စီရော်နယ်လ်ဒို အသင်းနဲ့အတူလေ့ကျင့်ခန်းပြန်ဆင်း

မန်ချက်စတာယူနိုက်တက်အသင်း နာမည်ကျော်ကစားသမားစီရော်နယ်လ်ဒိုဟာ

ဒီတစ်ပတ်စနေနေ့မှာ အက်စတွန်ဗီလာနဲ့ကစားမယ့်ပရီးမီးယားလိဂ်ပွဲမတိုင်ခင်

အသင်းနဲ့အတူလေ့ကျင့်ခန်းဆင်းနိုင်ပြီဖြစ်လို့

နည်းပြရန်နစ်ခ်အတွက် ဝမ်းသာစရာသတင်းဖြစ်ခဲ့ရပါတယ်။

အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်တဲ့ စီရော်နယ်လ်ဒိုဟာ တင်ပါးဒဏ်ရာကြောင့်

ပြီးခဲ့တဲ့တနင်္လာနေ့က အက်စတွန်ဗီလာအသင်းကို(၁-၀)ဂိုးနဲ့အနိုင်ရခဲ့တဲ့

FA ဖလားပွဲမှာ မပါဝင်နိုင်ခဲ့ပေမယ့် ဒီတစ်ပတ်ကစားမယ့်ပရီးမီးယားလိဂ်ပွဲမှာတော့

အသင်းအတွက်ပါဝင်ကစားနိုင်ဖို့ရှိနေပါတယ်။

ကာရင်တန်လေ့ကျင့်ရေးကွင်းက ပုံတွေအရ စီရော်နယ်လ်ဒိုဟာ

အကောင်းဆုံးပုံစံမှာရှိနေပြီး အက်စတွန်ဗီလာနဲ့ကစားမယ့်ပွဲအတွက်

အသင့်ရှိနေတဲ့အနေအထားပါပဲ။

စီရော်နယ်လ်ဒိုဟာ ဒီရာသီ ယူနိုက်တက်အသင်းအတွက်ပြိုင်ပွဲစုံ(၂၁)ပွဲကစား၊

(၁၄)ဂိုးသွင်းထားပြီး အသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမားအဖြစ်

ရပ်တည်နေသူဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုက “ကျွန်တော့်အခြေအနေက အကောင်းကြီးရှိနေပေါသေးတယ်။

ဘောလုံးကစားရင်းနဲ့ ထိခိုက်မိတာက သိပ်မထူးဆန်းဘဲ

ကျွန်တော်လည်း တစ်ခါတလေကျရင် နာကျင်မှုခံစားရလေ့ရှိပါတယ်။

အခုဒဏ်ရာက မပြင်းထန်တာကြောင့်

မကြာခင် ဘောလုံးပြန်ကစားနိုင်မှာပါ”လို့ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်(၁၉)ပွဲကစား၊

(၃၁)မှတ်နဲ့ အဆင့်(၇)နေရာမှာရပ်တည်နေပြီး အဆင့်(၄)နေရာက

ဝက်စ်ဟမ်းနဲ့ (၂)ပွဲလျော့(၆)မှတ်အထိကွာဟနေတာကြောင့်

ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် ရုန်းကန်ရမှာဖြစ်ပါတယ်။

zawgyi

စီေရာ္နယ္လ္ဒို အသင္းနဲ႔အတူေလ့က်င့္ခန္းျပန္ဆင္း

မန္ခ်က္စတာယူႏိုက္တက္အသင္း နာမည္ေက်ာ္ကစားသမားစီေရာ္နယ္လ္ဒိုဟာ

ဒီတစ္ပတ္စေနေန႔မွာ အက္စတြန္ဗီလာနဲ႔ကစားမယ့္ပရီးမီးယားလိဂ္ပြဲမတိုင္ခင္

အသင္းနဲ႔အတူေလ့က်င့္ခန္းဆင္းႏိုင္ၿပီျဖစ္လို႔

နည္းျပရန္နစ္ခ္အတြက္ ဝမ္းသာစရာသတင္းျဖစ္ခဲ့ရပါတယ္။

အသက္(၃၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ စီေရာ္နယ္လ္ဒိုဟာ တင္ပါးဒဏ္ရာေၾကာင့္

ၿပီးခဲ့တဲ့တနလၤာေန႔က အက္စတြန္ဗီလာအသင္းကို(၁-၀)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့

FA ဖလားပြဲမွာ မပါဝင္ႏိုင္ခဲ့ေပမယ့္ ဒီတစ္ပတ္ကစားမယ့္ပရီးမီးယားလိဂ္ပြဲမွာေတာ့

အသင္းအတြက္ပါဝင္ကစားႏိုင္ဖို႔ရွိေနပါတယ္။

ကာရင္တန္ေလ့က်င့္ေရးကြင္းက ပုံေတြအရ စီေရာ္နယ္လ္ဒိုဟာ

အေကာင္းဆုံးပုံစံမွာရွိေနၿပီး အက္စတြန္ဗီလာနဲ႔ကစားမယ့္ပြဲအတြက္

အသင့္ရွိေနတဲ့အေနအထားပါပဲ။

စီေရာ္နယ္လ္ဒိုဟာ ဒီရာသီ ယူႏိုက္တက္အသင္းအတြက္ၿပိဳင္ပြဲစုံ(၂၁)ပြဲကစား၊

(၁၄)ဂိုးသြင္းထားၿပီး အသင္းရဲ႕ဂိုးသြင္းအမ်ားဆုံးကစားသမားအျဖစ္

ရပ္တည္ေနသူျဖစ္ပါတယ္။

စီေရာ္နယ္လ္ဒိုက “ကြၽန္ေတာ့္အေျခအေနက အေကာင္းႀကီးရွိေနေပါေသးတယ္။

ေဘာလုံးကစားရင္းနဲ႔ ထိခိုက္မိတာက သိပ္မထူးဆန္းဘဲ

ကြၽန္ေတာ္လည္း တစ္ခါတေလက်ရင္ နာက်င္မႈခံစားရေလ့ရွိပါတယ္။

အခုဒဏ္ရာက မျပင္းထန္တာေၾကာင့္

မၾကာခင္ ေဘာလုံးျပန္ကစားႏိုင္မွာပါ”လို႔ေျပာၾကားခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာ ပရီးမီးယားလိဂ္(၁၉)ပြဲကစား၊

(၃၁)မွတ္နဲ႔ အဆင့္(၇)ေနရာမွာရပ္တည္ေနၿပီး အဆင့္(၄)ေနရာက

ဝက္စ္ဟမ္းနဲ႔ (၂)ပြဲေလ်ာ့(၆)မွတ္အထိကြာဟေနတာေၾကာင့္

ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔အတြက္ ႐ုန္းကန္ရမွာျဖစ္ပါတယ္။