စံချိန်တွေနဲ့ ပတ်သက်လာရင် လီဝန်ဒေါစကီးကလည်း ခေသူမဟုတ်

ဘွန်ဒက်စ်လီဂါရဲ့ သောကြာည ပွဲစဉ်ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့

ဝုလ်ဖ်ဘတ် တို့ပွဲစဉ်မှာ ဘိုင်ယန်က (၄-ဝ)ရလဒ်နဲ့အနိုင်ရရှိသွားခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် ဘိုင်ယန်ဟာ ဒုတိယနေရာက ဒေါ့မွန်အသင်းကို လည်း

တစ်ပွဲအသာကစားထားပြီး ရမှတ် (၉)မှတ်ဖြတ်ပြီး ဦးဆောင်နိုင်နေပါတယ်။

ဝုလ်ဖ်ဘတ် နဲ့ပွဲစဉ်မှာ ဘိုင်ယန်ဟာ ပထမပိုင်းမှာမူလာရဲ့သွင်းဂိုးနဲ့

ပွဲကိုဦးဆောင်ခဲ့သလို ဒုတိယပိုင်းမှာလည်း သူတို့ရဲ့အစဉ်အလာအတိုင်း

သွင်းဂိုးတွေထပ်မံရရှိခဲ့ပြီး ဂိုးပြတ်နိုင်ပွဲဖြစ်ခဲ့တာပါ။

ဒီပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်ကွင်းလယ်ကစားသမား သောမတ်စ် မူလာက

သူ့ရဲ့ဘွန်ဒက်စ်လီဂါပွဲ ၄၀၀ မြောက်ပွဲ ဖြစ်ခဲ့သလို ပထမပိုင်း ၇ မိနစ်မှာပဲ

အဖွင့်ဂိုးကို သွင်းယူပေးသွားခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန် (၅၇)မိနစ်မှာ

အူပါမီကာနိုက ဒုတိယမြောက်ဦးဆောင်ဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့ပြီး

နောက်ထပ် ၂ မိနစ်အကြာမှာ ဆာနေးက ဘိုင်ယန်အတွက် တတိယမြောက်

သွင်းဂိုးကို လှလှပပ သွင်းယူပေးသွားခဲ့ပါတယ်။ ပွဲပြီးခါနီး (၈၇) မိနစ်မှာ

လီဝန်ဒေါစကီးက အသင်းအတွက် စတုတ္ထမြောက်သွင်းဂိုးကို

ရယူပေးသွားခဲ့တာကြောင့် ပွဲပြီးမှာ ဘိုင်ယန်က (၄-ဝ)ရလဒ်နဲ့ဂိုးပြတ်နိုင်ပွဲဖြစ်ခဲ့ပါတယ်။

လီဝန်ဒေါစကီးအတွက်တော့ ဒီပွဲမှာသွင်းယူခဲ့တဲ့ဂိုးကြောင့် ပြက္ခဒိန်တစ်နှစ်အတွင်း

ဘွန်ဒက်စ်လီဂါဂိုးအများဆုံးသွင်းယူထားတဲ့ ဂတ်မူလာရဲ့ စံချိန်ကိုချိုးဖျက်နိုင်ခဲ့ပါတယ်။

၁၉၇၂ တုန်းက ပြက္ခဒိန်တစ်နှစ်တာအတွင်း

ဘွန်ဒက်စ်လီဂါ ၄၂ ဂိုးသွင်းယူခဲ့တဲ့ ဂတ်မူလာရဲ့

စံချိန်ကို နှစ်ပေါင်း ၅၀ နီးပါးအကြာမှာ

လီဝန်ဒေါစကီးက ၄၃ ဂိုးနဲ့ စံချိန်သစ်တင်နိုင်ခဲ့တာပါ။ နောက်ထပ်စံချိန်တစ်ခုကတော့

ပြက္ခဒိန်တစ်ရာသီအတွင်းပြိုင်ပွဲစုံသွင်းဂိုး ၆၉ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့်

စီရော်နယ်ဒိုရဲ့ဂိုးသွင်းအများဆုံးနှစ်ဖြစ်တဲ့ ၂၀၁၃ က စံချိန်ကို လိုက်မီခဲ့တာပါ။

ပြက္ခဒိန်တစ်ရာသီအတွင်း ဂိုးသွင်းအများဆုံးစံချိန်ရှင်ကတော့

မက်ဆီဖြစ်ပြီး ၂၀၁၂ ခုနှစ်က ဘာစီလိုနာမှာကစားရင်း

(၉၁)ဂိုးသွင်းယူထားခဲ့တာလည်းဖြစ်ပါတယ်။

zawgyi

စံခ်ိန္ေတြနဲ႔ ပတ္သက္လာရင္ လီဝန္ေဒါစကီးကလည္း ေခသူမဟုတ္

ဘြန္ဒက္စ္လီဂါရဲ႕ ေသာၾကာည ပြဲစဥ္ျဖစ္တဲ့ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔

ဝုလ္ဖ္ဘတ္ တို႔ပြဲစဥ္မွာ ဘိုင္ယန္က (၄-ဝ)ရလဒ္နဲ႔အႏိုင္ရရွိသြားခဲ့ပါတယ္။

ဒီႏိုင္ပြဲေၾကာင့္ ဘိုင္ယန္ဟာ ဒုတိယေနရာက ေဒါ့မြန္အသင္းကို လည္း

တစ္ပြဲအသာကစားထားၿပီး ရမွတ္ (၉)မွတ္ျဖတ္ၿပီး ဦးေဆာင္ႏိုင္ေနပါတယ္။

ဝုလ္ဖ္ဘတ္ နဲ႔ပြဲစဥ္မွာ ဘိုင္ယန္ဟာ ပထမပိုင္းမွာမူလာရဲ႕သြင္းဂိုးနဲ႔

ပြဲကိုဦးေဆာင္ခဲ့သလို ဒုတိယပိုင္းမွာလည္း သူတို႔ရဲ႕အစဥ္အလာအတိုင္း

သြင္းဂိုးေတြထပ္မံရရွိခဲ့ၿပီး ဂိုးျပတ္ႏိုင္ပြဲျဖစ္ခဲ့တာပါ။ ဒီပြဲစဥ္မွာ

ဘိုင္ယန္ျမဴးနစ္ကြင္းလယ္ကစားသမား ေသာမတ္စ္ မူလာက

သူ႔ရဲ႕ဘြန္ဒက္စ္လီဂါပြဲ ၄၀၀ ေျမာက္ပြဲ ျဖစ္ခဲ့သလို ပထမပိုင္း ၇ မိနစ္မွာပဲ

အဖြင့္ဂိုးကို သြင္းယူေပးသြားခဲ့ပါတယ္။ ဒုတိယပိုင္းပြဲခ်ိန္ (၅၇)မိနစ္မွာ

အူပါမီကာႏိုက ဒုတိယေျမာက္ဦးေဆာင္ဂိုးကို ေခါင္းတိုက္သြင္းယူေပးခဲ့ၿပီး

ေနာက္ထပ္ ၂ မိနစ္အၾကာမွာ ဆာေနးက ဘိုင္ယန္အတြက္ တတိယေျမာက္

သြင္းဂိုးကို လွလွပပ သြင္းယူေပးသြားခဲ့ပါတယ္။ ပြဲၿပီးခါနီး (၈၇) မိနစ္မွာ

လီဝန္ေဒါစကီးက အသင္းအတြက္ စတုတၳေျမာက္သြင္းဂိုးကို

ရယူေပးသြားခဲ့တာေၾကာင့္ ပြဲၿပီးမွာ ဘိုင္ယန္က (၄-ဝ)ရလဒ္နဲ႔ဂိုးျပတ္ႏိုင္ပြဲျဖစ္ခဲ့ပါတယ္။

လီဝန္ေဒါစကီးအတြက္ေတာ့ ဒီပြဲမွာသြင္းယူခဲ့တဲ့ဂိုးေၾကာင့္ ျပကၡဒိန္တစ္ႏွစ္အတြင္း

ဘြန္ဒက္စ္လီဂါဂိုးအမ်ားဆုံးသြင္းယူထားတဲ့ ဂတ္မူလာရဲ႕ စံခ်ိန္ကို

ခ်ိဳးဖ်က္ႏိုင္ခဲ့ပါတယ္။ ၁၉၇၂ တုန္းက ျပကၡဒိန္တစ္ႏွစ္တာအတြင္း

ဘြန္ဒက္စ္လီဂါ ၄၂ ဂိုးသြင္းယူခဲ့တဲ့ ဂတ္မူလာရဲ႕ စံခ်ိန္ကို ႏွစ္ေပါင္း ၅၀ နီးပါးအၾကာမွာ

လီဝန္ေဒါစကီးက ၄၃ ဂိုးနဲ႔ စံခ်ိန္သစ္တင္ႏိုင္ခဲ့တာပါ။ ေနာက္ထပ္စံခ်ိန္တစ္ခုကေတာ့

ျပကၡဒိန္တစ္ရာသီအတြင္းၿပိဳင္ပြဲစုံသြင္းဂိုး ၆၉ ဂိုးသြင္းယူႏိုင္ခဲ့တာေၾကာင့္

စီေရာ္နယ္ဒိုရဲ႕ဂိုးသြင္းအမ်ားဆုံးႏွစ္ျဖစ္တဲ့ ၂၀၁၃ က စံခ်ိန္ကို လိုက္မီခဲ့တာပါ။

ျပကၡဒိန္တစ္ရာသီအတြင္း ဂိုးသြင္းအမ်ားဆုံးစံခ်ိန္ရွင္ကေတာ့

မက္ဆီျဖစ္ၿပီး ၂၀၁၂ ခုႏွစ္က ဘာစီလိုနာမွာကစားရင္း

(၉၁)ဂိုးသြင္းယူထားခဲ့တာလည္းျဖစ္ပါတယ္။