စွပ်စွဲချက်တွေခိုင်လုံပြီး ရိုင်ယန်ဂစ်ဟာ စရိုက်မကောင်းတဲ့လက္ခဏာရှိတယ်လို့ အစိုးရရှေ့နေအဖွဲ့ ယုံကြည်နေ

လက်ရှိရင်ဆိုင်ရတဲ့ အမှုနဲ့ပတ်သက်ပြီး မန်ယူကစားသမားဟောင်း ရိုင်ယန်ဂစ်မှာ နိမိတ်ပုံရိပ် မကောင်းတဲ့ စရိုက်လက္ခဏာမျိုးတွေ ရှိနေတယ်လို့ အစိုးရရှေ့နေအဖွဲ့က ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။ အသက် ၄၈ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဝေးလ်လက်ရွေးစင်ဟောင်းဟာ

ရည်းစားဟောင်းနဲ့ ညီမဖြစ်သူတို့ကို ကိုယ်ထိလက်ရောက် အကြမ်းဖက်စော်ကားမှုတွေ ပြုလုပ်ခဲ့တာကြောင့် တရားခွင်မှာ အမှုရင်ဆိုင်နေရသူ ဖြစ်ပါ တယ်။ အဲဒီအမှုကြောင့်ပဲ ဂစ်ဟာ ဝေးလ်လက်ရွေးစင်အသင်း နည်းပြရာထူးကနေ ဖယ်ရှားခံခဲ့ရတာဖြစ်ပြီး ရည်းစားဟောင်း ကိတ်ဂရီဗယ်လီကို

ကိုယ်ထိလက်ရောက်ကျူးလွန်မှု၊ ညီမငယ် အမ်မာတို့ကို ရိုက်နှက်မှုတို့နဲ့ တရားရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ရည်ရွယ်ချက်ရှိရှိ အကျပ်ကိုင်စေခိုင်းမှုဆိုတဲ့ စွဲချက်တစ်ခုနဲ့လည်း တရားရင်ဆိုင်နေရသူဖြစ်ပါတယ်။ ဒါပေမဲ့ ဂစ်ရဲ့ ရှေ့နေအဖွဲ့ကတော့ ဒီစွဲဆိုချက်တွေဟာ တရားမမှု မမြောက်သလို

လိုရာစွဲပြီး မမှန်မကန် ပြောဆိုတာတွေ၊ ပုံကြီးချဲ့တာတွေနဲ့ အလိမ်အညာစကားရပ်တွေအပေါ် အခြေခံပြီး အမှုတည်ဆောက်ထားတာ ဖြစ်တယ်လို့ ခုခံချေပခဲ့ပါတယ်။ အစိုးရရှေ့နေတွေဘက်က အမှုဖွင့် တရားစွဲဆိုရာမှာတော့ ဂစ်နဲ့ ရည်းစားဟောင်းဖြစ်သူတို့အကြား အဖုအထစ်တွေရှိခဲ့ပြီး အဆိပ်အတောက်ဖြစ်စေတဲ့ ဆက်ဆံရေးမျိုး ရှိခဲ့တာကို

ထင်ထင်ရှားရှား တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ‘’ဘောလုံးကွင်းထဲမှာ သူလုပ်ပြခဲ့တာတွေကတော့ တော်တော်လေးကို လက်ဖျားခါလောက်ပါတယ်။ တကယ့်ကိုလည်း ခမ်းနား လှပပါတယ်။ ကွင်း ပြင်ပအရေး၊ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်တွေ၊ နေအိမ်နဲ့ နောက်ကွယ်က အကြောင်းအရင်းတွေမှာတော့ သူဟာ ပိုပြီး

အရုပ်ဆိုး အကျည်းတန်တဲ့ အရာတွေနဲ့ သူ့ရဲ့ ကိုယ်ကျင့်သိက္ခာကို ထိခိုက်စေတဲ့ နိမိတ်ပုံတွေ ပိုများနေ ခဲ့ပါတယ်’’ လို့ အစိုးရရှေ့နေဖြစ်တဲ့ ပီတာရိုက်က ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် အမျိုးသမီးတစ်ဦးကို စနစ်တကျ ရည်ရွယ်ပြီး နိုင်လိုမင်းထက် ပြုမူဆက်ဆံတာမျိုးတွေက ဒီအမှုအတွက် လုံလောက်တဲ့ စွဲချက်မျိုးတွေဖြစ် တယ်လို့လည်း ပီတာရိုက်က ပြောဆိုခဲ့ပါတယ်။

‘’အမျိုးသမီးတစ်ဦးအပေါ် စနစ်တကျနဲ့ အကြမ်းဖက်တာဟာ ဒီအမှု အ တွက် လုံလောက်တဲ့ အကြောင်းအရင်းမျိုးတွေဖြစ်ပြီး သူမအပေါ်မှာလည်း အချိန်တိုင်းလိုလို နိုင်လိုမင်းထက် ပြုမူနေတာတွေ ရှိပါတယ်’’လို့ ရိုက်က ပြော ပါတယ်။ ဒါပေမဲ့ ဂစ်ရဲ့ ရှေ့နေ့တစ်ဦးဖြစ်သူ ခရစ္စဒေါကတော့ သူ့ရဲ့ အမှုသည် ဟာ ဥပဒေချိုးဖောက်တဲ့ အကြမ်းဖက်မှုမျိုး လုံး၀

ကျူးလွန်ထားခြင်း မရှိဘူး လို့ ပြန်လည် တုံ့ပြန်ထားပါတယ်။ ဒါ့အပြင် ချစ်သူဟောင်း ဂရီဗယ်လီကို ခေါင်းနဲ့ ဆောင့်တိုက်ပစ်တာမျိုး တွေ ရှိခဲ့ဖူးပြီး ညီမဖြစ်သူကိုလည်း တံတောင်ရိုက်ချက်မျိုးနဲ့ နာကျင်အောင် ပြုမူခဲ့တာမျိုးတွေရှိခဲ့တယ်လို့ အစိုးရှရှေ့နေက ပြောပါတယ်။ လက်ရှိမှာတော့ ရိုင်ယန်ဂစ်ဟာ အခုရင်ဆိုင်နေရတဲ့ အမှုနဲ့ ပတ်သက် ပြီး အာမခံရထားလို့ အချုပ်ကျခံနေရတာမျိုး မရှိပေမယ့်

ရည်စားဟောင်းဖြစ် သူ ဂရီဗယ်လီ၊ ညီမဖြစ်သူ အမ်မာတို့နဲ့ ဆက်သွယ်ခွင့်မရှိသလို သူတို့ ရှိနေ နိုင်တယ်လို့ ယူဆရတဲ့ နေရာမျိုးတွေကိုလည်း သွားရောက်ခွင့် မရှိဘူးလို့ သိရပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး ဂစ်ဟာ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးထိန်းသိမ်းမှုကို ခံခဲ့ရပေမယ့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှာတော့ အာမခံနဲ့ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။

(zawgyi)

လက္ရွိရင္ဆိုင္ရတဲ့ အမႈနဲ႔ပတ္သက္ၿပီး မန္ယူကစားသမားေဟာင္း ႐ိုင္ယန္ဂစ္မွာ နိမိတ္ပုံရိပ္ မေကာင္းတဲ့ စ႐ိုက္လကၡဏာမ်ိဳးေတြ ရွိေနတယ္လို႔ အစိုးရေရွ႕ေနအဖြဲ႕က ၿပီးခဲ့တဲ့ တနလၤာေန႔မွာ ေျပာၾကားခဲ့ပါတယ္။ အသက္ ၄၈ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္တဲ့ ေဝးလ္လက္ေ႐ြးစင္ေဟာင္းဟာ ရည္းစားေဟာင္းနဲ႔ ညီမျဖစ္သူတို႔ကို ကိုယ္ထိလက္ေရာက္ အၾကမ္းဖက္ေစာ္ကားမႈေတြ ျပဳလုပ္ခဲ့တာေၾကာင့္

တရားခြင္မွာ အမႈရင္ဆိုင္ေနရသူ ျဖစ္ပါ တယ္။ အဲဒီအမႈေၾကာင့္ပဲ ဂစ္ဟာ ေဝးလ္လက္ေ႐ြးစင္အသင္း နည္းျပရာထူးကေန ဖယ္ရွားခံခဲ့ရတာျဖစ္ၿပီး ရည္းစားေဟာင္း ကိတ္ဂရီဗယ္လီကို ကိုယ္ထိလက္ေရာက္က်ဴးလြန္မႈ၊ ညီမငယ္ အမ္မာတို႔ကို ႐ိုက္ႏွက္မႈတို႔နဲ႔ တရားရင္ဆိုင္ေနရတာျဖစ္ပါတယ္။ ဒါ့အျပင္ သူဟာ ရည္႐ြယ္ခ်က္ရွိရွိ အက်ပ္ကိုင္ေစခိုင္းမႈဆိုတဲ့ စြဲခ်က္တစ္ခုနဲ႔လည္း တရားရင္ဆိုင္ေနရသူျဖစ္ပါတယ္။

ဒါေပမဲ့ ဂစ္ရဲ႕ ေရွ႕ေနအဖြဲ႕ကေတာ့ ဒီစြဲဆိုခ်က္ေတြဟာ တရားမမႈ မေျမာက္သလို လိုရာစြဲၿပီး မမွန္မကန္ ေျပာဆိုတာေတြ၊ ပုံႀကီးခ်ဲ႕တာေတြနဲ႔ အလိမ္အညာစကားရပ္ေတြအေပၚ အေျခခံၿပီး အမႈတည္ေဆာက္ထားတာ ျဖစ္တယ္လို႔ ခုခံေခ်ပခဲ့ပါတယ္။ အစိုးရေရွ႕ေနေတြဘက္က အမႈဖြင့္ တရားစြဲဆိုရာမွာေတာ့ ဂစ္နဲ႔ ရည္းစားေဟာင္းျဖစ္သူတို႔အၾကား အဖုအထစ္ေတြရွိခဲ့ၿပီး အဆိပ္အေတာက္ျဖစ္ေစတဲ့ ဆက္ဆံေရးမ်ိဳး ရွိခဲ့တာကို

ထင္ထင္ရွားရွား ေတြ႕ခဲ့ရတယ္လို႔ ဆိုပါတယ္။ ‘’ေဘာလုံးကြင္းထဲမွာ သူလုပ္ျပခဲ့တာေတြကေတာ့ ေတာ္ေတာ္ေလးကို လက္ဖ်ားခါေလာက္ပါတယ္။ တကယ့္ကိုလည္း ခမ္းနား လွပပါတယ္။ ကြင္း ျပင္ပအေရး၊ ကိုယ္ေရးကိုယ္တာ ကိစၥရပ္ေတြ၊ ေနအိမ္နဲ႔ ေနာက္ကြယ္က အေၾကာင္းအရင္းေတြမွာေတာ့ သူဟာ ပိုၿပီး အ႐ုပ္ဆိုး အက်ည္းတန္တဲ့ အရာေတြနဲ႔ သူ႔ရဲ႕ ကိုယ္က်င့္သိကၡာကို ထိခိုက္ေစတဲ့ နိမိတ္ပုံေတြ ပိုမ်ားေန ခဲ့ပါတယ္’’ လို႔

အစိုးရေရွ႕ေနျဖစ္တဲ့ ပီတာ႐ိုက္က ေျပာဆိုခဲ့ပါတယ္။ ဒါ့အျပင္ အမ်ိဳးသမီးတစ္ဦးကို စနစ္တက် ရည္႐ြယ္ၿပီး ႏိုင္လိုမင္းထက္ ျပဳမူဆက္ဆံတာမ်ိဳးေတြက ဒီအမႈအတြက္ လုံေလာက္တဲ့ စြဲခ်က္မ်ိဳးေတြျဖစ္ တယ္လို႔လည္း ပီတာ႐ိုက္က ေျပာဆိုခဲ့ပါတယ္။ ‘’အမ်ိဳးသမီးတစ္ဦးအေပၚ စနစ္တက်နဲ႔ အၾကမ္းဖက္တာဟာ ဒီအမႈ အ တြက္ လုံေလာက္တဲ့ အေၾကာင္းအရင္းမ်ိဳးေတြျဖစ္ၿပီး သူမအေပၚမွာလည္း အခ်ိန္တိုင္းလိုလို ႏိုင္လိုမင္းထက္ ျပဳမူေနတာေတြ

ရွိပါတယ္’’လို႔ ႐ိုက္က ေျပာ ပါတယ္။ ဒါေပမဲ့ ဂစ္ရဲ႕ ေရွ႕ေန႔တစ္ဦးျဖစ္သူ ခရစၥေဒါကေတာ့ သူ႔ရဲ႕ အမႈသည္ ဟာ ဥပေဒခ်ိဳးေဖာက္တဲ့ အၾကမ္းဖက္မႈမ်ိဳး လုံး၀ က်ဴးလြန္ထားျခင္း မရွိဘူး လို႔ ျပန္လည္ တုံ႔ျပန္ထားပါတယ္။ ဒါ့အျပင္ ခ်စ္သူေဟာင္း ဂရီဗယ္လီကို ေခါင္းနဲ႔ ေဆာင့္တိုက္ပစ္တာမ်ိဳး ေတြ ရွိခဲ့ဖူးၿပီး

ညီမျဖစ္သူကိုလည္း တံေတာင္႐ိုက္ခ်က္မ်ိဳးနဲ႔ နာက်င္ေအာင္ ျပဳမူခဲ့တာမ်ိဳးေတြရွိခဲ့တယ္လို႔ အစိုးရွေရွ႕ေနက ေျပာပါတယ္။ လက္ရွိမွာေတာ့ ႐ိုင္ယန္ဂစ္ဟာ အခုရင္ဆိုင္ေနရတဲ့ အမႈနဲ႔ ပတ္သက္ ၿပီး အာမခံရထားလို႔ အခ်ဳပ္က်ခံေနရတာမ်ိဳး မရွိေပမယ့္ ရည္စားေဟာင္းျဖစ္ သူ ဂရီဗယ္လီ၊ ညီမျဖစ္သူ အမ္မာတို႔နဲ႔ ဆက္သြယ္ခြင့္မရွိသလို

သူတို႔ ရွိေန ႏိုင္တယ္လို႔ ယူဆရတဲ့ ေနရာမ်ိဳးေတြကိုလည္း သြားေရာက္ခြင့္ မရွိဘူးလို႔ သိရပါတယ္။ ဒီအမႈနဲ႔ပတ္သက္ၿပီး ဂစ္ဟာ သက္ဆိုင္ရာ ရဲတပ္ဖြဲ႕ရဲ႕ ဖမ္းဆီးထိန္းသိမ္းမႈကို ခံခဲ့ရေပမယ့္ ၂၀၂၀ ျပည့္ႏွစ္ ႏိုဝင္ဘာလမွာေတာ့ အာမခံနဲ႔ ျပန္လည္ လြတ္ေျမာက္လာခဲ့ပါတယ္။