စီရော်နယ်လ်ဒိုရဲ့ ချန်ပီယံလိဂ်သွင်းဂိုးစံချိန်ကို အမီလိုက်ဖို့ မျက်စောင်းထိုးနေပြီဖြစ်တဲ့ မက်ဆီ

မက္ကာဘီဟိုင်ဖာနဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ PSG အသင်းက (၇-၂)ဂိုးနဲ့ ပြတ်ပြတ်သားသားအနိုင်ရခဲ့ပြီး

အသင်းရဲ့ နာမည်ကျော်ကစားသမားမက်ဆီကလည်း (၂)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၂)ကြိမ်ပြုလုပ်ခဲ့ပါတယ်။

PSG အသင်းအတွက် အဖွင့်ဂိုးကို ပထမပိုင်း(၁၉)မိနစ်မှာ ဘာပေပေးတာကနေ မက်ဆီက ဘယ်ဘက်ခြေဖမိုးနဲ့

ပညာသားပါပါ ဝေ့ဝိုက်ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

(၃၂)မိနစ်မှာ ဘာပေက ဒုတိယဂိုး၊ မိနစ်ပိုင်းအကြာမှာပဲ မက်ဆီရဲ့ ပေးပို့မှုကနေ နေမာက တတိယဂိုးသွင်းယူခဲ့ပြီး

ပထမပိုင်းပြီးခါနီးမှာ ဘာပေပေးတာကနေ မက်ဆီက ပယ်နယ်တီဧရိယာထိပ်နားက ဘယ်ခြေနဲ့လှလှပပကန်သွင်းခဲ့ပါတယ်။

PSG အသင်းအတွက် နောက်ထပ်(၃)ဂိုးကိုတော့ ဘာပေ(၆၄မိနစ်)၊ ဂိုးလ်ဘာ့ဂ်(OG၊ ၆၇မိနစ်)နဲ့

မိနစ်(၉၀)ပြည့်ခါနီးမှာ မက်ဆီ ဖန်တီးပေးတာကနေ ကားလို့စ်ဆိုလာက သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ (၂)ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၂)ကြိမ်ပြုလုပ်ခဲ့တဲ့ မက်ဆီဟာ အသက် ၃၅နှစ်၊ ၁၂၃ ရက်နဲ့ ချန်ပီယံလိဂ်တစ်ပွဲတည်းမှာ

(၂)ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၂)ကြိမ်ပြုလုပ်နိုင်တဲ့ အသက်အကြီးအဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက တစ်ရာသီလုံး (၃၄)ပွဲကစား၊ (၁၁)ဂိုးသာသွင်းယူနိုင်ခဲ့တဲ့ မက်ဆီဟာ

ဒီရာသီမှာတော့ (၁၆)ပွဲသာကစားပြီးချိန်မှာပဲ (၁၁)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၁၂)ကြိမ်အထိ ပြုလုပ်ထားပြီးဖြစ်တာကြောင့်

၂၀၂၂-၂၃ ရာသီ ဥရောပထိပ်သီးလိဂ်(၅)ခုမှာ သွင်းဂိုး(၁၀)ဂိုးနဲ့အထက်၊

ဂိုးဖန်တီးမှု(၁၀)ကြိမ်နဲ့အထက်ရအောင် စွမ်းဆောင်ခဲ့တဲ့ တစ်ဦးတည်းသောကစားသမားအဖြစ် ရပ်တည်နေပါပြီ။

အခုဆိုရင် မက်ဆီရဲ့ ချန်ပီယံလိဂ်သွင်းဂိုးအရေအတွက်က (၁၂၉)ဂိုးအထိရှိလာပြီဖြစ်လို့

သူ့ရဲ့ မဟာပြိုင်ဘက် စီရော်နယ်လ်ဒို တင်ရှိထားတဲ့ ချန်ပီယံလိဂ်သွင်းဂိုးစံချိန်ကို အမီလိုက်နိုင်ဖို့ တဖြည်းဖြည်းနီးစပ်လာပြီဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုဟာ ချန်ပီယံလိဂ်မှာ စုစုပေါင်းသွင်းဂိုး(၁၄၀)ဂိုး(ခြေစစ်ပွဲမပါဝင်)နဲ့ ဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နေပြီး

မက်ဆီက စီရော်နယ်လ်ဒိုရဲ့ သွင်းဂိုးအရေအတွက်ကို မီဖို့ (၁၁)ဂိုးသာ လိုပါတော့တယ်။

မက်ဆီအနေနဲ့ ဒီရာသီမှာ စီရော်နယ်လ်ဒိုရဲ့ စံချိန်ကို အမီလိုက်နိုင်ဖို့ဆိုရင် ဗိုလ်လုပွဲရောက်တဲ့အထိ ကြိုးစားရမှာဖြစ်သလို

လက်ကျန်(၈)ပွဲမှာ တစ်ပွဲကို အနည်းဆုံး(၁)ဂိုးနဲ့အထက် သွင်းယူနိုင်မှဖြစ်ပါလိမ့်မယ်။

တကယ်လို့ မက်ဆီဟာ ဒီရာသီမှာ စီရော်နယ်လ်ဒို ချန်ပီယံလိဂ်သွင်းဂိုးစံချိန်ကို အမီမလိုက်နိုင်ရင်တောင်

ခြေစွမ်းကျဆင်းနေပြီဖြစ်တဲ့ စီရော်နယ်လ်ဒိုရဲ့ အနေအထားအရ လာမယ့်ရာသီကျရင်တော့

သေချာပေါက် လိုက်မီမှာဖြစ်သလို စံချိန်သစ်တင်နိုင်ဖို့ပါ မျှော်လင့်ချက်ရှိနေပါပြီ။

zawgyi

စီေရာ္နယ္လ္ဒိုရဲ႕ ခ်န္ပီယံလိဂ္သြင္းဂိုးစံခ်ိန္ကို အမီလိုက္ဖို႔ မ်က္ေစာင္းထိုးေနၿပီျဖစ္တဲ့ မက္ဆီ

မကၠာဘီဟိုင္ဖာနဲ႔ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲမွာ PSG အသင္းက (၇-၂)ဂိုးနဲ႔ ျပတ္ျပတ္သားသားအႏိုင္ရခဲ့ၿပီး

အသင္းရဲ႕ နာမည္ေက်ာ္ကစားသမားမက္ဆီကလည္း (၂)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၂)ႀကိမ္ျပဳလုပ္ခဲ့ပါတယ္။

PSG အသင္းအတြက္ အဖြင့္ဂိုးကို ပထမပိုင္း(၁၉)မိနစ္မွာ ဘာေပေပးတာကေန မက္ဆီက ဘယ္ဘက္ေျခဖမိုးနဲ႔

ပညာသားပါပါ ေဝ့ဝိုက္ကန္သြင္းယူခဲ့တာျဖစ္ပါတယ္။

(၃၂)မိနစ္မွာ ဘာေပက ဒုတိယဂိုး၊ မိနစ္ပိုင္းအၾကာမွာပဲ မက္ဆီရဲ႕ ေပးပို႔မႈကေန ေနမာက တတိယဂိုးသြင္းယူခဲ့ၿပီး

ပထမပိုင္းၿပီးခါနီးမွာ ဘာေပေပးတာကေန မက္ဆီက ပယ္နယ္တီဧရိယာထိပ္နားက ဘယ္ေျခနဲ႔လွလွပပကန္သြင္းခဲ့ပါတယ္။

PSG အသင္းအတြက္ ေနာက္ထပ္(၃)ဂိုးကိုေတာ့ ဘာေပ(၆၄မိနစ္)၊ ဂိုးလ္ဘာ့ဂ္(OG၊ ၆၇မိနစ္)နဲ႔

မိနစ္(၉၀)ျပည့္ခါနီးမွာ မက္ဆီ ဖန္တီးေပးတာကေန ကားလို႔စ္ဆိုလာက သြင္းယူခဲ့တာျဖစ္ပါတယ္။

ဒီပြဲမွာ (၂)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ (၂)ႀကိမ္ျပဳလုပ္ခဲ့တဲ့ မက္ဆီဟာ အသက္ ၃၅ႏွစ္၊ ၁၂၃ ရက္နဲ႔ ခ်န္ပီယံလိဂ္တစ္ပြဲတည္းမွာ

(၂)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ (၂)ႀကိမ္ျပဳလုပ္ႏိုင္တဲ့ အသက္အႀကီးအဆုံးကစားသမားအျဖစ္ စံခ်ိန္တင္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရာသီက တစ္ရာသီလုံး (၃၄)ပြဲကစား၊ (၁၁)ဂိုးသာသြင္းယူႏိုင္ခဲ့တဲ့ မက္ဆီဟာ

ဒီရာသီမွာေတာ့ (၁၆)ပြဲသာကစားၿပီးခ်ိန္မွာပဲ (၁၁)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၁၂)ႀကိမ္အထိ ျပဳလုပ္ထားၿပီးျဖစ္တာေၾကာင့္

၂၀၂၂-၂၃ ရာသီ ဥေရာပထိပ္သီးလိဂ္(၅)ခုမွာ သြင္းဂိုး(၁၀)ဂိုးနဲ႔အထက္၊

ဂိုးဖန္တီးမႈ(၁၀)ႀကိမ္နဲ႔အထက္ရေအာင္ စြမ္းေဆာင္ခဲ့တဲ့ တစ္ဦးတည္းေသာကစားသမားအျဖစ္ ရပ္တည္ေနပါၿပီ။

အခုဆိုရင္ မက္ဆီရဲ႕ ခ်န္ပီယံလိဂ္သြင္းဂိုးအေရအတြက္က (၁၂၉)ဂိုးအထိရွိလာၿပီျဖစ္လို႔

သူ႔ရဲ႕ မဟာၿပိဳင္ဘက္ စီေရာ္နယ္လ္ဒို တင္ရွိထားတဲ့ ခ်န္ပီယံလိဂ္သြင္းဂိုးစံခ်ိန္ကို အမီလိုက္ႏိုင္ဖို႔ တျဖည္းျဖည္းနီးစပ္လာၿပီျဖစ္ပါတယ္။

စီေရာ္နယ္လ္ဒိုဟာ ခ်န္ပီယံလိဂ္မွာ စုစုေပါင္းသြင္းဂိုး(၁၄၀)ဂိုး(ေျခစစ္ပြဲမပါဝင္)နဲ႔ ဂိုးအမ်ားဆုံးကစားသမားအျဖစ္ ရပ္တည္ေနၿပီး

မက္ဆီက စီေရာ္နယ္လ္ဒိုရဲ႕ သြင္းဂိုးအေရအတြက္ကို မီဖို႔ (၁၁)ဂိုးသာ လိုပါေတာ့တယ္။

မက္ဆီအေနနဲ႔ ဒီရာသီမွာ စီေရာ္နယ္လ္ဒိုရဲ႕ စံခ်ိန္ကို အမီလိုက္ႏိုင္ဖို႔ဆိုရင္ ဗိုလ္လုပြဲေရာက္တဲ့အထိ ႀကိဳးစားရမွာျဖစ္သလို

လက္က်န္(၈)ပြဲမွာ တစ္ပြဲကို အနည္းဆုံး(၁)ဂိုးနဲ႔အထက္ သြင္းယူႏိုင္မွျဖစ္ပါလိမ့္မယ္။

တကယ္လို႔ မက္ဆီဟာ ဒီရာသီမွာ စီေရာ္နယ္လ္ဒို ခ်န္ပီယံလိဂ္သြင္းဂိုးစံခ်ိန္ကို အမီမလိုက္ႏိုင္ရင္ေတာင္

ေျခစြမ္းက်ဆင္းေနၿပီျဖစ္တဲ့ စီေရာ္နယ္လ္ဒိုရဲ႕ အေနအထားအရ လာမယ့္ရာသီက်ရင္ေတာ့

ေသခ်ာေပါက္ လိုက္မီမွာျဖစ္သလို စံခ်ိန္သစ္တင္ႏိုင္ဖို႔ပါ ေမွ်ာ္လင့္ခ်က္ရွိေနပါၿပီ။