စုစုပေါင်း ယူရိုသန်း ၁၀၀နဲ့ နယူးကာဆယ်ရဲ့ ကမ်းလှမ်းမှုကို ရီးရဲလ်ကြယ်ပွင့်နှစ်ဦး ပယ်ချလိုက်

ရီးရဲလ်ကြယ်ပွင့်နှစ်ဦးဖြစ်တဲ့ ကွင်းလယ်လူ ကက်စ်မဲရိုးနဲ့
တောင်ပံကစားသမား ဟာဇက်တို့ဟာ ယခုလအတွင်း
နယူးကာဆယ်အသင်းရဲ့ ကမ်းလှမ်းလာမှုကို
ငြင်းဆန်ပယ်ချခဲ့ကြောင်း သတင်းတွေက ရေးသားဖော်ပြပါတယ်။
အသက် ၃၁နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံအသင်းခေါင်းဆောင်
ဟာဇက်ဟာ ရီးရဲလ်မှာ ဒဏ်ရာပြဿနာတွေကြောင့်
ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရပြီး
နည်းပြ အန်ဆလော့တီကလည်း သူ့ကို
အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ ပြင်ဆင်နေပါတယ်။
သူ့ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့
ဝက်စ်ဟမ်း၊ အဲဗာတန်နဲ့ နယူးကာဆယ်တို့အပြင်
အသင်းဟောင်း ချဲလ်ဆီးကပါ စိတ်ဝင်စားနေပြီး
ယခုလအစောပိုင်းက ယူရိုသန်း ၄၀နဲ့
နယူးကာဆယ်ရဲ့ကမ်းလှမ်းမှုကို ရီးရဲလ်က
လက်သင့်ခံခဲ့ပေမယ့် ကစားသမားဖြစ်သူကတော့ ပယ်ချခဲ့ပါတယ်။


ယခုအခါ Nacional သတင်းဌာနရဲ့ဖော်ပြချက်အရ
နယူးကာဆယ်ဟာ ကက်စ်မဲရိုးနဲ့ ဟာဇက်တို့အတွက်
နှစ်ဦးပေါင်း ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀နဲ့
ကမ်းလှမ်းပေမယ့် ကစားသမားတွေဘက်ကတော့
ငြင်းဆန်ပယ်ချခဲ့တယ်လို့ သိရပါတယ်။
အဲဒီသတင်းစာရဲ့ဖော်ပြချက်အရ ရီးရဲလ်အသင်းဥက္ကဋ္ဌ
ပီရက်ဇ်ဟာ ကက်စ်မဲရိုးကို အသင်းရဲ့
မရှိမဖြစ်ကစားသမားအဖြစ် မယူဆထားဘဲ
သူ့အတွက် ကမ်းလှမ်းလာမှုတွေကို
လက်သင့်ခံစဉ်းစားဖွယ်ရှိနေတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလဆိုရင် အသက် ၃၀ ပြည့်တော့မယ့်
ကက်စ်မဲရိုးဟာ ၂၀၂၅ နွေရာသီအထိ
စာချုပ်ချုပ်ဆိုထားပြီး နယူးကာဆယ်က
သူ့အတွက် ပြောင်းရွှေ့ကြေး
ပေါင် ၄၁.၅(ယူရိုသန်း ၅၀)အပြင် မြင့်မားတဲ့
လစာနဲ့ပါ ကမ်းလှမ်းဖွယ်ရှိနေပါတယ်။


ဒါပေမဲ့ ကက်စ်မဲရိုးကတော့ နယူးကာဆယ်ကို
ပြောင်းရွှေ့လိုစိတ်မရှိဘဲ ပီရက်ဇ်အနေနဲ့
အသင်းမှာ တစ်ပတ်လုပ်ခလစာ ပေါင် ၄၁၆၀၀၀ အထိ
ပေးချေနေရတဲ့ ဟာဇက်ကိုပါ
ရောင်းချဖွယ်ရှိနေပါတယ်။