စူပါကွန်ပြူတာရဲ့ ချန်ပီယံလိဂ် ကွာတားနဲ့ ဆီမီးဖိုင်နယ်အတွဲတွေ ခန့်မှန်းမှု ထွက်ပေါ်

စူပါကွန်ပြုတာရဲ့ခန့်မှန်းချက်အရ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲတွေက

ပရိသတ်အကြိုက်ဖြစ်လာနိုင်ပြီး အထူးသဖြင့်
အင်္ဂလိပ်ကလပ်အသင်းချင်းချင်း တွေ့ဆုံမှုလည်း
ပါဝင်လိမ့်မယ်လို့ စူပါကွန်ပြူတာက ခန့်မှန်းပါတယ်။
ယခုရာသီ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ကို
လက်ရှိချန်ပီယ ချဲလ်ဆီးနဲ့အတူ လီဗာပူး၊ မန်စီးတီး၊

ရီးရဲလ်၊ ဘင်ဖီကာ၊ ဗီလာရီးရဲလ်၊ အက်သလက်နဲ့
ဘိုင်ယန်မြူးနစ်တို့ တက်ရောက်ထားပြီး
သောကြာနေ့မှာ ကွာတားဖိုင်နယ်မဲခွဲပွဲ ကျင်းပမှာဖြစ်ပါတယ်။
SPORTbible သတင်းဌာနက အွန်လိုင်းကနေ
စူပါကွန်ပြူတာနဲ့ တွက်ချက်ကြည့်လိုက်ရာမှာတော့

ပွဲကြီးပွဲကောင်းအဖြစ် မန်စီးတီးနဲ့ ချဲလ်ဆီးတို့
တွေ့ဆုံလိမ့်မယ်လို့ ဟောကိန်းထုတ်ထားပါတယ်။
ဒီအတိုင်းဆိုရင် ယမန်နှစ်ဗိုလ်လုပွဲကို ပြန်မြင်ရမှာဖြစ်ပြီး
လီဗာပူးက ဗီလာရီးရဲလ်နဲ့ တွေ့ရမယ်လို့
စူပါကွန်ပြူတာက ခန့်မှန်းပါတယ်။

ရီးရဲလ်က ဘင်ဖီကာ၊ အက်သလက်က
ဘိုင်ယန်မြူးနစ်နဲ့ အသီးသီးတွေ့ဆုံလိမ့်မယ်လို့
စူပါကွန်ပြူတာက ခန့်မှန်းထားပြီး ဆီမီးဖိုင်နယ်အတွဲတွေကိုလည်း
တစ်ခါတည်း ခန့်မှန်းခဲ့ရာ မန်စီးတီး Vs ချဲလ်ဆီးအတွဲက
လီဗာပူး Vs ဗီလာရီးရဲလ်အတွဲက အနိုင်ရတဲ့အသင်းနဲ့

ရင်ဆိုင်ရမှာဖြစ်ရာ all-English semi-final ပွဲဖြစ်လာနိုင်ပါတယ်။
နောက်ထပ် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ရီးရဲလ် Vs ဘင်ဖီကာ
အတွဲမှ အနိုင်ရတဲ့အသင်းနဲ့ အက်သလက် Vs ဘိုင်ယန်အတွဲမှ
အနိုင်ရတဲ့အသင်း ရင်ဆိုင်ရမှာဖြစ်ကြောင်း စူပါကွန်ပြူတာက ခန့်မှန်းပါတယ်။

Zawgyi

စူပါကြန္ျပဴတာရဲ႕ ခ်န္ပီယံလိဂ္ ကြာတားနဲ႔ ဆီမီးဖုိင္နယ္အတြဲေတြ ခန္႔မွန္းမႈ ထြက္ေပၚ
စူပါကြန္ျပဳတာရဲ႕ခန္႔မွန္းခ်က္အရ ခ်န္ပီယံလိဂ္ ကြာတားဖို္င္နယ္ပြဲေတြက
ပရိသတ္အႀကိဳက္ျဖစ္လာႏိုင္ၿပီး အထူးသျဖင့္

အဂၤလိပ္ကလပ္အသင္းခ်င္းခ်င္း ေတြ႕ဆုံမႈလည္း
ပါ၀င္လိမ့္မယ္လုိ႔ စူပါကြန္ျပဴတာက ခန္႔မွန္းပါတယ္။
ယခုရာသီ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အဆင့္ကို
လက္ရွိခ်န္ပီယ ခ်ဲလ္ဆီးနဲ႔အတူ လီဗာပူး၊ မန္စီးတီး၊
ရီးရဲလ္၊ ဘင္ဖီကာ၊ ဗီလာရီးရဲလ္၊ အက္သလက္နဲ႔

ဘုိင္ယန္ျမဴးနစ္တုိ႔ တက္ေရာက္ထားၿပီး
ေသာၾကာေန႔မွာ ကြာတားဖုိင္နယ္မဲခြဲပြဲ က်င္းပမွာျဖစ္ပါတယ္။
SPORTbible သတင္းဌာနက အြန္လုိင္းကေန
စူပါကြန္ျပဴတာနဲ႔ တြက္ခ်က္ၾကည့္လုိက္ရာမွာေတာ့
ပြဲႀကီးပြဲေကာင္းအျဖစ္ မန္စီးတီးနဲ႔ ခ်ဲလ္ဆီးတုိ႔

ေတြ႕ဆုံလိမ့္မယ္လုိ႔ ေဟာကိန္းထုတ္ထားပါတယ္။
ဒီအတိုင္းဆုိရင္ ယမန္ႏွစ္ဗိုလ္လုပြဲကုိ ျပန္ျမင္ရမွာျဖစ္ၿပီး
လီဗာပူးက ဗီလာရီးရဲလ္နဲ႔ ေတြ႕ရမယ္လုိ႔
စူပါကြန္ျပဴတာက ခန္႔မွန္းပါတယ္။
ရီးရဲလ္က ဘင္ဖီကာ၊ အက္သလက္က

ဘုိင္ယန္ျမဴးနစ္နဲ႔ အသီးသီးေတြ႕ဆုံလိမ့္မယ္လုိ႔
စူပါကြန္ျပဴတာက ခန္႔မွန္းထားၿပီး ဆီမီးဖုိင္နယ္အတြဲေတြကိုလည္း
တစ္ခါတည္း ခန္႔မွန္းခဲ့ရာ မန္စီးတီး Vs ခ်ဲလ္ဆီးအတြဲက
လီဗာပူး Vs ဗီလာရီးရဲလ္အတြဲက အႏိုင္ရတဲ့အသင္းနဲ႔
ရင္ဆိုင္ရမွာျဖစ္ရာ all-English semi-final ပြဲျဖစ္လာႏိုင္ပါတယ္။

ေနာက္ထပ္ ဆီမီးဖုိင္နယ္ပြဲစဥ္အျဖစ္ ရီးရဲလ္ Vs ဘင္ဖီကာ
အတြဲမွ အႏိုင္ရတဲ့အသင္းနဲ႔ အက္သလက္ Vs ဘုိင္ယန္အတြဲမွ
အႏိုင္ရတဲ့အသင္း ရင္ဆိုင္ရမွာျဖစ္ေၾကာင္း စူပါကြန္ျပဴတာက ခန္႔မွန္းပါတယ္။