စူပါကွန်ပျူတာရဲ့ တွက်ချက်မှုကတော့ ဒီရာသီမှာ အာကြီးကချန်ပီယံပဲ

လက်ရှိခြေစွမ်းနဲ့ ရစ်သမ်ကို ထိန်းထားပြီး ပုံစံကောင်းနဲ့ ခရီးဆက်နိုင်မယ်ဆို ရင် ရာသီအဆုံးမှာ အာဆင်နယ်အသင်း ရနိုင်တဲ့ အမြင့်ဆုံးရမှတ်ကို စူပါကွန်

ပျူတာက တွက်ချက်ပြီး ဟောကိန်းထုတ်လိုက်ပြီဖြစ်ပါတယ်။ ဂန်းနားတွေ ဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၂ ပွဲ ကစားပြီးသွားချိန်မှာ ၅ မှတ်သာ ဆုံးရှုံးထားပြီး

၁၀ ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။ နည်းပြ အာတီတာရဲ့ အသင်းဟာ လက်ရှိချန်ပီယံ မန်စီးတီးထက် ၂ မှတ်အသာနဲ့ ဦးဆောင်နေပြီး

ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင်မှာလည်း သူတို့နှစ်သင်းက ထိပ်တိုက်ဆုံဖို့ မရှိပါဘူး။ ဒါကြောင့် အာဆင်နယ်ဟာ မန်စီးတီးကို ပုံမှန်အတိုင်းပဲ ဆက်ပြီး ဦးဆောင်သွားနိုင်မယ့်

အလားအလာမျိုး ရှိနေပါတယ်။ အာဆင်နယ်သာ ဒီပုံစံအတိုင်း တစ်ရာသီလုံးကို ဆက်ထိန်းသွားနိုင်ခဲ့မယ်ဆိုရင် သူတို့ ဟာ ပရီးမီးယားလိဂ်မှာ အသင်းသမိုင်းတစ်လျှောက်

အမြင့်ဆုံး ရမှတ်ကို ရ နိုင်တယ်လို့ စူပါကွန်ပျူတာက ခန့်မှန်းလိုက်ပါတယ်။ မြောက်လန်ဒန်ကလပ် ဟာ တစ်ရာသီလုံး ရှုံးပွဲမရှိစံချိန်နဲ့အတူ ပရီးမီးယားလိဂ်ဖလား ရယူနိုင်ခဲ့တဲ့

၂၀၀၃-၀၄ ရာသီတုန်းကတောင်မှ ရမှတ် ၉၀ ပဲ ရရှိခဲ့တာပါ။ ဒါပေမဲ့ ဒီရာသီမှာသာ လက်ရှိပုံစံကောင်းကို ဆက်ထိန်းထားနိုင်မယ်ဆိုရင်တော့ အမြင့်ဆုံး ရမှတ် ၉၉ မှတ်အထိ

ရနိုင်တယ်လို့ စူပါကွန်ပျူတာက တွက်ချက်ခန့်မှန်းပါတယ်။ ၂၀၀၃-၂၀၀၄ ဘောလုံးရာသီမှာ အာဆင်နယ်ဟာ ရှုံးပွဲလုံး၀ မရှိခဲ့တာ မှန်ပေမဲ့ သရေပွဲ ၁၂ ပွဲအထိ ရှိထားခဲ့ပါတယ်။

ဒါကြောင့် ပျမ်းမျှ ရသင့်ရထိုက် တဲ့ အမှတ်ထက် လျော့နည်းခဲ့တာပါ။ လက်ရှိ အာဆင်နယ်ကတော့ သရေပွဲရလဒ်နည်းပါးပြီး နိုင်ပွဲတွေ ဆက်နေတာကြောင့် ၁၈ နှစ်တာ

ဝေးကွာနေခဲ့တဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ တာစူနေပြီ ဖြစ်ပါတယ်။ စူပါကွန်ပျူတာရဲ့ ခန့်မှန်းချက်အရ ဒီရာသီ မန်စီးတီး အများဆုံး ရနိုင်တဲ့

အမှတ်ကတော့ ၉၂ မှတ်ဖြစ်ပြီး အာဆင်နယ်ထက် ၇ မှတ် လျော့ နည်းနေလိမ့်မယ်လို့ တွက်ချက်ခဲ့ပါတယ်။ သူ့အောက်မှာတော့ စပါးရှိနေပြီး ရမှတ်က ၇၆ မှတ်ဖြစ်ပါတယ်။

ဒါကြောင့် ဒုတိယနေရာက အသင်းနဲ့ တတိယ နေရာက အသင်းတို့ရဲ့ ရမှတ်ကွာဟမှုဟာ အတော်လေးကို ကြီးမားနေပါ တယ်။ မန်ယူူကတော့ အဆင့် ၄ ထဲကို ဝင်နိုင်မှာဖြစ်ပြီး

စပါးရဲ့နောက်မှာ ရမှတ် ၇၃ မှတ်နဲ့ ရပ်တည်နိုင်မှာဖြစ်တယ်လို့ စူပါကွန်ပျူတာက ဟောကိန်းထုတ်ခဲ့တာကို The Sun သတင်းစာက ရေးသားဖော်ပြသွားခဲ့ပါတယ်။

(Zawgyi)

စူပါကြန္ပ်ဴတာရဲ႕ တြက္ခ်က္မႈကေတာ့ ဒီရာသီမွာ အာႀကီးကခ်န္ပီယံပဲ

လက္ရွိေျခစြမ္းနဲ႔ ရစ္သမ္ကို ထိန္းထားၿပီး ပုံစံေကာင္းနဲ႔ ခရီးဆက္ႏိုင္မယ္ဆို ရင္ ရာသီအဆုံးမွာ အာဆင္နယ္အသင္း ရႏိုင္တဲ့ အျမင့္ဆုံးရမွတ္ကို စူပါကြန္ ပ်ဴတာက

တြက္ခ်က္ၿပီး ေဟာကိန္းထုတ္လိုက္ၿပီျဖစ္ပါတယ္။ ဂန္းနားေတြ ဟာ ပရီးမီးယားလိဂ္ပြဲစဥ္ ၁၂ ပြဲ ကစားၿပီးသြားခ်ိန္မွာ ၅ မွတ္သာ ဆုံးရႈံးထား ၿပီး ၁၀ ပြဲႏိုင္၊ တစ္ပြဲသေရ၊

တစ္ပြဲရႈံး ရလဒ္ကို ပိုင္ဆိုင္ထားပါတယ္။ နည္းျပ အာတီတာရဲ႕ အသင္းဟာ လက္ရွိခ်န္ပီယံ မန္စီးတီးထက္ ၂ မွတ္အသာနဲ႔ ဦးေဆာင္ေနၿပီး ကမာၻ႔ဖလားၿပိဳင္ပြဲ

မတိုင္ခင္မွာလည္း သူတို႔ႏွစ္သင္းက ထိပ္ တိုက္ဆုံဖို႔ မရွိပါဘူး။ ဒါေၾကာင့္ အာဆင္နယ္ဟာ မန္စီးတီးကို ပုံမွန္အတိုင္းပဲ ဆက္ၿပီး ဦးေဆာင္သြားႏိုင္မယ့္ အလားအလာမ်ိဳး ရွိေနပါတယ္။

အာဆင္ နယ္သာ ဒီပုံစံအတိုင္း တစ္ရာသီလုံးကို ဆက္ထိန္းသြားႏိုင္ခဲ့မယ္ဆိုရင္ သူတို႔ ဟာ ပရီးမီးယားလိဂ္မွာ အသင္းသမိုင္းတစ္ေလွ်ာက္ အျမင့္ဆုံး ရမွတ္ကို ရ ႏိုင္တယ္လို႔ စူပါကြန္ပ်ဴတာက

ခန႔္မွန္းလိုက္ပါတယ္။ ေျမာက္လန္ဒန္ကလပ္ ဟာ တစ္ရာသီလုံး ရႈံးပြဲမရွိစံခ်ိန္နဲ႔အတူ ပရီးမီးယားလိဂ္ဖလား ရယူႏိုင္ခဲ့တဲ့ ၂၀၀၃-၀၄ ရာသီတုန္းကေတာင္မွ ရမွတ္ ၉၀ ပဲ ရရွိခဲ့တာပါ။

ဒါေပမဲ့ ဒီရာသီ မွာသာ လက္ရွိပုံစံေကာင္းကို ဆက္ထိန္းထားႏိုင္မယ္ဆိုရင္ေတာ့ အျမင့္ဆုံး ရမွတ္ ၉၉ မွတ္အထိ ရႏိုင္တယ္လို႔ စူပါကြန္ပ်ဴတာက တြက္ခ်က္ခန႔္မွန္းပါ တယ္။

၂၀၀၃-၂၀၀၄ ေဘာလုံးရာသီမွာ အာဆင္နယ္ဟာ ရႈံးပြဲလုံး၀ မရွိခဲ့တာ မွန္ေပမဲ့ သေရပြဲ ၁၂ ပြဲအထိ ရွိထားခဲ့ပါတယ္။ ဒါေၾကာင့္ ပ်မ္းမွ် ရသင့္ရထိုက္ တဲ့

အမွတ္ထက္ ေလ်ာ့နည္းခဲ့တာပါ။ လက္ရွိ အာဆင္နယ္အသင္းကေတာ့ သေရပြဲရလဒ္နည္းပါးၿပီး ႏိုင္ပြဲေတြ ဆက္ေနတာေၾကာင့္ ၁၈ ႏွစ္တာ ေဝးကြာ ေနခဲ့တဲ့

ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို ျပန္လည္သိမ္းပိုက္ႏိုင္ဖို႔ တာစူေနၿပီ ျဖစ္ပါတယ္။ စူပါကြန္ပ်ဴတာရဲ႕ ခန႔္မွန္းခ်က္အရ ဒီရာသီ မန္စီးတီး အမ်ားဆုံး ရႏိုင္တဲ့ အမွတ္ကေတာ့ ၉၂ မွတ္ျဖစ္ၿပီး

အာဆင္နယ္ထက္ ၇ မွတ္ ေလ်ာ့ နည္းေနလိမ့္မယ္လို႔ တြက္ခ်က္ခဲ့ပါတယ္။ သူ႔ေအာက္မွာေတာ့ စပါးရွိေနၿပီး ရမွတ္က ၇၆ မွတ္ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒုတိယေနရာက

အသင္းနဲ႔ တတိယ ေနရာက အသင္းတို႔ရဲ႕ ရမွတ္ကြာဟမႈဟာ အေတာ္ေလးကို ႀကီးမားေနပါ တယ္။ မန္ယူူကေတာ့ အဆင့္ ၄ ထဲကို

ဝင္ႏိုင္မွာျဖစ္ၿပီး စပါးရဲ႕ေနာက္မွာ ရမွတ္ ၇၃ မွတ္နဲ႔ ရပ္တည္ႏိုင္မွာျဖစ္တယ္လို႔ စူပါကြန္ပ်ဴတာက ေဟာကိန္း ထုတ္ခဲ့တာကို The Sun သတင္းစာက ေရးသားေဖာ္ျပသြားခဲ့ပါတယ္။