စူပါမားကတ်ဓါးထိုးမှုမှာ ပါဝင်ခဲ့တဲ့ အာဆင်နယ်နောက်ခံလူပါဘလိုမာရီ

စီးရီးအေကလပ်မွန်ဇာမှာကစားနေတဲ့ အာဆင်နယ်ကြယ်ပွင့်ပါဘလိုမာရီဟာ မီလန်မြို့ စူပါမားကတ်ဓါးတိုးမှုမှာဒဏ်ရာရသူတစ်ယောက်အဖြစ်ပါဝင်ခဲ့ပါတယ်။

Milanofiori di Assago စျေးဝယ်စင်တာရှိ Carrefour မှာဖြစ်ပွားခဲ့တဲ့ ဓါးထိုးမှုမှာ ပါဘလိုမာရီအပါအဝင် ၄ဦး ဒဏ်ရာရခဲ့ပြီး ဝန်ထမ်းတစ်ဦးသေဆုံးခဲ့ပါတယ်။ ၄၆နှစ်အရွယ်

အမျိုးသားတစ်ယောက်ဟာ စူပါမားကတ်ရှိဓါးတစ်ချောင်းကိုဆွဲယူပြီး စတိုးဆိုင်အတွင်းရှိလူတွေကို ကြုံရာကျပန်းလိုက်ထိုးခဲ့တာဖြစ်တယ်။ အမျိုးသမီးကြီး နှစ်ယောက်ဟာ

ဆိုးရွားတဲ့အခြေအနေမှာရှိခဲ့ပြီး ပါဘလိုမာရီကိုတော့ လေယာဉ်နဲ့ နီဂွါဒါဆေးရုံတင်ပို့ခဲ့ရပါတယ်။ မွန်ဇာအသင်းဒါရိုက်တာ အက်ဒရီယာနိုဂယ်လီယာနီရဲ့ပြောဆိုချက်အရတော့

ကစားသမားရဲကျောပြင်မှာ ထိုးသွင်းဒဏ်ရာရခဲ့ပြီးအတော်လေးနက်ခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်အားလုံးကို ပါဘလိုမာရီရဲ့ လက်တွဲဖော်က အားလုံးမြင်တွေ့ခဲ့ရသလို

မိသားစုဝင်တွေအနေနဲ့ကတော့ ရုပ်သံသတင်းအဖြစ်သာ တွေ့ရှိခဲ့တယ်လို့ ကစားသမားရဲ့ဖခင်က Cadena Cope သတင်းငှာနနဲ့တွေ့ဆုံမှုမှာ ဖွင့်ဟခဲ့ပါတယ်။ ပါဘလိုမာရီရဲ့ဖခင်က

ကောင်မလေးဟာ သူတို့ဆီဆက်သွယ်လာခဲ့ပြီး သားဖြစ်သူကိုဖုန်းမခေါ်ဖို့အကြောင်းပြောဆိုခဲ့တဲ့နောက် အရမ်းစိုးရိမ်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့

သူမနဲ့အတူကောင်းမွန်စွာရှိနေတယ်လို့ပြန်ဆက်သွယ်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ သူကိုယ်တိုင်က တီဗွီမကြည့်ဖြစ်တာကြောင့် မိသားစုဝင်တွေ

အထပ်ထပ်အခါခါခေါ်လိုက်တဲ့အချိန်မှာ သေလုမျောပါးကြောက်လန့်ခဲ့ရတယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။

(Zawgyi)

စူပါမားကတ္ဓါးထိုးမႈမွာ ပါဝင္ခဲ့တဲ့ အာဆင္နယ္ေနာက္ခံလူပါဘလိုမာရီ

စီးရီးေအကလပ္မြန္ဇာမွာကစားေနတဲ့ အာဆင္နယ္ၾကယ္ပြင့္ပါဘလိုမာရီဟာ မီလန္ၿမိဳ႕ စူပါမားကတ္ဓါးတိုးမႈမွာဒဏ္ရာရသူတစ္ေယာက္အျဖစ္ပါဝင္ခဲ့ပါတယ္။

Milanofiori di Assago ေစ်းဝယ္စင္တာရွိ Carrefour မွာျဖစ္ပြားခဲ့တဲ့ ဓါးထိုးမႈမွာ ပါဘလိုမာရီအပါအဝင္ ၄ဦး ဒဏ္ရာရခဲ့ၿပီး ဝန္ထမ္းတစ္ဦးေသဆုံးခဲ့ပါတယ္။

၄၆ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ေယာက္ဟာ စူပါမားကတ္ရွိဓါးတစ္ေခ်ာင္းကိုဆြဲယူၿပီး စတိုးဆိုင္အတြင္းရွိလူေတြကို ႀကဳံရာက်ပန္းလိုက္ထိုးခဲ့တာျဖစ္တယ္။

အမ်ိဳးသမီးႀကီး ႏွစ္ေယာက္ဟာ ဆိုး႐ြားတဲ့အေျခအေနမွာရွိခဲ့ၿပီး ပါဘလိုမာရီကို ေတာ့ ေလယာဥ္နဲ႔ နီဂြါဒါေဆး႐ုံတင္ပို႔ခဲ့ရပါတယ္။ မြန္ဇာအသင္းဒါ႐ိုက္တာ

အက္ဒရီယာႏိုဂယ္လီယာနီရဲ႕ေျပာဆိုခ်က္အရေတာ့ ကစားသမားရဲေက်ာျပင္မွာ ထိုးသြင္းဒဏ္ရာရခဲ့ၿပီးအေတာ္ေလးနက္ခဲ့တယ္လို႔ သိရပါတယ္။ ျဖစ္စဥ္အားလုံးကို

ပါဘလိုမာရီရဲ႕ လက္တြဲေဖာ္ကအားလုံးျမင္ေတြ႕ခဲ့ရသလို မိသားစုဝင္ေတြအေနနဲ႔က ေတာ့႐ုပ္သံသတင္းအျဖစ္သာေတြ႕ရွိခဲ့တယ္လို႔ ကစားသမားရဲ႕ဖခင္က

Cadena Cope သတင္းငွာနနဲ႔ေတြ႕ဆုံမႈမွာဖြင့္ဟခဲ့ပါတယ္။ ပါဘလိုမာရီရဲ႕ဖခင္က ေကာင္မေလးဟာ သူတို႔ဆီဆက္သြယ္လာခဲ့ၿပီး သားျဖစ္သူကိုဖုန္းမေခၚဖို႔

အေၾကာင္းေျပာဆိုခဲ့တဲ့ေနာက္ အရမ္းစိုးရိမ္ခဲ့ေပမဲ့ ေနာက္ပိုင္းမွာေတာ့ သူမနဲ႔အတူေကာင္းမြန္စြာရွိေနတယ္လို႔ျပန္ဆက္သြာခဲ့ေၾကာင္း

ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ သူကိုယ္တိုင္က တီဗြီမၾကည့္ျဖစ္တာေၾကာင့္

မိသားစုဝင္ေတြ အထပ္ထပ္အခါခါေခၚလိုက္တဲ့အခ်ိန္မွာ ေသလုေမ်ာပါးလန႔္ဖ်န႔္ခဲ့ တယ္လို႔ ဖြင့္ဟသြားခဲ့ပါတယ္။