စီရော်နယ်ဒို မန်ယူအတွက် ဘယ်နှစ်ကြိမ်မြောက် ဟက်ထရစ်လဲ

စနေညက ကစားခဲ့တဲ့ စပါးနဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ စီရော်နုယ်ဒိုဟာ

သူ့ရဲ့ဟက်ထရစ်နဲ့ မန်ယူအသင်းအနိုင်ရအောင် ကူညီပေးနိုင်ခဲ့ပါတယ်။

အဲဒီပွဲက ဟက်ရစ်ဟာ သူ့ရဲ့ကစားသမားဘဝမှာ ၅၆ ကြိမ်မြောက်ဖြစ်ပြီး

လက်ရှိကစားနေသူတွေထဲမှာ အများဆုံးလည်း ဖြစ်တာပါ။

ဒါပေမဲ့ အဲဒီပေါ်တူဂီစူပါစတားဟာ မန်ယူအတွက်တော့

ဟက်ထရစ်နှစ်ကြိမ်သာရှိသေးပြီး ပထမတစ်ကြိမ်ကတော့

၂၀၀၈ ဇန်နဝါရီမှာကစားခဲ့တဲ့ နယူးကာဆယ်နဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ သွင်းယူခဲ့တာဖြစ်ပါတယ်။

ပထမအကြိမ်မန်ယူကစားသမားဘဝက အဲဒီဟက်ထရစ်ဟာ

သူ့ပရော်ဖက်ရှင်နယ်ဘဝမှာ ပထမဆုံးလို့လည်း ဆိုရမှာပါ။

စီရော်နယ်ဒိုဟာ သူ့ကစားသမားဘဝအများစုကို ရီးရဲလ်မှာကုန်ဆုံးခဲ့ပြီး

အဲဒီမှာပဲ ကစားသမားဘ၀ ဟက်ထရစ်အများစုကို ရရှိခဲ့ပါတယ်။

မက်ဒရစ်မြေက ၉ ရာသီမှာ သူဟာ စုစုပေါင်း ဟက်ထရစ် ၄၄ ကြိမ်တောင်သွင်းနိုင်ခဲ့ပါတယ်။

ဂျူဗင်တပ်မှာတော့ ၁၀၁ ဂိုးသွင်းခဲ့ပေမယ့် အဲဒီက ၃ ရာသီမှာ

သူဟာ ဟက်ထရစ် ၃ ကြိမ်သာ ရခဲ့တာပါ။

နိုင်ငံအသင်းပေါ်တူဂီအတွက်တော့ သူဟာ ဟက်ထရစ် ၁၀ ကြိမ်သွင်းပေးထားပြီး

နောက်ဆုံးသွင်းခဲ့တာက ပြီးခဲ့တဲ့အောက်တိုဘာမှာကစားခဲ့တဲ့ လူဇင်ဘတ်နဲ့ပွဲဖြစ်ပါတယ်။

သူ့ကစားသမားဘဝမှာ ဟက်ထရစ်အများဆုံးသွင်းနိုင်ခဲ့တဲ့အသင်းက

ဆီဗီလာဖြစ်ပြီး စုစုပေါင်း ၅ ကြိမ်ရှိကာ အက်သလက်တီကိုကိုတော့

ဒုတိယအများဆုံးအနေနဲ့ ၄ ကြိမ်သွင်းနိုင်ခဲ့တာပါ။

ဂီးနက်ကမ္ဘာ့စံချိန်မှတ်တမ်းအရ ဘောလုံးသမိုင်းရဲ့ဟက်ထရစ်အများအဆုံးက

ဘရာဇီးဂန္ထဝင်ပီလီဖြစ်ပြီး စုစုပေါင်း ၉၂ ကြိမ်တောင် ရှိထားပါတယ်။

zawgyi

စီေရာ္နယ္ဒို မန္ယူအတြက္ ဘယ္ႏွစ္ႀကိမ္ေျမာက္ ဟက္ထရစ္လဲ

စေနညက ကစားခဲ့တဲ့ စပါးနဲ႔ပရီးမီးယားလိဂ္ပြဲစဥ္မွာ စီေရာ္ႏုယ္ဒိုဟာ

သူ႔ရဲ႕ဟက္ထရစ္နဲ႔ မန္ယူအသင္းအႏိုင္ရေအာင္ ကူညီေပးႏိုင္ခဲ့ပါတယ္။

အဲဒီပြဲက ဟက္ရစ္ဟာ သူ႔ရဲ႕ကစားသမားဘဝမွာ ၅၆ ႀကိမ္ေျမာက္ျဖစ္ၿပီး

လက္ရွိကစားေနသူေတြထဲမွာ အမ်ားဆုံးလည္း ျဖစ္တာပါ။

ဒါေပမဲ့ အဲဒီေပၚတူဂီစူပါစတားဟာ မန္ယူအတြက္ေတာ့

ဟက္ထရစ္ႏွစ္ႀကိမ္သာရွိေသးၿပီး ပထမတစ္ႀကိမ္ကေတာ့

၂၀၀၈ ဇန္နဝါရီမွာကစားခဲ့တဲ့ နယူးကာဆယ္နဲ႔ပရီးမီးယားလိဂ္ပြဲစဥ္မွာ သြင္းယူခဲ့တာျဖစ္ပါတယ္။

ပထမအႀကိမ္မန္ယူကစားသမားဘဝက အဲဒီဟက္ထရစ္ဟာ

သူ႔ပေရာ္ဖက္ရွင္နယ္ဘဝမွာ ပထမဆုံးလို႔လည္း ဆိုရမွာပါ။

စီေရာ္နယ္ဒိုဟာ သူ႔ကစားသမားဘဝအမ်ားစုကို ရီးရဲလ္မွာကုန္ဆုံးခဲ့ၿပီး

အဲဒီမွာပဲ ကစားသမားဘ၀ ဟက္ထရစ္အမ်ားစုကို ရရွိခဲ့ပါတယ္။

မက္ဒရစ္ေျမက ၉ ရာသီမွာ သူဟာ စုစုေပါင္း ဟက္ထရစ္ ၄၄ ႀကိမ္ေတာင္သြင္းႏိုင္ခဲ့ပါတယ္။

ဂ်ဴဗင္တပ္မွာေတာ့ ၁၀၁ ဂိုးသြင္းခဲ့ေပမယ့္ အဲဒီက ၃ ရာသီမွာ

သူဟာ ဟက္ထရစ္ ၃ ႀကိမ္သာ ရခဲ့တာပါ။

ႏိုင္ငံအသင္းေပၚတူဂီအတြက္ေတာ့ သူဟာ ဟက္ထရစ္ ၁၀ ႀကိမ္သြင္းေပးထားၿပီး

ေနာက္ဆုံးသြင္းခဲ့တာက ၿပီးခဲ့တဲ့ေအာက္တိုဘာမွာကစားခဲ့တဲ့ လူဇင္ဘတ္နဲ႔ပြဲျဖစ္ပါတယ္။

သူ႔ကစားသမားဘဝမွာ ဟက္ထရစ္အမ်ားဆုံးသြင္းႏိုင္ခဲ့တဲ့အသင္းက

ဆီဗီလာျဖစ္ၿပီး စုစုေပါင္း ၅ ႀကိမ္ရွိကာ အက္သလက္တီကိုကိုေတာ့

ဒုတိယအမ်ားဆုံးအေနနဲ႔ ၄ ႀကိမ္သြင္းႏိုင္ခဲ့တာပါ။

ဂီးနက္ကမာၻ႔စံခ်ိန္မွတ္တမ္းအရ ေဘာလုံးသမိုင္းရဲ႕ဟက္ထရစ္အမ်ားအဆုံးက

ဘရာဇီးဂႏၴဝင္ပီလီျဖစ္ၿပီး စုစုေပါင္း ၉၂ ႀကိမ္ေတာင္ ရွိထားပါတယ္။