စံချိန်တင်နိုင်ပွဲနဲ့အတူ ဇယားထိပ်ပိုင်းမှာ ရပ်တည်နေတဲ့ ယူနိုက်တက်

ယူနိုက်တက်အသင်းဟာ အမျိုးသမီးစူပါလိဂ်အမှတ်ပေးပြိုင်ပွဲမှာ

ကစားရခက်တဲ့ ဘရိုက်တန်ကို ၁-၀ ဂိုးနဲ့အနိုင်ရခဲ့ပြီးနောက်
ဇယားထိပ်ပိုင်းမှာ ဆက်လက်ရပ်တည်နေပြီး
ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့လည်း အခြေအနေပိုကောင်းလာပါတယ်။
ဒုတိယပိုင်းမှာ တောင်ပံကစားသမား လီယာဂယ်လ်တန်က
အဆုံးအဖြတ်ဂိုးသွင်းယူခဲ့တာဖြစ်ပြီး အိမ်ရှင်အသင်းကို

အပြန်အလှန်ယှဉ်ကစားနိုင်ခဲ့တဲ့ ဘရိုက်တန်အတွက်တော့
စိတ်ပျက်စရာရလဒ်ဖြစ်သွားခဲ့ပါတယ်။
ယူနိုက်တက်ဟာ အဲဒီနိုင်ပွဲကြောင့် အမှတ်ပေးဇယားရဲ့
တတိယနေရာမှာ ဆက်လက်ရပ်တည်နေပြီး
စတုတ္ထနေရာက မြို့ခံပြိုင်ဘက် မန်စီးတီးကို

၃ မှတ်ဖြတ်၊ တစ်ပွဲပို ကစားထားပါတယ်။
ယူနိုက်တက်အသင်းအတွက်တော့ အသင်းသမိုင်းတစ်လျှောက်
ပထမဆုံးအကြိမ်အဖြစ် အိမ်ကွင်း ၆ပွဲဆက်
အနိုင်ရခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက်
တကယ့်ကိုအရေးပါတဲ့ နိုင်ပွဲဖြစ်ခဲ့ပါတယ်။

ချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေတဲ့ ချဲလ်ဆီးနဲ့
အာဆင်နယ်တို့လည်း ဂိုးပြတ်နိုင်ပွဲတွေ အသီးသီးရခဲ့ပြီး
အာဆင်နယ်က လက်စတာကို အဝေးကွင်းမှာ ဝ-၅ဂိုး၊
ချဲလ်ဆီးက အိမ်ကွင်းမှာ ရက်ဒင်းကို ၅-၀ ဂိုးတွေနဲ့ အနိုင်ရခဲ့တာပါ။
လက်ရှိအချိန်မှာတော့ ချဲလ်ဆီးက ဒုတိယနေရာက

အာဆင်နယ်ကို ၁ မှတ်ဖြတ်ထားပြီး ဂိုးကွာခြားချက်လည်း
၅ဂိုးသာထားလို့ ချန်ပီယံဆုအတွက် ပိုမိုရေပန်းစားနေပါတယ်။

Zawgyi

စံခ်ိန္တင္ႏိုင္ပြဲနဲ႔အတူ ဇယားထိပ္ပိုင္းမွာ ရပ္တည္ေနတဲ့ ယူႏုိက္တက္
ယူႏုိက္တက္အသင္းဟာ အမ်ိဳးသမီးစူပါလိဂ္အမွတ္ေပးၿပိဳင္ပြဲမွာ
ကစားရခက္တဲ့ ဘရိုက္တန္ကို ၁-၀ ဂိုးနဲ႔အႏိုင္ရခဲ့ၿပီးေနာက္
ဇယားထိပ္ပိုင္းမွာ ဆက္လက္ရပ္တည္ေနၿပီး
ခ်န္ပီယံလိဂ္၀င္ခြင့္ရဖို႔လည္း အေျခအေနပိုေကာင္းလာပါတယ္။

ဒုတိယပိုင္းမွာ ေတာင္ပံကစားသမား လီယာဂယ္လ္တန္က
အဆုံးအျဖတ္ဂိုးသြင္းယူခဲ့တာျဖစ္ၿပီး အိမ္ရွင္အသင္းကုိ
အျပန္အလွန္ယွဥ္ကစားႏိုင္ခဲ့တဲ့ ဘရိုက္တန္အတြက္ေတာ့
စိတ္ပ်က္စရာရလဒ္ျဖစ္သြားခဲ့ပါတယ္။
ယူႏုိက္တက္ဟာ အဲဒီႏိုင္ပြဲေၾကာင့္ အမွတ္ေပးဇယားရဲ႕

တတိယေနရာမွာ ဆက္လက္ရပ္တည္ေနၿပီး
စတုတၳေနရာက ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးကို
၃ မွတ္ျဖတ္၊ တစ္ပြဲပို ကစားထားပါတယ္။
ယူႏုိက္တက္အသင္းအတြက္ေတာ့ အသင္းသမုိင္းတစ္ေလွ်ာက္
ပထမဆုံးအႀကိမ္အျဖစ္ အိမ္ကြင္း ၆ပြဲဆက္

အႏိုင္ရခဲ့တာျဖစ္ၿပီး ခ်န္ပီယံလိဂ္၀င္ခြင့္အတြက္
တကယ့္ကိုအေရးပါတဲ့ ႏိုင္ပြဲျဖစ္ခဲ့ပါတယ္။
ခ်န္ပီယံဆုအတြက္ အၿပိဳင္ျဖစ္ေနတဲ့ ခ်ဲလ္ဆီးနဲ႔
အာဆင္နယ္တုိ႔လည္း ဂိုးျပတ္ႏိုင္ပြဲေတြ အသီးသီးရခဲ့ၿပီး
အာဆင္နယ္က လက္စတာကို အေ၀းကြင္းမွာ ၀-၅ဂိုး၊

ခ်ဲလ္ဆီးက အိမ္ကြင္းမွာ ရက္ဒင္းကို ၅-၀ ဂိုးေတြနဲ႔ အႏိုင္ရခဲ့တာပါ။
လက္ရွိအခ်ိန္မွာေတာ့ ခ်ဲလ္ဆီးက ဒုတိယေနရာက
အာဆင္နယ္ကို ၁ မွတ္ျဖတ္ထားၿပီး ဂိုးကြာျခားခ်က္လည္း
၅ဂိုးသာထားလုိ႔ ခ်န္ပီယံဆုအတြက္ ပိုမုိေရပန္းစားေနပါတယ္။