စံချိန်တင်ကိန်းဂဏန်းတွေနဲ့ ၁၆ ယောက်မြောက် ကစားသမားသစ်ကိုခေါ်ယူလိုက်ပြန်တဲ့ နော်တင်ဟမ်ဖောရက်စ်

ဒီရာသီမှာပရီးမီးယားလိဂ်ကိုတန်းတက်လာပြီး အပြောင်းအရွှေ့ဈေးကွက်မှာ ချဲလ်ဆီးနဲ့အပြိုင်ကြဲနေတဲ့ နော်တင် ဟမ်ဖောရက်စ်ဟာ သူတို့ရဲ့ ၁၆ ယောက်မြောက် ကစားသမားသစ်အဖြစ် ဝုဗ်ကွင်းလယ်လူ ဂစ်ဘ်ဝှိုက်ကို ပေါင် ၄၂.၅ သန်းနဲ့ ခေါ်ယူဖို့သဘောတူညီမှုရသွားခဲ့ပါပြီ။

အသက် ၂၂နှစ်အရွယ် ဂစ်ဘ်ဝှိုက်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ချန်ပီယံရှစ်ကလပ် ရှက်ဖီးယူနိုက်တက်ကို အငှားနဲ့သွားကစားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ကစားသမား အပြောင်းအရွှေ့အတွက် နှစ်သင်းစလုံး သဘောတူညီမှုရထားခဲ့ပြီဖြစ်ပြီး နောက်ဆုံး ဆေးစစ်ဖို့ အဆင့်သာ ကျန်တော့တာဖြစ်ပါတယ်။

ဒီရာသီပရီးမီးယားလိဂ်အသင်းတွေထဲမှာ ချဲလ်ဆီးက ကစားသမားသစ်ယူခေါ်မှုကို ပေါင် ၁၇၆ သန်းကျော်အထိသုံးစွဲထားပြီး အများဆုံးဖြစ်နေခဲ့တာပါ။ အဲဒီနောက်မှာတော့ တန်းတက်နော်တင်ဟမ် ဖော်ရက်စ်က ပေါင်သန်း ၁၅၀ ကျော်အထိသုံးစွဲလာပြီး ချဲလ်ဆီးနဲ့အပြိုင်ဖြစ်လာခဲ့တာဖြစ်ပါတယ်။

နော်တင်ဟမ် ဖောရက်စ်အနေနဲ့ အပြောင်းအရွှေ့မပိတ်မချင်း စိတ်ကြိုက်ကစားသမားတွေ့ရင် ထပ်ခေါ်ဦးမယ့်အခြေအနေလည်း ဖြစ်ပါတယ်။ ကနဦးမှာ နော်တင်ဟမ်ဖောရက်စ်ဟာ ဂစ်ဘ်ဝှိုက်ကို ပေါင် ၂၅ သန်းနဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ အဲဒီကမ်းလှမ်းချက်ကို ဝုဗ်အသင်းကပယ်ချခဲ့ပြီးနောက်

ကစားသမားပုံရိပ်အသုံးပြုခအပါအဝင် အပိုဆုကြေးတွေ ပါထပ်ပေါင်းပြီး ပေါင် ၄၂ .၅သန်းတန်စာချုပ်အဖြစ် သဘောတူညီမှုရခဲ့ကြတာလည်းဖြစ်ပါတယ်။ ဒီတန်ဖိုးဟာ ၂၀၂၀ ခုနှစ်မှာ ဘုန်းမောက်ကစားသမား နသန်အာကီကို ပေါင်သန်း ၄၀ နဲ့ခေါ်ယူခဲ့တဲ့ မန်စီးတီးရဲ့စံချိန်ကိုတောင် ကျော်သွားခဲ့ပါတယ်။

နသန်အာကီရဲ့အပြောင်းအရွှေ့ဟာ အင်္ဂလန်ဒုတိယတန်းပြိုင်ပွဲသမိုင်းတစ်လျှောက် တန်ကြေးအမြင့်ဆုံးကစားသမားခေါ်ယူမှုအဖြစ် စံချိန်တင်ထားခဲ့တာပါ။ ဂစ်ဘ်ဝှိုက်ရဲ့ အခုအပြောင်းအရွှေ့ဟာ ဒုတိယတန်းကလပ်အသင်းကနေခေါ်ယူမှုမဟုတ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ရှက်ဖီးယူနိုက်တက်ကို

အငှားနဲ့သွားကစားထားတာကြောင့် အင်္ဂလန်ဒုတိယတန်းကစားသမားစာရင်းမှာတော့ပါနေပါတယ်။ အဲဒါကြောင့် နသန်အာကီရဲ့ စံချိန်ကိုတောင် ဂစ်ဘ်ဝှိုက်က ချိုးနိုင်ခဲ့တယ်လို့ဆိုနိုင်ပါတယ်။ ဂစ်ဘ်ဝှိုက်ဟာ ပြီးခဲ့တဲ့ဘောလုံး ရာသီက ရှက်ဖီးယူနိုက်တက်အတွက် ခြေစွမ်းပြကစားပေးနိုင်ခဲ့ပြီး ၁၂ ဂိုးသွင်းကာ

၁၀ ဂိုးဖန်တီးပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရှက်ဖီးယူနိုက်တက်ဟာ ပရီးမီးယားလိဂ်တန်းတက်ခွင့်နဲ့ကပ်ပြီးလွဲချော်ခဲ့ရတဲ့ အသင်းလည်းဖြစ်ပါ တယ်။ နော်တင်ဟမ်ဖောရက်စ်နည်းပြ စတိဗ်ကူးပါးနဲ့ ဂစ်ဘ်ဝှိုက်တို့ဟာ တစ်ချိန်က အင်္ဂလန်ယူ-၁၇အသင်းနဲ့ ဆွမ်စီးတို့မှာ လက်တွဲခဲ့ဖူးသူတွေလည်းဖြစ်ပါတယ်။

(zawgyi)

ဒီရာသီမွာပရီးမီးယားလိဂ္ကိုတန္းတက္လာၿပီး အေျပာင္းအေ႐ႊ႕ေဈးကြက္မွာ ခ်ဲလ္ဆီးနဲ႔အၿပိဳင္ႀကဲေနတဲ့ ေနာ္တင္ ဟမ္ေဖာရက္စ္ဟာ သူတို႔ရဲ႕ ၁၆ ေယာက္ေျမာက္ ကစားသမားသစ္အျဖစ္ ဝုဗ္ကြင္းလယ္လူ ဂစ္ဘ္ဝႈိက္ကို ေပါင္ ၄၂.၅ သန္းနဲ႔ ေခၚယူဖို႔သေဘာတူညီမႈရသြားခဲ့ပါၿပီ။

အသက္ ၂၂ႏွစ္အ႐ြယ္ ဂစ္ဘ္ဝႈိက္ဟာ ၿပီးခဲ့တဲ့ေဘာလုံးရာသီက ခ်န္ပီယံရွစ္ကလပ္ ရွက္ဖီးယူႏိုက္တက္ကို အငွားနဲ႔သြားကစားခဲ့တာျဖစ္ပါတယ္။ လက္ရွိမွာ ကစားသမား အေျပာင္းအေ႐ႊ႕အတြက္ ႏွစ္သင္းစလုံး သေဘာတူညီမႈရထားခဲ့ၿပီျဖစ္ၿပီး ေနာက္ဆုံး ေဆးစစ္ဖို႔ အဆင့္သာ က်န္ေတာ့တာျဖစ္ပါတယ္။

ဒီရာသီပရီးမီးယားလိဂ္အသင္းေတြထဲမွာ ခ်ဲလ္ဆီးက ကစားသမားသစ္ယူေခၚမႈကို ေပါင္ ၁၇၆ သန္းေက်ာ္အထိသုံးစြဲထားၿပီး အမ်ားဆုံးျဖစ္ေနခဲ့တာပါ။ အဲဒီေနာက္မွာေတာ့ တန္းတက္ေနာ္တင္ဟမ္ ေဖာ္ရက္စ္က ေပါင္သန္း ၁၅၀ ေက်ာ္အထိသုံးစြဲလာၿပီး ခ်ဲလ္ဆီးနဲ႔အၿပိဳင္ျဖစ္လာခဲ့တာျဖစ္ပါတယ္။

ေနာ္တင္ဟမ္ ေဖာရက္စ္အေနနဲ႔ အေျပာင္းအေ႐ႊ႕မပိတ္မခ်င္း စိတ္ႀကိဳက္ကစားသမားေတြ႕ရင္ ထပ္ေခၚဦးမယ့္အေျခအေနလည္း ျဖစ္ပါတယ္။ ကနဦးမွာ ေနာ္တင္ဟမ္ေဖာရက္စ္ဟာ ဂစ္ဘ္ဝႈိက္ကို ေပါင္ ၂၅ သန္းနဲ႔ ကမ္းလွမ္းခဲ့တာျဖစ္ပါတယ္။ အဲဒီကမ္းလွမ္းခ်က္ကို ဝုဗ္အသင္းကပယ္ခ်ခဲ့ၿပီးေနာက္

ကစားသမားပုံရိပ္အသုံးျပဳခအပါအဝင္ အပိုဆုေၾကးေတြ ပါထပ္ေပါင္းၿပီး ေပါင္ ၄၂ .၅သန္းတန္စာခ်ဳပ္အျဖစ္ သေဘာတူညီမႈရခဲ့ၾကတာလည္းျဖစ္ပါတယ္။ ဒီတန္ဖိုးဟာ ၂၀၂၀ ခုႏွစ္မွာ ဘုန္းေမာက္ကစားသမား နသန္အာကီကို ေပါင္သန္း ၄၀ နဲ႔ေခၚယူခဲ့တဲ့ မန္စီးတီးရဲ႕စံခ်ိန္ကိုေတာင္ ေက်ာ္သြားခဲ့ပါတယ္။

နသန္အာကီရဲ႕အေျပာင္းအေ႐ႊ႕ဟာ အဂၤလန္ဒုတိယတန္းၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ တန္ေၾကးအျမင့္ဆုံးကစားသမားေခၚယူမႈအျဖစ္ စံခ်ိန္တင္ထားခဲ့တာပါ။ ဂစ္ဘ္ဝႈိက္ရဲ႕ အခုအေျပာင္းအေ႐ႊ႕ဟာ ဒုတိယတန္းကလပ္အသင္းကေနေခၚယူမႈမဟုတ္ခဲ့ေပမယ့္ ၿပီးခဲ့တဲ့ေဘာလုံးရာသီမွာ ရွက္ဖီးယူႏိုက္တက္ကို

အငွားနဲ႔သြားကစားထားတာေၾကာင့္ အဂၤလန္ဒုတိယတန္းကစားသမားစာရင္းမွာေတာ့ပါေနပါတယ္။ အဲဒါေၾကာင့္ နသန္အာကီရဲ႕ စံခ်ိန္ကိုေတာင္ ဂစ္ဘ္ဝႈိက္က ခ်ိဳးႏိုင္ခဲ့တယ္လို႔ဆိုႏိုင္ပါတယ္။ ဂစ္ဘ္ဝႈိက္ဟာ ၿပီးခဲ့တဲ့ေဘာလုံး ရာသီက ရွက္ဖီးယူႏိုက္တက္အတြက္ ေျခစြမ္းျပကစားေပးႏိုင္ခဲ့ၿပီး

၁၂ ဂိုးသြင္းကာ ၁၀ ဂိုးဖန္တီးေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ရွက္ဖီးယူႏိုက္တက္ဟာ ပရီးမီးယားလိဂ္တန္းတက္ခြင့္နဲ႔ကပ္ၿပီးလြဲေခ်ာ္ခဲ့ရတဲ့ အသင္းလည္းျဖစ္ပါ တယ္။ ေနာ္တင္ဟမ္ေဖာရက္စ္နည္းျပ စတိဗ္ကူးပါးနဲ႔ ဂစ္ဘ္ဝႈိက္တို႔ဟာ တစ္ခ်ိန္က အဂၤလန္ယူ-၁၇အသင္းနဲ႔ ဆြမ္စီးတို႔မွာ လက္တြဲခဲ့ဖူးသူေတြလည္းျဖစ္ပါတယ္။