စီရော်နယ်လ်ဒို ယူနိုက်တက်နဲ့ မထင်မှတ်ဘဲလမ်းခွဲဖြစ်ရင် ဘယ်အသင်းကိုသွားမလဲ ..

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပေါ်တူဂီနာမည်ကျော်တိုက်စစ်ကစားသမား

စီရော်နယ်လ်ဒို အသင်းရဲ့ရလဒ်ဆိုးတွေအပေါ် စိတ်ပျက်နေပြီး

လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ရင် ရာသီကုန်မှာ အသင်းနဲ့လမ်းခွဲဖို့ရှိတယ်လို့

သတင်းတွေထွက်ပေါ်နေပါတယ်။ ယူနိုက်တက်အသင်းဟာ

ပရီးမီးယားလိဂ်နောက်ဆုံး(၆)ပွဲမှာ (၁)ပွဲသာအနိုင်ရခဲ့ပြီး၊ (၄)ပွဲအထိ

ရှုံးနိမ့်ခဲ့တာကြောင့် ထိပ်ဆုံးက ချယ်လ်ဆီးနဲ့(၉)မှတ်အထိကွာဟနေပြီဖြစ်သလို

အဆင့်(၄)က လီဗာပူးလ်အသင်းနဲ့(၅)မှတ်ကွာဟနေပါတယ်။ တကယ်လို့

ယူနိုက်တက်အသင်းအနေနဲ့ လာမယ့်ပွဲတွေမှာ ရလဒ်တွေဆက်ဆိုးနေမယ်ဆိုရင်

စီရော်နယ်လ်ဒိုနဲ့ယူနိုက်တက်တို့ရဲ့လမ်းခွဲက ရာသီမကုန်ခင်မှာပဲဖြစ်လာဖို့ရှိနေတယ်လို့

ဗြိတိန်မီဒီယာတွေက သုံးသပ်နေကြပြီဖြစ်ပါတယ်။

အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် အခုအချိန်အထိအောင်မြင်မှုတွေကို

ဆာလောင်နေဆဲဖြစ်သူ စီရော်နယ်လ်ဒိုဟာ ယူနိုက်တက်နဲ့မထင်မှတ်မှတ်ဘဲ

လမ်းခွဲဖြစ်ခဲ့ရင်တောင် ဥရောပ(အထူးသဖြင့် အင်္ဂလန်)မှာပဲ

ဆက်ကစားသွားဖို့ရှိနေပြီး ဗြိတိန်သတင်းစာ The Sun က

စီရော်နယ်လ်ဒိုပြောင်းရွှေ့နိုင်တဲ့ကလပ်အသင်းတွေကို အခုလိုသုံးသပ်ဖော်ပြခဲ့ပါတယ်။

ယူနိုက်တက်နဲ့လမ်းခွဲဖြစ်ခဲ့ရင် စီရော်နယ်လ်ဒိုကိုခေါ်ယူဖို့ အဖြစ်နိုင်ဆုံးက

မန်စီးတီးအသင်းပါပဲ။ မန်စီးတီးအသင်းဟာ နွေရာသီကတည်းက

စီရော်နယ်လ်ဒိုကိုခေါ်ယူနိုင်ဖို့နီးစပ်ခဲ့ပေမယ့် ယူနိုက်တက်အသင်းက

လက်ဦးမှုရယူနိုင်ခဲ့တာဖြစ်ပြီး အခုအချိန်မှာ ဂွါဒီယိုလာကလည်း

တိုက်စစ်မှူးတစ်ဦးလိုချင်နေတာကြောင့် စီရော်နယ်လ်ဒိုကို ခေါ်ယူဖို့

စိတ်ဝင်စားနေဆဲဖြစ်ပါလိမ့်မယ်။ နောက်ထပ်ဖြစ်နိုင်တဲ့အသင်းကတော့

အသင်းဟောင်းရီးယဲလ်အသင်းဆီပြန်ဖို့ပဲဖြစ်ပါတယ်။ စီရော်နယ်လ်ဒိုဟာ

ရီးယဲလ်အသင်းအတွက်ကစားခဲ့တဲ့(၉)နှစ်တာကာလအတွင်း ကြီးမားတဲ့

အောင်မြင်မှုတွေရယူနိုင်ခဲ့ပြီး အသင်းသမိုင်းတစ်လျှောက်သွင်းဂိုးအများဆုံ

းဖြစ်ခဲ့တာပါ။ ဒ့ါအပြင် အခုလက်ရှိနည်းပြအန်ဆယ်လော့တီကလည်း

ရီးယဲလ်အသင်းမှာ စီရော်နယ်လ်ဒိုနဲ့လက်တွဲညီခဲ့တာကြောင့်

ရီးယဲလ်အသင်းဆီတစ်ကျော့ပြန်ရောက်မလားစောင့်ကြည့်ရမှာပါ။

စီရော်နယ်လ်ဒိုကို ခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ထဲမှာ PSG အသင်းလည်း

ပါဝင်နေပြီး ရာသီကုန်ကျရင် အသင်းနဲ့လမ်းခွဲဖို့ရှိနေတဲ့ ဘာပေနေရာမှာ

အစားထိုးဖို့အတွက် စီရော်နယ်လ်ဒိုကို ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

ဖြစ်နိုင်ခြေနည်းပေမယ့် စပို့တင်းလစ္စဘွန်းအသင်းဟာလည်း စီရော်နယ်လ်ဒို

ပြန်လည်ပြောင်းရွှေ့ဖို့ရှိနေတဲ့အသင်းတွေထဲမှာပါဝင်နေပြီး

သူ့မိခင်ကလည်း စီရော်နယ်လ်ဒိုကို ကစားသမားဘဝကအနားမယူခင်

စပို့တင်းလစ္စဘွန်းအသင်းမှာကစားဖို့ တိုက်တွန်းထားပါတယ်။

zawgyi

စီေရာ္နယ္လ္ဒို ယူႏိုက္တက္နဲ႔ မထင္မွတ္ဘဲလမ္းခြဲျဖစ္ရင္ ဘယ္အသင္းကိုသြားမလဲ ..

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ေပၚတူဂီနာမည္ေက်ာ္တိုက္စစ္ကစားသမား

စီေရာ္နယ္လ္ဒို အသင္းရဲ႕ရလဒ္ဆိုးေတြအေပၚ စိတ္ပ်က္ေနၿပီး

လာမယ့္ရာသီခ်န္ပီယံလိဂ္ဝင္ခြင့္မရခဲ့ရင္ ရာသီကုန္မွာ အသင္းနဲ႔လမ္းခြဲဖို႔ရွိတယ္လို႔

သတင္းေတြထြက္ေပၚေနပါတယ္။ ယူႏိုက္တက္အသင္းဟာ

ပရီးမီးယားလိဂ္ေနာက္ဆုံး(၆)ပြဲမွာ (၁)ပြဲသာအႏိုင္ရခဲ့ၿပီး၊ (၄)ပြဲအထိ

ရႈံးနိမ့္ခဲ့တာေၾကာင့္ ထိပ္ဆုံးက ခ်ယ္လ္ဆီးနဲ႔(၉)မွတ္အထိကြာဟေနၿပီျဖစ္သလို

အဆင့္(၄)က လီဗာပူးလ္အသင္းနဲ႔(၅)မွတ္ကြာဟေနပါတယ္။ တကယ္လို႔

ယူႏိုက္တက္အသင္းအေနနဲ႔ လာမယ့္ပြဲေတြမွာ ရလဒ္ေတြဆက္ဆိုးေနမယ္ဆိုရင္

စီေရာ္နယ္လ္ဒိုနဲ႔ယူႏိုက္တက္တို႔ရဲ႕လမ္းခြဲက ရာသီမကုန္ခင္မွာပဲျဖစ္လာဖို႔ရွိေနတယ္လို႔

ၿဗိတိန္မီဒီယာေတြက သုံးသပ္ေနၾကၿပီျဖစ္ပါတယ္။ အသက္(၃၆)ႏွစ္

အ႐ြယ္ရွိၿပီျဖစ္ေပမယ့္ အခုအခ်ိန္အထိေအာင္ျမင္မႈေတြကို

ဆာေလာင္ေနဆဲျဖစ္သူ စီေရာ္နယ္လ္ဒိုဟာ ယူႏိုက္တက္နဲ႔မထင္မွတ္မွတ္ဘဲ

လမ္းခြဲျဖစ္ခဲ့ရင္ေတာင္ ဥေရာပ(အထူးသျဖင့္ အဂၤလန္)မွာပဲ

ဆက္ကစားသြားဖို႔ရွိေနၿပီး ၿဗိတိန္သတင္းစာ The Sun က

စီေရာ္နယ္လ္ဒိုေျပာင္းေ႐ႊ႕ႏိုင္တဲ့ကလပ္အသင္းေတြကို အခုလိုသုံးသပ္ေဖာ္ျပခဲ့ပါတယ္။

ယူႏိုက္တက္နဲ႔လမ္းခြဲျဖစ္ခဲ့ရင္ စီေရာ္နယ္လ္ဒိုကိုေခၚယူဖို႔ အျဖစ္ႏိုင္ဆုံးက

မန္စီးတီးအသင္းပါပဲ။ မန္စီးတီးအသင္းဟာ ေႏြရာသီကတည္းက

စီေရာ္နယ္လ္ဒိုကိုေခၚယူႏိုင္ဖို႔နီးစပ္ခဲ့ေပမယ့္ ယူႏိုက္တက္အသင္းက

လက္ဦးမႈရယူႏိုင္ခဲ့တာျဖစ္ၿပီး အခုအခ်ိန္မွာ ဂြါဒီယိုလာကလည္း

တိုက္စစ္မႉးတစ္ဦးလိုခ်င္ေနတာေၾကာင့္ စီေရာ္နယ္လ္ဒိုကို ေခၚယူဖို႔

စိတ္ဝင္စားေနဆဲျဖစ္ပါလိမ့္မယ္။ ေနာက္ထပ္ျဖစ္ႏိုင္တဲ့အသင္းကေတာ့

အသင္းေဟာင္းရီးယဲလ္အသင္းဆီျပန္ဖို႔ပဲျဖစ္ပါတယ္။ စီေရာ္နယ္လ္ဒိုဟာ

ရီးယဲလ္အသင္းအတြက္ကစားခဲ့တဲ့(၉)ႏွစ္တာကာလအတြင္း ႀကီးမားတဲ့

ေအာင္ျမင္မႈေတြရယူႏိုင္ခဲ့ၿပီး အသင္းသမိုင္းတစ္ေလွ်ာက္သြင္းဂိုးအမ်ားဆုံ

းျဖစ္ခဲ့တာပါ။ ဒ့ါအျပင္ အခုလက္ရွိနည္းျပအန္ဆယ္ေလာ့တီကလည္း

ရီးယဲလ္အသင္းမွာ စီေရာ္နယ္လ္ဒိုနဲ႔လက္တြဲညီခဲ့တာေၾကာင့္

ရီးယဲလ္အသင္းဆီတစ္ေက်ာ့ျပန္ေရာက္မလားေစာင့္ၾကည့္ရမွာပါ။

စီေရာ္နယ္လ္ဒိုကို ေခၚယူဖို႔စိတ္ဝင္စားေနတဲ့ထဲမွာ PSG အသင္းလည္း

ပါဝင္ေနၿပီး ရာသီကုန္က်ရင္ အသင္းနဲ႔လမ္းခြဲဖို႔ရွိေနတဲ့ ဘာေပေနရာမွာ

အစားထိုးဖို႔အတြက္ စီေရာ္နယ္လ္ဒိုကို ပစ္မွတ္ထားေနတာျဖစ္ပါတယ္။

ျဖစ္ႏိုင္ေျခနည္းေပမယ့္ စပို႔တင္းလစၥဘြန္းအသင္းဟာလည္း စီေရာ္နယ္လ္ဒို

ျပန္လည္ေျပာင္းေ႐ႊ႕ဖို႔ရွိေနတဲ့အသင္းေတြထဲမွာပါဝင္ေနၿပီး

သူ႔မိခင္ကလည္း စီေရာ္နယ္လ္ဒိုကို ကစားသမားဘဝကအနားမယူခင္

စပို႔တင္းလစၥဘြန္းအသင္းမွာကစားဖို႔ တိုက္တြန္းထားပါတယ္။