စွမ်းဆောင်မှုဇီးရိုးတွေများခဲ့တဲ့ စီရော်နယ်ဒို

အက်သလက်တီကိုလို့ဆိုလိုက်တာနဲ့ စီရော်နယ်ဒိုဟာ အမြဲတက်ကြွနေလေ့ရှိပြီး

သူ့ကစားသမားဘဝမှာ အဲဒီပြိုင်ဘက်ကို ဒုက္ခအပေးနိုင်ဆုံးလည်း ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ဗုဒ္ဓဟူးညချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့မှာတော့

မျှော်လင့်ထားသလို မဖြစ်ခဲ့ဘဲ သူ့အတွက် မေ့ပစ်ချင်စရာ

အကောင်းဆုံးပွဲတွေထဲက တစ်ပွဲဖြစ်ခဲ့တာပါ။

အဲဒီပွဲက မန်ယူတိုက်စစ်မှာ စီရော်နယ်ဒိုဟာ တစ်ယောက်တည်း

အထီးကျန်နေသလို ဖြစ်ခဲ့ပါတယ်။

ပွဲစဉ်တစ်လျှောက်လုံးမှာလည်း သူဟာ ခေါင်းကိုခါယမ်းနေလိုက်၊

လက်ကိုမြှောက်နေလိုက်နဲ့ စိတ်ပျက်တဲ့အမူအယာတွေပြခဲ့တာပါ။

ပွဲချိန်နှောင်းပိုင်းမှာ ပြိုင်ဘက်ပင်နယ်တီဧရိယာနား ဖရီးကစ်ကန်ခွင့်ရတော့လည်း

စီရော်နယ်ဒိုရဲ့ကန်ချက်က များပြီး ပရိသတ်တွေရှိရာဆီသာ ရောက်ခဲ့လို့

ပြိုင်ဘက်ပရိသတ်တွေရဲ့လှောင်ပြောင်ခြင်းကို ခံခဲ့ရပါတယ်။

တစ်ပွဲလုံးမှာမှ စီရော်နယ်ဒိုရဲ့ဂိုးရရေးကြိုးပမ်းမှုကန်ချက်ဟာ ၂ ကြိမ်သာရှိခဲ့ပါတယ်။

ဒါ့အပြင် ပြိုင်ဘက်ပင်နယ်တီဧရိယာအတွင်း

ဘောလုံးထိချက်ကလည်း ၁ ကြိမ်သာရှိခဲ့တာပါ။

တစ်ဦးချင်းလိမ်ခေါက်ကျော်ဖြတ်နိုင်မှာဆို ဇီးရိုးဖြစ်ပြီး

အခွင့်အရေးဖန်တီးမှုမှာလည်း ဇီးရိုးဖြစ်ခဲ့ပါတယ်။

နောက်ပြီး ဂိုးပေါက်တည့်ကန်ချက်က ဇီးရိုးဖြစ်သလို

ဖြတ်တင်ဘောကလည်း ဇီးရိုးဖြစ်ခဲ့တာပါ။

နာမည်ကြီးအင်္ဂလန်သတင်းစာတစ်စောင်ဖြစ်တဲ့ Daily Mail ရဲ့အဲဒီပွဲက

မန်ယူကစားသမားတွေရဲ့စွမ်းဆောင်ရည်အဆင့်သတ်မှတ်ချက်မှာဆိုရင်

စီရော်နယ်ဒိုဟာ ၁၀ မှာ ၅ သာရရှိခဲ့တာပါ။

၃၇ နှစ်အရွယ် အဲဒီပေါ်တူဂီစူပါစတားဟာ သူ့ရဲ့မန်ယူအတွက်

ပြိုင်ပွဲအရပ်ရပ်နောက်ဆုံး ၉ ပွဲမှာ ၁ ဂိုးသာသွင်းယူနိုင်ခဲ့လို့

နည်းပြရန်းနစ်အတွက် သူ့ခြေစွမ်းအပေါ် စိုးရိမ်စရာဖြစ်နေပါတယ်။

zawgyi

စြမ္းေဆာင္မႈဇီး႐ိုးေတြမ်ားခဲ့တဲ့ စီေရာ္နယ္ဒို

အက္သလက္တီကိုလို႔ဆိုလိုက္တာနဲ႔ စီေရာ္နယ္ဒိုဟာ အၿမဲတက္ႂကြေနေလ့ရွိၿပီး

သူ႔ကစားသမားဘဝမွာ အဲဒီၿပိဳင္ဘက္ကို ဒုကၡအေပးႏိုင္ဆုံးလည္း ျဖစ္ခဲ့ပါတယ္။

ဒါေပမဲ့ ၿပီးခဲ့တဲ့ဗုဒၶဟူးညခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ပထမအေက်ာ့မွာေတာ့

ေမွ်ာ္လင့္ထားသလို မျဖစ္ခဲ့ဘဲ သူ႔အတြက္ ေမ့ပစ္ခ်င္စရာ

အေကာင္းဆုံးပြဲေတြထဲက တစ္ပြဲျဖစ္ခဲ့တာပါ။

အဲဒီပြဲက မန္ယူတိုက္စစ္မွာ စီေရာ္နယ္ဒိုဟာ တစ္ေယာက္တည္း

အထီးက်န္ေနသလို ျဖစ္ခဲ့ပါတယ္။

ပြဲစဥ္တစ္ေလွ်ာက္လုံးမွာလည္း သူဟာ ေခါင္းကိုခါယမ္းေနလိုက္၊

လက္ကိုေျမႇာက္ေနလိုက္နဲ႔ စိတ္ပ်က္တဲ့အမူအယာေတြျပခဲ့တာပါ။

ပြဲခ်ိန္ေႏွာင္းပိုင္းမွာ ၿပိဳင္ဘက္ပင္နယ္တီဧရိယာနား ဖရီးကစ္ကန္ခြင့္ရေတာ့လည္း

စီေရာ္နယ္ဒိုရဲ႕ကန္ခ်က္က မ်ားၿပီး ပရိသတ္ေတြရွိရာဆီသာ ေရာက္ခဲ့လို႔

ၿပိဳင္ဘက္ပရိသတ္ေတြရဲ႕ေလွာင္ေျပာင္ျခင္းကို ခံခဲ့ရပါတယ္။

တစ္ပြဲလုံးမွာမွ စီေရာ္နယ္ဒိုရဲ႕ဂိုးရေရးႀကိဳးပမ္းမႈကန္ခ်က္ဟာ ၂ ႀကိမ္သာရွိခဲ့ပါတယ္။

ဒါ့အျပင္ ၿပိဳင္ဘက္ပင္နယ္တီဧရိယာအတြင္း

ေဘာလုံးထိခ်က္ကလည္း ၁ ႀကိမ္သာရွိခဲ့တာပါ။

တစ္ဦးခ်င္းလိမ္ေခါက္ေက်ာ္ျဖတ္ႏိုင္မွာဆို ဇီး႐ိုးျဖစ္ၿပီး

အခြင့္အေရးဖန္တီးမႈမွာလည္း ဇီး႐ိုးျဖစ္ခဲ့ပါတယ္။

ေနာက္ၿပီး ဂိုးေပါက္တည့္ကန္ခ်က္က ဇီး႐ိုးျဖစ္သလို

ျဖတ္တင္ေဘာကလည္း ဇီး႐ိုးျဖစ္ခဲ့တာပါ။

နာမည္ႀကီးအဂၤလန္သတင္းစာတစ္ေစာင္ျဖစ္တဲ့ Daily Mail ရဲ႕အဲဒီပြဲက

မန္ယူကစားသမားေတြရဲ႕စြမ္းေဆာင္ရည္အဆင့္သတ္မွတ္ခ်က္မွာဆိုရင္

စီေရာ္နယ္ဒိုဟာ ၁၀ မွာ ၅ သာရရွိခဲ့တာပါ။

၃၇ ႏွစ္အ႐ြယ္ အဲဒီေပၚတူဂီစူပါစတားဟာ သူ႔ရဲ႕မန္ယူအတြက္

ၿပိဳင္ပြဲအရပ္ရပ္ေနာက္ဆုံး ၉ ပြဲမွာ ၁ ဂိုးသာသြင္းယူႏိုင္ခဲ့လို႔

နည္းျပရန္းနစ္အတြက္ သူ႔ေျခစြမ္းအေပၚ စိုးရိမ္စရာျဖစ္ေနပါတယ္။