စီရော်နယ်လ်ဒိုရဲ့ ဒီရာသီ ပထမဆုံးအိုးလ်ထရက်ဖို့ဒ် သွင်းဂိုးနဲ့အတူ အလွယ်တကူနိုင်ပွဲရခဲ့တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ရှရစ်ဖ်ကို အခက်အခဲမရှိ နိုင်ပွဲရယူပြီး

ယူရိုပါလိဂ်အုပ်စုကနေ နောက်တစ်ဆင့် တက်လှမ်းနိုင်ခဲ့ပါပြီ။

ဒီပွဲအတွက် ပွဲထွက်လူစာရင်းမှာ နည်းပြအဲရစ်တန်ဟက်နဲ့ ငြိမ်းချမ်းရေး ပြန်ရသွားတဲ့ စီရော်နယ်လ်ဒို ပါဝင်ခဲ့ပြီး

ဂိုးလည်း သွင်းနိုင်တာကြောင့် နှစ်ဦးစလုံးအတွက် စိတ်ကျေနပ်စရာဖြစ်ခဲ့ရပါတယ်။

စီရော်နယ်လ်ဒိုဟာ အခုပွဲမှာ ဟက်ထရစ် ရနိုင်လောက်တဲ့အထိ အခွင့်အရေးတွေရခဲ့ပေမယ့်

(၈၁)မိနစ်မှာ ခေါင်းတိုက်သွင်းဂိုးနဲ့သာ ကျေနပ်ခဲ့ရပြီး ဒါက သူ့အတွက် ဒီရာသီ အိုးလ်ထရက်ဖို့ဒ်မှာ ပထမဆုံးဂိုးသွင်းနိုင်တာဖြစ်သလို

ကလပ်အသင်းကစားသမားဘ၀ (၇၀၁)ဂိုးမြောက်လည်းဖြစ်ပါတယ်။

မနှစ်က ချန်ပီယံလိဂ်မှာ ရီးယဲလ်ကို အံ့အားသင့်စရာကောင်းအောင် ဘာနေဗျူးကွင်းမှာ အနိုင်ကစားပြခဲ့တဲ့ ရှရစ်ဖ်တို့

အခု အိုးလ်ထရက်ဖို့ဒ်မှာတော့ ဘာမှကို မလုပ်ပြနိုင်ဘဲ တစ်ပွဲလုံး ဂိုးပေါက်ကန်သွင်းချက် တစ်ကြိမ်မှတောင် မရှိခဲ့ပါဘူး။

ယူနိုက်တက် တိုက်စစ်ဘယ်ခြမ်းမှာ ပွဲထွက်ခွင့်ရခဲ့တဲ့ အာဂျင်တီးနားလူငယ်ကစားသမား ဂါနာချိုဟာ

အဲရစ်တန်ဟက် စိတ်ကျေနပ်လောက်စရာ ခြေစွမ်းပြသနိုင်ပြီး ဆန်ချိုထက်စာရင် ဂါနာချိုကို ပိုပြီးတော့ သုံးသပ်တယ်လို့ မြင်မိတယ်။

ယူနိုက်တက်တို့ ဘောလုံးပိုင်ဆိုင်မှုအသာ၊ ဂိုးပေါက်ကန်သွင်းချက်အသာနဲ့ ကစားခဲ့ပေမယ့်

ရှရစ်ဖ်ဂိုးသမား ကိုဗယ်လ်ဟာ စီရော်နယ်လ်ဒိုရဲ့ အနီးကပ်ပိတ်သွင်းချက်အပါအဝင် လက်စွမ်းပြကာကွယ်မှုပြုလုပ်ခဲ့တာကြောင့်

ယူနိုက်တက်တို့ စောစောစီးစီး ဂိုးမရခဲ့တာပါ။

ပထမပိုင်းပြီးခါနီး (၄၄)မိနစ်မှာ အဲရစ်ဆင်ရဲ့ ထောင့်ကန်ဘောကနေ ဒါလော့တ်က

ခေါင်းတိုက်သွင်းခဲ့ပြီး ၂၀၂၀၊ ဇန်နဝါရီ(၂၆)ရက်တုန်းက ထရမ်မဲယားနဲ့ကစားခဲ့တဲ့ FA ဖလားပွဲနောက်ပိုင်း (၂)နှစ်ကျော်အကြာမှ

ယူနိုက်တက်အတွက် ဒါလော့တ် ဂိုးပြန်သွင်းခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အတွက် ဒုတိယဂိုးကို (၆၅)မိနစ်မှာ လုခ်ရှော တင်ပေးတာကနေ ရပ်ရှ်ဖို့ဒ်က

ဒီရာသီ (၆)ဂိုးမြောက်အဖြစ် ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။

ပရိသတ်တွေ မြင်တွေ့ချင်နေတဲ့ စီရော်နယ်လ်ဒိုရဲ့ သွင်းဂိုးကို

(၈၁)မိနစ်မှာ မြင်တွေ့ခွင့်ရခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်ရဲ့ ဖြတ်တင်ဘောကနေ စီရော်နယ်လ်ဒို ခေါင်းတိုက်သွင်းခဲ့တာကို

ဂိုးသမား ပုတ်ထုတ်ခဲ့ပေမယ့် စီရော်နယ်လ်ဒိုကပဲ အနီးကပ် ပြန်ပိတ်ခဲ့တာပါ။

အခု နိုင်ပွဲကြောင့် ယူနိုက်တက်တို့ နောက်တစ်ဆင့် တက်ခွင့်ရခဲ့ပြီး

အုပ်စုဗိုလ်နေရာအတွက် ဆိုစီဒက်နဲ့ပွဲမှာ အဆုံးအဖြတ်ခံယူရမှာဖြစ်ပါတယ်။

zawgyi

စီေရာ္နယ္လ္ဒိုရဲ႕ ဒီရာသီ ပထမဆုံးအိုးလ္ထရက္ဖို႔ဒ္ သြင္းဂိုးနဲ႔အတူ အလြယ္တကူႏိုင္ပြဲရခဲ့တဲ့ ယူႏိုက္တက္

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ရွရစ္ဖ္ကို အခက္အခဲမရွိ ႏိုင္ပြဲရယူၿပီး

ယူ႐ိုပါလိဂ္အုပ္စုကေန ေနာက္တစ္ဆင့္ တက္လွမ္းႏိုင္ခဲ့ပါၿပီ။

ဒီပြဲအတြက္ ပြဲထြက္လူစာရင္းမွာ နည္းျပအဲရစ္တန္ဟက္နဲ႔ ၿငိမ္းခ်မ္းေရး ျပန္ရသြားတဲ့ စီေရာ္နယ္လ္ဒို ပါဝင္ခဲ့ၿပီး

ဂိုးလည္း သြင္းႏိုင္တာေၾကာင့္ ႏွစ္ဦးစလုံးအတြက္ စိတ္ေက်နပ္စရာျဖစ္ခဲ့ရပါတယ္။

စီေရာ္နယ္လ္ဒိုဟာ အခုပြဲမွာ ဟက္ထရစ္ ရႏိုင္ေလာက္တဲ့အထိ အခြင့္အေရးေတြရခဲ့ေပမယ့္

(၈၁)မိနစ္မွာ ေခါင္းတိုက္သြင္းဂိုးနဲ႔သာ ေက်နပ္ခဲ့ရၿပီး ဒါက သူ႔အတြက္ ဒီရာသီ အိုးလ္ထရက္ဖို႔ဒ္မွာ ပထမဆုံးဂိုးသြင္းႏိုင္တာျဖစ္သလို

ကလပ္အသင္းကစားသမားဘ၀ (၇၀၁)ဂိုးေျမာက္လည္းျဖစ္ပါတယ္။

မႏွစ္က ခ်န္ပီယံလိဂ္မွာ ရီးယဲလ္ကို အံ့အားသင့္စရာေကာင္းေအာင္ ဘာေနဗ်ဴးကြင္းမွာ အႏိုင္ကစားျပခဲ့တဲ့ ရွရစ္ဖ္တို႔

အခု အိုးလ္ထရက္ဖို႔ဒ္မွာေတာ့ ဘာမွကို မလုပ္ျပႏိုင္ဘဲ တစ္ပြဲလုံး ဂိုးေပါက္ကန္သြင္းခ်က္ တစ္ႀကိမ္မွေတာင္ မရွိခဲ့ပါဘူး။

ယူႏိုက္တက္ တိုက္စစ္ဘယ္ျခမ္းမွာ ပြဲထြက္ခြင့္ရခဲ့တဲ့ အာဂ်င္တီးနားလူငယ္ကစားသမား ဂါနာခ်ိဳဟာ

အဲရစ္တန္ဟက္ စိတ္ေက်နပ္ေလာက္စရာ ေျခစြမ္းျပသႏိုင္ၿပီး ဆန္ခ်ိဳထက္စာရင္ ဂါနာခ်ိဳကို ပိုၿပီးေတာ့ သုံးသပ္တယ္လို႔ ျမင္မိတယ္။

ယူႏိုက္တက္တို႔ ေဘာလုံးပိုင္ဆိုင္မႈအသာ၊ ဂိုးေပါက္ကန္သြင္းခ်က္အသာနဲ႔ ကစားခဲ့ေပမယ့္

ရွရစ္ဖ္ဂိုးသမား ကိုဗယ္လ္ဟာ စီေရာ္နယ္လ္ဒိုရဲ႕ အနီးကပ္ပိတ္သြင္းခ်က္အပါအဝင္ လက္စြမ္းျပကာကြယ္မႈျပဳလုပ္ခဲ့တာေၾကာင့္

ယူႏိုက္တက္တို႔ ေစာေစာစီးစီး ဂိုးမရခဲ့တာပါ။ ပထမပိုင္းၿပီးခါနီး (၄၄)မိနစ္မွာ အဲရစ္ဆင္ရဲ႕ ေထာင့္ကန္ေဘာကေန ဒါေလာ့တ္က

ေခါင္းတိုက္သြင္းခဲ့ၿပီး ၂၀၂၀၊ ဇန္နဝါရီ(၂၆)ရက္တုန္းက ထရမ္မဲယားနဲ႔ကစားခဲ့တဲ့ FA ဖလားပြဲေနာက္ပိုင္း (၂)ႏွစ္ေက်ာ္အၾကာမွ

ယူႏိုက္တက္အတြက္ ဒါေလာ့တ္ ဂိုးျပန္သြင္းခဲ့တာျဖစ္ပါတယ္။

ယူႏိုက္တက္အတြက္ ဒုတိယဂိုးကို (၆၅)မိနစ္မွာ လုခ္ေရွာ တင္ေပးတာကေန ရပ္ရွ္ဖို႔ဒ္က

ဒီရာသီ (၆)ဂိုးေျမာက္အျဖစ္ ေခါင္းတိုက္သြင္းယူခဲ့ပါတယ္။ ပရိသတ္ေတြ ျမင္ေတြ႕ခ်င္ေနတဲ့ စီေရာ္နယ္လ္ဒိုရဲ႕ သြင္းဂိုးကို

(၈၁)မိနစ္မွာ ျမင္ေတြ႕ခြင့္ရခဲ့ၿပီး ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ ျဖတ္တင္ေဘာကေန စီေရာ္နယ္လ္ဒို ေခါင္းတိုက္သြင္းခဲ့တာကို

ဂိုးသမား ပုတ္ထုတ္ခဲ့ေပမယ့္ စီေရာ္နယ္လ္ဒိုကပဲ အနီးကပ္ ျပန္ပိတ္ခဲ့တာပါ။

အခု ႏိုင္ပြဲေၾကာင့္ ယူႏိုက္တက္တို႔ ေနာက္တစ္ဆင့္ တက္ခြင့္ရခဲ့ၿပီး

အုပ္စုဗိုလ္ေနရာအတြက္ ဆိုစီဒက္နဲ႔ပြဲမွာ အဆုံးအျဖတ္ခံယူရမွာျဖစ္ပါတယ္။