စုံစမ်းစစ်ဆေးမှု အရှိန်မြင့်လာနေပြီဖြစ်တဲ့ ရော်နယ်ဒိုနဲ့ ဂျူဗီ တို့ရဲ့ လျှို့ဝှက်စာချုပ် လျှောက်လဲချက်တွေ ပေးထားပေမယ့် ဂျူဗင်တပ် ပေါင် ၅၁သန်း အထိဒဏ်ရိုက်ခံရမယ့်အရေးနဲ့ကြုံနေ

ဂျူဗင်တပ်အသင်းဟာ ကိုဗစ်ကာလအတွင်း ကစားသမားတွေအတွက်ငွေပေးချေမှုမှာ

ပွင့်လင်းမြင်သာမရှိခဲ့လို့ ပေါင် ၅၁သန်း အထိဒဏ်ရိုက်ခံရဖို့ရှိနေတယ်လို့ အီတလီမီဒီယာတွေက ဖော်ပြနေကြပါတယ်။

ကပ်ရောဂါကာလအတွင်း ကစားသမားတွေရဲ့လုပ်ခလစာကို ၄လအထိလျှော့ပေါ့ခဲ့တယ်လို့

တူရင်ကလပ်က အသိပေးခဲ့ပေမဲ့ အဲဒီကာလအတွင်း ရော်နယ်ဒိုနဲ့ လျှို့ဝှက်စာချုပ်မှာ ပေါင် ၁၇သန်း ပေးမယ်လို့ သဘောတူညီခဲ့ပါတယ်။

ငွေကြေးဆိုင်ရာအဆိုသွင်းချက်တွေလွဲချော်နေ ခဲ့တဲ့အတွက် တူရင်အစိုးရရှေ့နေရုံးတာဝန်ခံတွေဟာ

ကလပ်အသင်းနဲ့ပတ်သတ်တဲ့ စုံစမ်းမေးမြန်းမှုတွေကို စတင်နေပြီဖြစ်တယ်။

ဘဏ္ဍာရေးဆိုင်ရာ မှားယွင်းဖော်ပြမှု တွေအတွက် ပေါင် ၁၇သန်း ကနေ ပေါင် ၅၁သန်း ကြားဒဏ်ရိုက်ခံရဖို့ရှိနေပြီး

ကိုဗစ် ကာလမှာ ရော်နယ်ဒိုအပါအဝင် လက်တစ်ဆုပ်စာကစားသမားတွေကို

လျှို့ဝှက်ငွေ ပေးတာသေချာခဲ့ရင်တော့ ကြီးလေးတဲ့ပြစ်ဒဏ်ခံယူရဖို့ရှိနေပါတယ်။

ရော်နယ်ဒိုနဲ့ပတ်သတ်လို့တွေ့ရှိခဲ့တဲ့ စာရွက်စာတမ်းတွေက စုံစမ်းစစ်ဆေးမှုရဲ့ အဓိကအခန်းကဏ္ဍမှာပါဝင်နေတယ်လို့

အီတလီမီဒီယာတွေက ဖော်ပြထားပါတယ်။

ဂျူဗင်တပ်အသင်းရှေ့နေတွေရဲ့ကြေညာချက်မှာတော့ သူတို့ဟာ ကိုဗစ်ကာလအတွင်း ကစားပွဲတွေရပ်နားခဲ့ရသလို

ကွင်းပိတ်ကစားရတာတွေရှိခဲ့ပြီး ပုံမှန်အစီအစဉ်နဲ့ဆက်သွားဖို့မဖြစ်နိုင်တာကြောင့်

အရေးပေါ်ဆုံးဖြတ်ချက်တွေချမှတ်ခဲ့ရတယ်လို့ တင်ပြထားပါတယ်။

zawgyi

စုံစမ္းစစ္ေဆးမႈ အရွိန္ျမင့္လာေနၿပီျဖစ္တဲ့ ေရာ္နယ္ဒိုနဲ႔ ဂ်ဴဗီ တို႕ရဲ႕ လွ်ိဳ႕ဝွက္စာခ်ဳပ္

ေလွ်ာက္လဲခ်က္ေတြ ေပးထားေပမယ့္ ဂ်ဴဗင္တပ္ ေပါင္ ၅၁သန္း အထိဒဏ္႐ိုက္ခံရမယ့္အေရးနဲ႕ၾကံဳေန

ဂ်ဴဗင္တပ္အသင္းဟာ ကိုဗစ္ကာလအတြင္း ကစားသမားေတြအတြက္ေငြေပးေခ်မႈမွာ

ပြင့္လင္းျမင္သာမရွိခဲ့လို႔ ေပါင္ ၅၁သန္း အထိဒဏ္႐ိုက္ခံရဖို႔ရွိေနတယ္လို႔ အီတလီမီဒီယာေတြက ေဖာ္ျပေနၾကပါတယ္။

ကပ္ေရာဂါကာလအတြင္း ကစားသမားေတြရဲ႕လုပ္ခလစာကို ၄လအထိေလွ်ာ့ေပါ့ခဲ့တယ္လို႔

တူရင္ကလပ္က အသိေပးခဲ့ေပမဲ့ အဲဒီကာလအတြင္း ေရာ္နယ္ဒိုနဲ႔ လွ်ိဳ႕ဝွက္စာခ်ဳပ္မွာ ေပါင္ ၁၇သန္း ေပးမယ္လို႔ သေဘာတူညီခဲ့ပါတယ္။

ေငြေၾကးဆိုင္ရာအဆိုသြင္းခ်က္ေတြလြဲေခ်ာ္ေန ခဲ့တဲ့အတြက္ တူရင္အစိုးရေရွ႕ေန႐ုံးတာဝန္ခံေတြဟာ

ကလပ္အသင္းနဲ႔ပတ္သတ္တဲ့ စုံစမ္းေမးျမန္းမႈေတြကို စတင္ေနၿပီျဖစ္တယ္။

ဘ႑ာေရးဆိုင္ရာ မွားယြင္းေဖာ္ျပမႈ ေတြအတြက္ ေပါင္ ၁၇သန္း ကေန ေပါင္ ၅၁သန္း ၾကားဒဏ္႐ိုက္ခံရဖို႔ရွိေနၿပီး

ကိုဗစ္ ကာလမွာ ေရာ္နယ္ဒိုအပါအဝင္ လက္တစ္ဆုပ္စာကစားသမားေတြကို

လွ်ိဳ႕ဝွက္ေငြ ေပးတာေသခ်ာခဲ့ရင္ေတာ့ ႀကီးေလးတဲ့ျပစ္ဒဏ္ခံယူရဖို႔ရွိေနပါတယ္။

ေရာ္နယ္ဒိုနဲ႔ပတ္သတ္လို႔ေတြ႕ရွိခဲ့တဲ့ စာ႐ြက္စာတမ္းေတြက စုံစမ္းစစ္ေဆးမႈရဲ႕ အဓိကအခန္းက႑မွာပါဝင္ေနတယ္လို႔

အီတလီမီဒီယာေတြက ေဖာ္ျပထားပါတယ္။

ဂ်ဴဗင္တပ္အသင္းေရွ႕ေနေတြရဲ႕ေၾကညာခ်က္မွာေတာ့ သူတို႔ဟာ ကိုဗစ္ကာလအတြင္း ကစားပြဲေတြရပ္နားခဲ့ရသလို

ကြင္းပိတ္ကစားရတာေတြရွိခဲ့ၿပီး ပုံမွန္အစီအစဥ္နဲ႔ဆက္သြားဖို႔မျဖစ္ႏိုင္တာေၾကာင့္

အေရးေပၚဆုံးျဖတ္ခ်က္ေတြခ်မွတ္ခဲ့ရတယ္လို႔ တင္ျပထားပါတယ္။