စီရော်နယ်လ်ဒိုကြောင့် အသက်ရှူချောင်ခဲ့ရတဲ့ ရန်နစ်ခ်

ရန်နစ်ခ်လက်ထက်မှာ ယူနိုက်တက်အသင်းကစားဟန်က တစ်ပွဲထက်တစ်ပွဲ

ပိုတိုးတက်မှုရှိတယ်လို့ဆိုရမှာဖြစ်ပြီး အရင်လို ဦးတည်ချက်မဲ့တဲ့

ကစားဟန်မျိုးမတွေ့ရတော့ဘဲ Active ပိုဖြစ်လာတယ်။

Tackle (ဘောလုံးဖျက်ထုတ်မှု) ပိုင်း၊ Interception

(ဘောလုံးကြားဖြတ်ရယူနိုင်မှု)အပိုင်းတွေမှာ တိုးတက်လာသလို

ကစားသမားတစ်ယောက်ချင်းစီက ဘောလုံးရရင် ဘာလုပ်လို့လုပ်ရမှန်း

မသိတဲ့ပုံစံမဟုတ်တော့ဘဲ Off The Ball Movement တွေကလည်း

ကျေနပ်ဖို့ကောင်းတယ်။ ဖရက်ဒ်နဲ့တွမ်မီနေးတို့လည်း

ဆိုးလ်ရှားလက်ထက်တုန်းကထက်စာရင် အခုအချိန်မှာ တိုက်စစ်လိုက်ပါမှု၊

ခံစစ်ကို Cover ပြန်လုပ်ပေးနိုင်မှုအပိုင်းတွေမှာ အပေါင်းလက္ခဏာပြနေပေမယ့်

ပွင့်ပွင့်လင်းလင်းပြောရရင်တော့ သူတို့နှစ်ယောက်က Average Players တွေဖြစ်နေပြီး

အရည်အသွေးပိုင်းမှာ တခြားထိပ်သီးအသင်းတွေက ကွင်းလယ်လူတွေနဲ့နှိုင်းယှဉ်ရင်

တစ်ဆင့်နိမ့်နေသလိုဖြစ်နေတဲ့အပြင် ကျဉ်းထဲကျပ်ထဲရောက်ရင်

တိုက်စစ်အတွက် ဖန်တီးနိုင်မှုက အားနည်းသွားတတ်တယ်။

အဲဒါကြောင့်ပဲ ယူနိုက်တက်အသင်း တိုက်စစ်အတွက် ဘရူနိုဖာနန်ဒက်စ်ဆီကပဲ

ဘောလုံးလမ်းကြောင်းတွေ စောင့်ကစားနေရဆဲအနေအထားကို မြင်တွေ့ခဲ့ရပါတယ်။

လာမယ့်ဇန်နဝါရီကျရင်တော့ အဲဒီ Double Pivot နေရာအတွက်

ကစားသမားသစ်တစ်ယောက် မဖြစ်မနေခေါ်ရတော့မှာပါ။

ဒါပေမဲ့ ဘယ်နည်းပြတွေဘယ်လိုပြောင်းပြောင်း၊ ဘယ်လိုနည်းဗျူဟာတွေခင်းခင်း

နည်းပြတိုင်းအတွက် မရှိမဖြစ်လက်စွမ်းပြနေတာက ထုံးစံအတိုင်း ဒီဂီယာပါပဲ။

အခုပွဲမှာ ပူကီရဲ့ကန်ချက်၊ ခါဘတ်ရဲ့ခေါင်းတိုက်ချက်တွေကို

မယုံနိုင်လောက်အောင်ကာကွယ်ခဲ့ပြီး အပိုင်အခွင့်အရေး(၅)ကြိမ်လောက်ကို

ပုတ်ထုတ်ခဲ့ရပါတယ်။ ယူနိုက်တက်အသင်း ခံစစ်ဇုန်မှာ Tackling တွေ

ကောင်းလာပေမယ့် အခုထက် ပိုကျစ်လစ်ဖို့တော့ လိုအပ်နေပါပြီ။

ဒီပွဲမှာ ယူနိုက်တက်ကစားပုံမဆိုးပေးမယ့် စီရော်နယ်လ်ဒိုရဲ့

ပယ်နယ်တီသာမရရင်တော့ အခြေအနေက တစ်မျိုးပြောင်းသွားဖို့ရှိပါတယ်။

ပထမပိုင်းမှာ တဲလက်စ်ရဲ့ဖရီးကစ် တိုင်ထိထွက်ခဲ့တာ၊ စီရော်နယ်လ်ဒိုရဲ့ကန်ချက်

ကရူးလ်ပုတ်ထုတ်နိုင်ခဲ့တာတွေကြောင့် ယူနိုက်တက်နစ်နာခဲ့ရတယ်။

ဒုတိယပိုင်းမှာ ယူနိုက်တက်တိုက်စစ်ကို ထိန်းချုပ်နိုင်ခဲ့တဲ့ နောဝစ်ချ်တို့

အပြန်အလှန်ထိုးဖောက်လာပြီး ဒီဂီယာရဲ့ကာကွယ်မှုတွေကြောင့်သာမဟုတ်ရင်

ရုန်းကန်ရဦးမယ့်အနေအထားပါပဲ။ ဒါပေမဲ့ ပွဲချိန်မိနစ်(၇၀)ကျော်မှာ

ပယ်နယ်တီဧရိယာအတွင်း စီရော်နယ်လ်ဒိုကို မက်ဇ်အယ်ရွန် ဆွဲလှဲချခဲ့လို့

ယူနိုက်တက်ပယ်နယ်တီရခဲ့ပြီး စီရော်နယ်လ်ဒိုကပဲ အမှားအယွင်းမရှိကန်သွင်းခဲ့ပါတယ်။

ပွဲပြီးခါနီး(၁၀)မိနစ်လောက်မှာတော့ အရင်ဆိုးလ်ရှားလက်ထက်က

ယူနိုက်တက်အသင်းကို ပြန်မြင်ခဲ့ရပေမယ့် အနိုင်ဂိုးတစ်ဂိုးကို

ထိန်းသွားနိုင်ခဲ့တာကြောင့် ရန်နစ်ခ်လက်ထက် ပရီးမီးယားလိဂ်နှစ်ပွဲဆက်

Clean Sheets နိုင်ပွဲတွေရယူနိုင်ခဲ့တာဖြစ်ပါတယ်။

zawgyi

စီေရာ္နယ္လ္ဒိုေၾကာင့္ အသက္ရႉေခ်ာင္ခဲ့ရတဲ့ ရန္နစ္ခ္

ရန္နစ္ခ္လက္ထက္မွာ ယူႏိုက္တက္အသင္းကစားဟန္က တစ္ပြဲထက္တစ္ပြဲ

ပိုတိုးတက္မႈရွိတယ္လို႔ဆိုရမွာျဖစ္ၿပီး အရင္လို ဦးတည္ခ်က္မဲ့တဲ့

ကစားဟန္မ်ိဳးမေတြ႕ရေတာ့ဘဲ Active ပိုျဖစ္လာတယ္။

Tackle (ေဘာလုံးဖ်က္ထုတ္မႈ) ပိုင္း၊ Interception

(ေဘာလုံးၾကားျဖတ္ရယူႏိုင္မႈ)အပိုင္းေတြမွာ တိုးတက္လာသလို

ကစားသမားတစ္ေယာက္ခ်င္းစီက ေဘာလုံးရရင္ ဘာလုပ္လို႔လုပ္ရမွန္း

မသိတဲ့ပုံစံမဟုတ္ေတာ့ဘဲ Off The Ball Movement ေတြကလည္း

ေက်နပ္ဖို႔ေကာင္းတယ္။ ဖရက္ဒ္နဲ႔တြမ္မီေနးတို႔လည္း

ဆိုးလ္ရွားလက္ထက္တုန္းကထက္စာရင္ အခုအခ်ိန္မွာ တိုက္စစ္လိုက္ပါမႈ၊

ခံစစ္ကို Cover ျပန္လုပ္ေပးႏိုင္မႈအပိုင္းေတြမွာ အေပါင္းလကၡဏာျပေနေပမယ့္

ပြင့္ပြင့္လင္းလင္းေျပာရရင္ေတာ့ သူတို႔ႏွစ္ေယာက္က Average Players ေတြျဖစ္ေနၿပီး

အရည္အေသြးပိုင္းမွာ တျခားထိပ္သီးအသင္းေတြက ကြင္းလယ္လူေတြနဲ႔ႏႈိင္းယွဥ္ရင္

တစ္ဆင့္နိမ့္ေနသလိုျဖစ္ေနတဲ့အျပင္ က်ဥ္းထဲက်ပ္ထဲေရာက္ရင္

တိုက္စစ္အတြက္ ဖန္တီးႏိုင္မႈက အားနည္းသြားတတ္တယ္။

အဲဒါေၾကာင့္ပဲ ယူႏိုက္တက္အသင္း တိုက္စစ္အတြက္ ဘ႐ူႏိုဖာနန္ဒက္စ္ဆီကပဲ

ေဘာလုံးလမ္းေၾကာင္းေတြ ေစာင့္ကစားေနရဆဲအေနအထားကို ျမင္ေတြ႕ခဲ့ရပါတယ္။

လာမယ့္ဇန္နဝါရီက်ရင္ေတာ့ အဲဒီ Double Pivot ေနရာအတြက္

ကစားသမားသစ္တစ္ေယာက္ မျဖစ္မေနေခၚရေတာ့မွာပါ။

ဒါေပမဲ့ ဘယ္နည္းျပေတြဘယ္လိုေျပာင္းေျပာင္း၊ ဘယ္လိုနည္းဗ်ဴဟာေတြခင္းခင္း

နည္းျပတိုင္းအတြက္ မရွိမျဖစ္လက္စြမ္းျပေနတာက ထုံးစံအတိုင္း ဒီဂီယာပါပဲ။

အခုပြဲမွာ ပူကီရဲ႕ကန္ခ်က္၊ ခါဘတ္ရဲ႕ေခါင္းတိုက္ခ်က္ေတြကို

မယုံႏိုင္ေလာက္ေအာင္ကာကြယ္ခဲ့ၿပီး အပိုင္အခြင့္အေရး(၅)ႀကိမ္ေလာက္ကို

ပုတ္ထုတ္ခဲ့ရပါတယ္။ ယူႏိုက္တက္အသင္း ခံစစ္ဇုန္မွာ Tackling ေတြ

ေကာင္းလာေပမယ့္ အခုထက္ ပိုက်စ္လစ္ဖို႔ေတာ့ လိုအပ္ေနပါၿပီ။

ဒီပြဲမွာ ယူႏိုက္တက္ကစားပုံမဆိုးေပးမယ့္ စီေရာ္နယ္လ္ဒိုရဲ႕

ပယ္နယ္တီသာမရရင္ေတာ့ အေျခအေနက တစ္မ်ိဳးေျပာင္းသြားဖို႔ရွိပါတယ္။

ပထမပိုင္းမွာ တဲလက္စ္ရဲ႕ဖရီးကစ္ တိုင္ထိထြက္ခဲ့တာ၊ စီေရာ္နယ္လ္ဒိုရဲ႕ကန္ခ်က္

က႐ူးလ္ပုတ္ထုတ္ႏိုင္ခဲ့တာေတြေၾကာင့္ ယူႏိုက္တက္နစ္နာခဲ့ရတယ္။

ဒုတိယပိုင္းမွာ ယူႏိုက္တက္တိုက္စစ္ကို ထိန္းခ်ဳပ္ႏိုင္ခဲ့တဲ့ ေနာဝစ္ခ်္တို႔

အျပန္အလွန္ထိုးေဖာက္လာၿပီး ဒီဂီယာရဲ႕ကာကြယ္မႈေတြေၾကာင့္သာမဟုတ္ရင္

႐ုန္းကန္ရဦးမယ့္အေနအထားပါပဲ။ ဒါေပမဲ့ ပြဲခ်ိန္မိနစ္(၇၀)ေက်ာ္မွာ

ပယ္နယ္တီဧရိယာအတြင္း စီေရာ္နယ္လ္ဒိုကို မက္ဇ္အယ္႐ြန္ ဆြဲလွဲခ်ခဲ့လို႔

ယူႏိုက္တက္ပယ္နယ္တီရခဲ့ၿပီး စီေရာ္နယ္လ္ဒိုကပဲ အမွားအယြင္းမရွိကန္သြင္းခဲ့ပါတယ္။

ပြဲၿပီးခါနီး(၁၀)မိနစ္ေလာက္မွာေတာ့ အရင္ဆိုးလ္ရွားလက္ထက္က

ယူႏိုက္တက္အသင္းကို ျပန္ျမင္ခဲ့ရေပမယ့္ အႏိုင္ဂိုးတစ္ဂိုးကို

ထိန္းသြားႏိုင္ခဲ့တာေၾကာင့္ ရန္နစ္ခ္လက္ထက္ ပရီးမီးယားလိဂ္ႏွစ္ပြဲဆက္

Clean Sheets ႏိုင္ပြဲေတြရယူႏိုင္ခဲ့တာျဖစ္ပါတယ္။