့တာဖြစ်ပြီး

ဂိုးပြတ်အနိုင်ရခဲ့တာမှန်ပေမယ့် အလှည့်အပြောင်းတွေနဲ့ရင်ဆိုင်ခဲ့ရပါသေးတယ်။
ပေါ်တူဂီဟာ အော်တာဗီယိုနဲ့ ဂျိုတာတို့ရဲ့ဂိုးတွေကြောင့်
ပထမပိုင်းမှာ ၂ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲပြီးဖို့
၂၅ မိနစ်အလိုမှာ ချေပဂိုးတစ်ဂိုး ပေးလိုက်ရသလို
ပွဲချိန် ၈၅ မိနစ်မှာလည်း ပင်နယ်တီပါ ပေးလိုက်ရပါတယ်။

ဒါပေမဲ့ ချေပဂိုးသွင်းထားတဲ့ တူရကီဝါရင့်တိုက်စစ်မှူး
ယီလ်မက်ဇ်ရဲ့ကန်သွင်းချက် မဝင်ခဲ့တာကြောင့်
ပေါ်တူဂီအသင်း သက်သာရာရသွားပြီး နာကျင်အချိန်ပိုမှာ
နူနက်စ်က အဆုံးသတ်ဂိုးသွင်းယူနိုင်ခဲ့လို့ ၃-၁ ဂိုးနဲ့အနိုင်ရခဲ့တာပါ။
ယူနိုက်တက်ကြယ်ပွင့် ရော်နယ်ဒိုက မိမိတို့ပေါ်တူဂီအသင်းအနေနဲ့

ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ဖို့ အရေးပါတဲ့ခြေလှမ်းတစ်ရပ်
လှမ်းနိုင်ခဲ့တာမှန်ပေမယ့် ဆက်လက်အာရုံစိုက်ထားရမယ်လို့ ဆိုပါတယ်။
”ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ဖို့ ပထမခြေလှမ်း လှမ်းနိုင်ခဲ့ပါပြီ။
ကျွန်တော်တို့အနေနဲ့ ဘာတစ်ခုမှ အနိုင်မရသေးပါဘူး။
သေသေချာချာကြိုးစားရဦးမှာဖြစ်ပြီး အာရုံအပြည့်စိုက်ရပါဦးမယ်။

ပြိုင်ဘက်ကို လေးစားမှုအပြည့်ရှိပေမယ့် ကျွန်တော်တို့အသင်း
ခြေစစ်ပွဲအောင်မြင်လိမ့်မယ်လို့ ယုံကြည်ပါတယ်”လို့ ရော်နယ်ဒိုက
သူ့ရဲ့လူမှုမီဒီယာမှာ ရေးသားခဲ့ပါတယ်။
ပေါ်တူဂီအသင်းဟာ နောက်ဆုံးခြေစစ်ပွဲအဖြစ်
မတ်လ ၃၀ ရက်နေ့မှာ မြောက်မက်ဆီဒိုးနီးယားနဲ့

အိမ်ကွင်းပွဲကစားရမှာဖြစ်ပြီး မြောက်မက်ဆီဒိုးနီးယားက
ယူရို ၂၀၂၀ ချန်ပီယံ အီတလီကို အဝေးကွင်းမှာ
အံ့အားသင့်ဖွယ် ဝ-၁ ဂိုးနဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။

Zawgyi

ဆက္လက္အာရုံအျပည့္စုိက္ထားဖို႔ အသင္းေဖာ္ေတြကို ေရာ္နယ္ဒို တုိက္တြန္း
ေပၚတူဂီအသင္းေခါင္းေဆာင္ ေရာ္နယ္ဒိုက တူရကီကို
ဂိုးျပတ္အႏုိင္ယူကာ ကာတာကမၻာ့ဖလားေျခစစ္ပြဲေအာင္ျမင္ဖို႔
လက္တစ္ကမ္းအလုိ ေရာက္လာခဲ့ၿပီးေနာက္ အသင္းအေနနဲ႔

ဆက္လက္အာရုံအျပည့္စုိက္ထားဖို႔ လုိအပ္တယ္လုိ႔ တိုက္တြန္းလုိက္ပါတယ္။
ေပၚတူဂီဟာ ကမၻာ့ဖလားေျခစစ္ပြဲ ပေလးေအာ့ဖ္
ဆီမီးဖုိ္င္နယ္မွာ တူရကီကို ၃-၁ ဂိုးနဲ႔အႏိုင္ရခဲ့တာျဖစ္ၿပီး
ဂိုးျပတ္အႏိုင္ရခဲ့တာမွန္ေပမယ့္ အလွည့္အေျပာင္းေတြနဲ႔ရင္ဆုိင္ခဲ့ရပါေသးတယ္။
ေပၚတူဂီဟာ ေအာ္တာဗီယိုနဲ႔ ဂ်ိဳတာတုိ႔ရဲ႕ဂိုးေတြေၾကာင့္

ပထမပိုင္းမွာ ၂ဂိုးျပတ္ဦးေဆာင္နို္င္ခဲ့ေပမယ့္ ပြဲၿပီးဖို႔
၂၅ မိနစ္အလုိမွာ ေခ်ပဂိုးတစ္ဂိုး ေပးလုိက္ရသလုိ
ပြဲခ်ိန္ ၈၅ မိနစ္မွာလည္း ပင္နယ္တီပါ ေပးလုိက္ရပါတယ္။
ဒါေပမဲ့ ေခ်ပဂိုးသြင္းထားတဲ့ တူရကီ၀ါရင့္တုိက္စစ္မွဴး
ယီလ္မက္ဇ္ရဲ႕ကန္သြင္းခ်က္ မ၀င္ခဲ့တာေၾကာင့္

ေပၚတူဂီအသင္း သက္သာရာရသြားၿပီး နာက်င္အခ်ိန္ပိုမွာ
ႏူနက္စ္က အဆုံးသတ္ဂိုးသြင္းယူႏုိင္ခဲ့လုိ႔ ၃-၁ ဂိုးနဲ႔အႏိုင္ရခဲ့တာပါ။
ယူႏုိက္တက္ၾကယ္ပြင့္ ေရာ္နယ္ဒိုက မိမိတုိ႔ေပၚတူဂီအသင္းအေနနဲ႔
ကမၻာ့ဖလားေျခစစ္ပြဲေအာင္ျမင္ဖို႔ အေရးပါတဲ့ေျခလွမ္းတစ္ရပ္
လွမ္းႏိုင္ခဲ့တာမွန္ေပမယ့္ ဆက္လက္အာရုံစိုက္ထားရမယ္လုိ႔ ဆုိပါတယ္။

”ကမၻာ့ဖလားေျခစစ္ပြဲေအာင္ျမင္ဖုိ႔ ပထမေျခလွမ္း လွမ္းႏုိင္ခဲ့ပါၿပီ။
ကၽြန္ေတာ္တုိ႔အေနနဲ႔ ဘာတစ္ခုမွ အႏုိင္မရေသးပါဘူး။
ေသေသခ်ာခ်ာႀကိဳးစားရဦးမွာျဖစ္ၿပီး အာရုံအျပည့္စိုက္ရပါဦးမယ္။
ၿပိဳင္ဘက္ကို ေလးစားမႈအျပည့္ရွိေပမယ့္ ကၽြန္ေတာ္တုိ႔အသင္း
ေျခစစ္ပြဲေအာင္ျမင္လိမ့္မယ္လုိ႔ ယုံၾကည္ပါတယ္”လုိ႔ ေရာ္နယ္ဒိုက

သူ႕ရဲ႕လူမႈမီဒီယာမွာ ေရးသားခဲ့ပါတယ္။
ေပၚတူဂီအသင္းဟာ ေနာက္ဆုံးေျခစစ္ပြဲအျဖစ္
မတ္လ ၃၀ ရက္ေန႔မွာ ေျမာက္မက္ဆီဒိုးနီးယားနဲ႔
အိမ္ကြင္းပြဲကစားရမွာျဖစ္ၿပီး ေျမာက္မက္ဆီဒိုးနီးယားက
ယူရို ၂၀၂၀ ခ်န္ပီယံ အီတလီကို အေ၀းကြင္းမွာ

အံ့အားသင့္ဖြယ္ ၀-၁ ဂိုးနဲ႔အႏိုင္ရခဲ့တာျဖစ္ပါတယ္။