စွဲချက်တွေအားလုံးက လွတ်ကင်းခဲ့ပြီးနောက် နှုတ်ဆိတ်နေမှုတွေကို ဂရင်းဝုဒ် ချိုးဖျက်လိုက်ပြီ

မုဒိမ်းမှုအပါအဝင် ကိုယ်ထိလက်ရောက်ကျူးလွန်မှုစွဲချက်တွေကနေ

လွတ်ကင်းခဲ့ပြီးနောက် ဂရင်းဝုဒ်ဘက်က နှုတ်ဆိတ်နေမှုတွေကို

ချိုးဖျက်လိုက်ပြီလို့ The Sun သတင်းစာကရေးသားလိုက်ပါတယ်။

အသက် ၂၁ နှစ်အရွယ် ယူနိုက်တက်တိုက်စစ်မှူးက “ဒီကိစ္စပြီးသွားတဲ့အတွက်

စိတ်သက်သာရာရခဲ့ပြီး အားပေးခဲ့ကြတဲ့ မိသားစုနဲ့ ချစ်ရတဲ့သူငယ်ချင်းတွေ

အားလုံးကို ကျေးဇူးတင်ပါတယ်။ အခုလိုအချိန်မှာ နောက်ထပ်

မှတ်ချက်ပေးစရာမရှိသေးပါဘူး” လို့ ပြောဆိုလာတာဖြစ်တယ်။

ကလပ်ဘက်ကတော့ ဂရင်းဝုဒ်နဲ့ပက်သတ်တဲ့ နောက်ထပ်ခြေလှမ်းတွေကို

ဆုံးဖြတ်မယ်လို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ယူနိုက်တက်အသင်းက “ဂရင်းဝုဒ်အပေါ်စွဲချက်အားလုံးရုပ်သိမ်းလိုက်တဲ့

Crown တရားစွဲဆိုရေးဌာနရဲ့ဆုံးဖြတ်ချက်ကို မန်ချက်စတာ

ယူနိုက်တက်ဘက်က အသိအမှတ်ပြုပါတယ်။ ကလပ်ဘက်က

လာမယ့်အဆင့်တွေကိုမဆုံးဖြတ်ခင်မှာ ကိုယ်ပိုင်လုပ်ငန်းစဉ်အတိုင်း

လုပ်ဆောင်သွားဦးမှာပါ” လို့ ထုတ်ပြန်ထားတာဖြစ်တယ်။

စွဲချက်တွေလွတ်ကင်းခဲ့ပြီးနောက် ယူနိုက်တက်အသင်းတရားဝင်

ဝက်ဘ်ဆိုက်ရဲ့အသင်းလူစာရင်းထဲမှာ ဂရင်းဝုဒ်ပြန်ပါလာခဲ့ပါတယ်။

ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့နှစ်ဇန်နဝါရီလမှာ သူ့ရဲ့နေအိမ်အတွင်း

ဖမ်းဆီးခံရပြီးနောက် ယူနိုက်တက်အသင်းမှာပါဝင်ခွင့်နဲ့

တစ်နှစ်ကျော်ကြာဝေးကွာနေခဲ့ရသူဖြစ်တယ်။

zawgyi

စြဲခ်က္ေတြအားလုံးက လြတ္ကင္းခဲ့ၿပီးေနာက္ ႏႈတ္ဆိတ္ေနမႈေတြကို ဂရင္းဝုဒ္ ခ်ိဳးဖ်က္လိုက္ၿပီ

မုဒိမ္းမႈအပါအဝင္ ကိုယ္ထိလက္ေရာက္က်ဴးလြန္မႈစြဲခ်က္ေတြကေန

လြတ္ကင္းခဲ့ၿပီးေနာက္ ဂရင္းဝုဒ္ဘက္က ႏႈတ္ဆိတ္ေနမႈေတြကို

ခ်ိဳးဖ်က္လိုက္ၿပီလို႔ The Sun သတင္းစာကေရးသားလိုက္ပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္ ယူႏိုက္တက္တိုက္စစ္မႉးက “ဒီကိစၥၿပီးသြားတဲ့အတြက္

စိတ္သက္သာရာရခဲ့ၿပီး အားေပးခဲ့ၾကတဲ့ မိသားစုနဲ႔ ခ်စ္ရတဲ့သူငယ္ခ်င္းေတြ

အားလုံးကို ေက်းဇူးတင္ပါတယ္။ အခုလိုအခ်ိန္မွာ ေနာက္ထပ္

မွတ္ခ်က္ေပးစရာမရွိေသးပါဘူး” လို႔ ေျပာဆိုလာတာျဖစ္တယ္။

ကလပ္ဘက္ကေတာ့ ဂရင္းဝုဒ္နဲ႔ပက္သတ္တဲ့ ေနာက္ထပ္ေျခလွမ္းေတြကို

ဆုံးျဖတ္မယ္လို႔ ေၾကညာခ်က္ထုတ္ျပန္ထားပါတယ္။

ယူႏိုက္တက္အသင္းက “ဂရင္းဝုဒ္အေပၚစြဲခ်က္အားလုံး႐ုပ္သိမ္းလိုက္တဲ့

Crown တရားစြဲဆိုေရးဌာနရဲ႕ဆုံးျဖတ္ခ်က္ကို မန္ခ်က္စတာ

ယူႏိုက္တက္ဘက္က အသိအမွတ္ျပဳပါတယ္။ ကလပ္ဘက္က

လာမယ့္အဆင့္ေတြကိုမဆုံးျဖတ္ခင္မွာ ကိုယ္ပိုင္လုပ္ငန္းစဥ္အတိုင္း

လုပ္ေဆာင္သြားဦးမွာပါ” လို႔ ထုတ္ျပန္ထားတာျဖစ္တယ္။

စြဲခ်က္ေတြလြတ္ကင္းခဲ့ၿပီးေနာက္ ယူႏိုက္တက္အသင္းတရားဝင္

ဝက္ဘ္ဆိုက္ရဲ႕အသင္းလူစာရင္းထဲမွာ ဂရင္းဝုဒ္ျပန္ပါလာခဲ့ပါတယ္။

ဂရင္းဝုဒ္ဟာ ၿပီးခဲ့တဲ့ႏွစ္ဇန္နဝါရီလမွာ သူ႔ရဲ႕ေနအိမ္အတြင္း

ဖမ္းဆီးခံရၿပီးေနာက္ ယူႏိုက္တက္အသင္းမွာပါဝင္ခြင့္နဲ႔

တစ္ႏွစ္ေက်ာ္ၾကာေဝးကြာေနခဲ့ရသူျဖစ္တယ္။