စီရော်နယ်ဒိုအလွမ်းပြေသွင်းဂိုးနဲ့ သရဲနီ သူရဲကောင်းကို မြင်ခဲ့ရတဲ့ည

ချဲလ်ဆီးနဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာ ယူနိုက်အတွက် စီရော်နယ်ဒိုပုံစံနဲ့ တစ်ထေရာတည်းတူတဲ့ သူရဲကောင်းတစ်ယောက်ကို ကျွန်တော်တို့ မြင်တွေ့ ခဲ့ရတယ်။

သူကတော့ မန်ယူအတွက် အဖိုးတန်ရမှတ် တစ်မှတ်ကို အပြန် လမ်းခရီးမှာ သယ်ဆောင်နိုင်ခဲ့သူ ကက်စ်မီရိုပဲဖြစ်ပါတယ်။

မန်ယူဟာ စတမ်း ဖို့ဒ်ဘရစ်ချ်ပွဲစဉ်မှာ ပြိုင်ဘက်ကွင်းလယ်လူ ဂျော်ဂျင်ဟိုရဲ့ ပွဲချိန် ၈၇ မိနစ် ပင်နယ်တီသွင်းဂိုးကြောင့် အရေးနိမ့်မလို ဖြစ်ခဲ့ရပေမယ့် ပွဲပြီးခါနီးမှာ

ကက်စ်မီရို သွင်းယူခဲ့တဲ့ ခေါင်းတိုက်ဂိုးကြောင့် သရေတစ်မှတ် ရခဲ့ပါတယ်။ ထူးခြား တာက ဒီသွင်းဂိုးဟာ မန်ယူပရိသတ်တွေအတွက်တော့ စီရော်နယ်ဒိုကို အလွမ်းပြေခဲ့တာပါပဲ။

ဘာကြောင့်လဲဆိုတော့ ဒီဂိုးကို သွင်းယူတဲ့ပုံစံဟာ ရော်နယ်ဒိုရဲ့ ခေါင်းတိုက်ဟန်နဲ့ တစ်ထပ်တည်း တူညီနေလို့ပဲ ဖြစ်ပါတယ်။

အခြားတစ်ဖက်မှာတော့ မန်ယူကို အနိုင်ယူပြီး အောင် ပွဲခံမယ့် ချဲလ်ဆီးပရိသတ်တွေရဲ့ အသည်းကို ခွဲလိုက်တဲ့ သွင်းဂိုးလည်း ဖြစ်ခဲ့ ပါတယ်။

ပွဲချိန် ၉၀+၄ မိနစ်အရောက်မှာ လုခ်ရှောရဲ့ ဖြတ်တင်ပေးမှုက တစ်ဆင့် ကက်စ်မီရိုက မန်ယူအတွက် ချေပဂိုးကို သွင်းယူခဲ့တာပါ။

ဒီဂိုးကို ခေါင်းတိုက် သွင်းယူချိန်မှာ ကက်စ်မီရိုဟာ လေပေါ်ကို မြောက်တက်သွားခဲ့ ပြီး ဂိုးသမားရဲ့ ညာဘက်အပေါ်ထောင့်ထဲကို ရည်ရွယ်ချက်ရှိရှိနဲ့ ပညာသားပါပါ

သွင်းယူခဲ့တာကြောင့် ချဲလ်ဆီးဂိုးသမား ကီပါတစ်ယောက် မကာကွယ် နိုင်ခဲ့ပါဘူး။

ဒီအတွက် ဘောလုံးဟာ စည်းကျော်တယ်ဆိုရုံလေးတင်ပဲ ဝင်သွားခဲ့တဲ့အတွက် ကီပါက ပြေးပြီး ဖမ်းယူခဲ့လို့ ဂိုးမဝင်ဘူးဆိုပြီး ချဲလ်ဆီး ပရိသတ်တွေ အောင်ပွဲခံခဲ့ပါသေးတယ်။

ဒါပေမဲ့ ကွင်းလယ်ဒိုင် အပ်ဝဲလ်ရဲ့ နာရီမှာ ဂိုးဝင်သွားပြီဆိုတာကို အချက်ပြခဲ့တာကြောင့် ဒိုင်က ဂိုးအဖြစ် သတ် မှတ်ပေးခဲ့တာပါ။

ဒီပွဲစဉ်ရဲ့ ဒုတိယပိုင်းမှာ ချဲလ်ဆီးရော မန်ယူပါ အပိုင်အခွင့်အရေးတွေ ဖန်တီးနိုင်မှု မရှိဘူးလို့ မန်ယူနည်းပြ တန်ဟတ်က ဝန်ခံထားတာ ရှိပေမယ့် သရဲနီ ပရိသတ်တွေအဖို့တော့

ကက်စ်မီရိုရဲ့ သွင်းဂိုးဟာ အရေးပါခဲ့တဲ့အတွက် ဒီဘရာဇီးသားဟာ စတမ်းဖို့ဒ်ဘရစ်ချ်ပွဲစဉ်အတွက်တော့ သူရဲကောင်းဖြစ်ခဲ့တယ်လို့ The Sun အပါအဝင် သတင်းမီဒီယာတွေက ရေးသားဖော်ပြနေကြပြီဖြစ်ပါတယ်။

(Zawgyi)

စီေရာ္နယ္ဒိုအလြမ္းေျပသြင္းဂိုးနဲ႔ သရဲနီ သူရဲေကာင္းကို ျမင္ခဲ့ရတဲ့ည

ခ်ဲလ္ဆီးနဲ႔ တစ္ဂိုးစီ သေရက်ခဲ့တဲ့ ပြဲစဥ္မွာ ယူႏိုက္အတြက္ စီေရာ္နယ္ဒိုပုံစံနဲ႔ တစ္ေထရာတည္းတူတဲ့ သူရဲေကာင္းတစ္ေယာက္ကို ကြၽန္ေတာ္တို႔ ျမင္ေတြ႕ ခဲ့ရတယ္။

သူကေတာ့ မန္ယူအတြက္ အဖိုးတန္ရမွတ္ တစ္မွတ္ကို အျပန္ လမ္းခရီးမွာ သယ္ေဆာင္ႏိုင္ခဲ့သူ ကက္စ္မီ႐ိုပဲျဖစ္ပါတယ္။

မန္ယူဟာ စတမ္း ဖို႔ဒ္ဘရစ္ခ်္ပြဲစဥ္မွာ ၿပိဳင္ဘက္ကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟိုရဲ႕ ပြဲခ်ိန္ ၈၇ မိနစ္ ပင္နယ္တီသြင္းဂိုးေၾကာင့္ အေရးနိမ့္မလို ျဖစ္ခဲ့ရေပမယ့္ ပြဲၿပီးခါနီးမွာ ကက္စ္ မီ႐ို သြင္းယူခဲ့တဲ့ ေခါင္းတိုက္ဂိုးေၾကာင့္ သေရတစ္မွတ္ ရခဲ့ပါတယ္။ ထူးျခား တာက ဒီသြင္းဂိုးဟာ မန္ယူပရိသတ္ေတြအတြက္ေတာ့ စီေရာ္နယ္ဒိုကို အလြမ္းေျပခဲ့တာပါပဲ။

ဘာေၾကာင့္လဲဆိုေတာ့ ဒီဂိုးကို သြင္းယူတဲ့ပုံစံဟာ ေရာ္နယ္ဒိုရဲ႕ ေခါင္းတိုက္ဟန္နဲ႔ တစ္ထပ္တည္း တူညီေနလို႔ပဲ ျဖစ္ပါတယ္။

အျခားတစ္ဖက္မွာေတာ့ မန္ယူကို အႏိုင္ယူၿပီး ေအာင္ ပြဲခံမယ့္ ခ်ဲလ္ဆီးပရိသတ္ေတြရဲ႕ အသည္းကို ခြဲလိုက္တဲ့ သြင္းဂိုးလည္း ျဖစ္ခဲ့ ပါတယ္။

ပြဲခ်ိန္ ၉၀+၄ မိနစ္အေရာက္မွာ လုခ္ေရွာရဲ႕ ျဖတ္တင္ေပးမႈက တစ္ဆင့္ ကက္စ္မီ႐ိုက မန္ယူအတြက္ ေခ်ပဂိုးကို သြင္းယူခဲ့တာပါ။

ဒီဂိုးကို ေခါင္းတိုက္ သြင္းယူခ်ိန္မွာ ကက္စ္မီ႐ိုဟာ ေလေပၚကို ေျမာက္တက္သြားခဲ့ ၿပီး ဂိုးသမားရဲ႕ ညာဘက္အေပၚေထာင့္ထဲကို ရည္႐ြယ္ခ်က္ရွိရွိနဲ႔ ပညာသား ပါပါ သြင္းယူခဲ့တာေၾကာင့္ ခ်ဲလ္ဆီးဂိုးသမား ကီပါတစ္ေယာက္ မကာကြယ္ ႏိုင္ခဲ့ပါဘူး။

ဒီအတြက္ ေဘာလုံးဟာ စည္းေက်ာ္တယ္ဆို႐ုံေလးတင္ပဲ ဝင္သြားခဲ့ တဲ့အတြက္ ကီပါက ေျပးၿပီး ဖမ္းယူခဲ့လို႔ ဂိုးမဝင္ဘူးဆိုၿပီး ခ်ဲလ္ဆီး ပရိသတ္ေတြ ေအာင္ပြဲခံခဲ့ပါေသးတယ္။

ဒါေပမဲ့ ကြင္းလယ္ဒိုင္ အပ္ဝဲလ္ရဲ႕ နာရီမွာ ဂိုးဝင္သြားၿပီဆိုတာကို အခ်က္ျပခဲ့တာေၾကာင့္ ဒိုင္က ဂိုးအျဖစ္ သတ္ မွတ္ေပးခဲ့တာပါ။ ဒီပြဲစဥ္ရဲ႕ ဒုတိယပိုင္းမွာ ခ်ဲလ္ဆီးေရာ မန္ယူပါ အပိုင္အခြင့္ အေရးေတြ ဖန္တီးႏိုင္မႈ မရွိဘူးလို႔ မန္ယူနည္းျပ တန္ဟတ္က ဝန္ခံထားတာ ရွိေပမယ့္

သရဲနီ ပရိသတ္ေတြအဖို႔ေတာ့ ကက္စ္မီ႐ိုရဲ႕ သြင္းဂိုးဟာ အေရးပါခဲ့တဲ့အတြက္ ဒီဘရာဇီးသားဟာ စတမ္းဖို႔ဒ္ဘရစ္ခ်္ပြဲစဥ္အတြက္ေတာ့ သူရဲေကာင္းျဖစ္ခဲ့တယ္လို႔ The Sun အပါအဝင္ သတင္းမီဒီယာေတြက ေရးသားေဖာ္ျပေနၾကၿပီျဖစ္ပါတယ္။