
အိမ်တွင်းအကြမ်းဖက်မှု ၊ မုဒိန်းကျင့်ရန် ကြံစည်မှု ၊ လူသတ်ရန် ကြံစည်မှုတို့နဲ့
စွဲချက်တင်ခံထားရတဲ့ ယူနိုက်တက် တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်ကို
ချုပ်နှောင်ထားရာကနေ ပြန်လွှတ်လိုက်ကြောင်း ဂရိတ် မန်ချက်စတာရဲတပ်ဖွဲ့က
ထုတ်ပြန် ကြေညာလိုက်ပါတယ်။
ပြီးခဲ့တဲ့တနင်္ဂနွေက ဂရင်းဝုဒ်ရဲ့ အတူနေချစ်သူ ဟာရစ်ရော့ဘ်ဆင်ရဲ့
သွေးထွက်သံယိုပုံရိပ်တွေ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့လာပြီး နာရီပိုင်းအကြာမှာပဲ
ဂရိတ်မန်ချက်စတာရဲတပ်ဖွဲ့က ဂရင်းဝုဒ်ကို ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။
အင်္ဂါနေ့မှာတော့ ဂရင်းဝုဒ်ကို လူသတ်ရန်ကြိုးပမ်းမှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေနဲ့
ထပ်မံ စွဲချက်တင်ခဲ့ပါတယ်။
ဂရိတ်မန်ချက်စတာရဲတပ်ဖွဲ့ဟာ ဂရင်းဝုဒ်ကို စုံစမ်းစစ်ဆေးဖို့အတွက် ပုံမှန်ထက်
အချိန်တိုးမြှင့်ရယူခဲ့ပြီး အခုချိန်မှာတော့ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။
ဒေးလီးမေးလ်သတင်းဌာနက မိုက်ကီးဂန်းကလည်း ဒီသတင်းနဲ့ပတ်သက်လို့
ရဲတပ်ဖွဲ့ဘက်က အတည်ပြုပေးထားတယ်လို့ ထပ်ဆောင်းအတည်ပြုပေးခဲ့ပါတယ်။
ဒါ့အပြင် ဒီအမှုနဲ့ ပတ်သက်ပြီး စစ်ဆေးနေမှုတွေကိုလည်း ခေတ္တ ရပ်တန့်လိုက်ကြောင်း
သိရပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
“မုဒိန်းကျင့်ရန် ကြံစည်မှု ၊ အမျိုးသမီး တစ်ဦးကို အကြမ်းဖက်မှုတို့ကြောင့်
ဖမ်းဆီးထိန်းသိမ်းထားတဲ့ အသက်၂၀ကျော် အရွယ် လူငယ် တစ်ဦးကို ထိန်းသိမ်းထားရာကနေ
ပြန်လွှတ်လိုက်ပါတယ်။ ဒါ့အပြင် စုံစမ်းစစ်ဆေးမှုတွေကိုလည်း ရပ်တန့်ထားပါတယ်”
ဂရင်းဝုဒ်ဟာ အချုပ်ကလွတ်ပေမယ့် ရှေ့ဆက် သူရင်ဆိုင်ရမယ့် ကိစ္စတွေအများကြီးရှိပါသေးတယ်။
တကယ်လို့ အမှုနဲ့ပတ်သက်ပြီး ကွင်းလုံးကျွတ်လွတ်ရင်တောင် ကစားသမားဘဝအတွက်
ပရိသတ် အားပေးမှုရအောင် ၊ နာမည်ကောင်းပြန်ရအောင် အပြင်းအထန် ကြိုးစားရပါအုံးမယ်။
Zawgyi
စြဲခ်က္ေတြ ထပ္တိုးလာေပမဲ့ အခ်ဳပ္ကေန ျပန္လြတ္လာတဲ့ ဂရင္းဝုဒ္
အိမ္တြင္းအၾကမ္းဖက္မႈ ၊ မုဒိန္းက်င့္ရန္ ႀကံစည္မႈ ၊ လူသတ္ရန္ ႀကံစည္မႈတို႔နဲ႔
စြဲခ်က္တင္ခံထားရတဲ့ ယူႏိုက္တက္ တိုက္စစ္မႉး ေမဆန္ ဂရင္းဝုဒ္ကို
ခ်ဳပ္ေႏွာင္ထားရာကေန ျပန္လႊတ္လိုက္ေၾကာင္း ဂရိတ္ မန္ခ်က္စတာရဲတပ္ဖြဲ႕က
ထုတ္ျပန္ ေၾကညာလိုက္ပါတယ္။
ၿပီးခဲ့တဲ့တနဂၤေႏြက ဂရင္းဝုဒ္ရဲ႕ အတူေနခ်စ္သူ ဟာရစ္ေရာ့ဘ္ဆင္ရဲ႕
ေသြးထြက္သံယိုပုံရိပ္ေတြ ဆိုရွယ္မီဒီယာေပၚမွာ ပ်ံ႕ႏွံ႔လာၿပီး နာရီပိုင္းအၾကာမွာပဲ
ဂရိတ္မန္ခ်က္စတာရဲတပ္ဖြဲ႕က ဂရင္းဝုဒ္ကို ဖမ္းဆီးထိန္းသိမ္းခဲ့တာျဖစ္ပါတယ္။
အဂၤါေန႔မွာေတာ့ ဂရင္းဝုဒ္ကို လူသတ္ရန္ႀကိဳးပမ္းမႈ၊ လိင္ပိုင္းဆိုင္ရာအၾကမ္းဖက္မႈေတြနဲ႔
ထပ္မံ စြဲခ်က္တင္ခဲ့ပါတယ္။
ဂရိတ္မန္ခ်က္စတာရဲတပ္ဖြဲ႕ဟာ ဂရင္းဝုဒ္ကို စုံစမ္းစစ္ေဆးဖို႔အတြက္ ပုံမွန္ထက္
အခ်ိန္တိုးျမႇင့္ရယူခဲ့ၿပီး အခုခ်ိန္မွာေတာ့ အာမခံနဲ႔ ျပန္လႊတ္ေပးခဲ့တာျဖစ္ပါတယ္။
ေဒးလီးေမးလ္သတင္းဌာနက မိုက္ကီးဂန္းကလည္း ဒီသတင္းနဲ႔ပတ္သက္လို႔
ရဲတပ္ဖြဲ႕ဘက္က အတည္ျပဳေပးထားတယ္လို႔ ထပ္ေဆာင္းအတည္ျပဳေပးခဲ့ပါတယ္။
ဒါ့အျပင္ ဒီအမႈနဲ႔ ပတ္သက္ၿပီး စစ္ေဆးေနမႈေတြကိုလည္း ေခတၱ ရပ္တန႔္လိုက္ေၾကာင္း
သိရပါတယ္။
ရဲတပ္ဖြဲ႕ရဲ႕ ထုတ္ျပန္ခ်က္ကေတာ့ ေအာက္ပါအတိုင္းပဲ ျဖစ္ပါတယ္။
“မုဒိန္းက်င့္ရန္ ႀကံစည္မႈ ၊ အမ်ိဳးသမီး တစ္ဦးကို အၾကမ္းဖက္မႈတို႔ေၾကာင့္
ဖမ္းဆီးထိန္းသိမ္းထားတဲ့ အသက္၂၀ေက်ာ္ အ႐ြယ္ လူငယ္ တစ္ဦးကို ထိန္းသိမ္းထားရာကေန
ျပန္လႊတ္လိုက္ပါတယ္။ ဒါ့အျပင္ စုံစမ္းစစ္ေဆးမႈေတြကိုလည္း ရပ္တန႔္ထားပါတယ္”
ဂရင္းဝုဒ္ဟာ အခ်ဳပ္ကလြတ္ေပမယ့္ ေရွ႕ဆက္ သူရင္ဆိုင္ရမယ့္ ကိစၥေတြအမ်ားႀကီးရွိပါေသးတယ္။
တကယ္လို႔ အမႈနဲ႔ပတ္သက္ၿပီး ကြင္းလုံးကြၽတ္လြတ္ရင္ေတာင္ ကစားသမားဘဝအတြက္
ပရိသတ္ အားေပးမႈရေအာင္ ၊ နာမည္ေကာင္းျပန္ရေအာင္ အျပင္းအထန္ ႀကိဳးစားရပါအုံးမယ္။