စီရော်နယ်ဒိုအတွက် အေးဂျင့် ဂျော့မန်ဒက်စ် အကွက်ရွှေ့ဖို့ ကြိုးစားနေဆဲ

၂၀၂၂-၂၃ ဘောလုံးရာသီ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ပိတ်ဖို့က ရက်ပိုင်းပဲ လိုပါတော့တယ်။ ဒါပေမဲ့ မမောနိုင် မပန်းနိုင်ဘဲ အလုပ်တွေကြိုး စားနေပြီး နောက်ဆုံးမိနစ်အထိ အလုပ်လုပ်သွားဖို့ ရည်ရွယ်နေသူတစ် ယောက်ရှိပါတယ်။

သူကတော့ မန်ယူတိုက်စစ်မှူး စီရော်နယ်ဒိုရဲ့ အေးဂျင့် ဖြစ်သူ ဂျော့မန်ဒက်စ်ပါပဲ။ ချန်ပီယံလိဂ်ကစားချင်တယ်လို့ တဖွဖွ ပြောနေတဲ့ သူ့ကောင်ကြီးအတွက် မန်ဒက်စ်တစ်ယောက် အသင်းသစ်တစ်သင်းကို အသည်းအသန် ရှာဖွေနေတာဖြစ်ပြီး လက်ရှိမှာတော့

နာပိုလီနဲ့ ဆက်သွယ် ဆွေးနွေးမှုတွေ လုပ်နေဆဲဖြစ်တယ်လို့ အင်္ဂလန်အခြေစိုက် သတင်းဌာန တစ်ခုဖြစ်တဲ့ Metro က ဖော်ပြပါတယ်။ ဒါပေမဲ့ အသက် ၃၇ နှစ်ရှိနေပြီဖြစ်တဲ့ စီရော်နယ်ဒိုကို နွေဈေးကွက်ထဲမှာ ချန်ပီယံလိဂ်ကစားခွင့်ရထားတဲ့ ဘယ်လို အသင်းမျိုးကမှ မီးစိမ်းမပြခဲ့ပါဘူး။

ပေါ်တူဂီသားကို ငွေထုပ်ကြီးပြပြီး မက်လုံးပေးတဲ့ ဆော်ဒီအာရေဗျ ကလပ်အသင်း တစ်သင်းတော့ ရှိခဲ့ပါတယ်။ ကမ္ဘာ့ အမြင့်မားဆုံး လုပ်ခလစာပေးပြီး အရှေ့အလယ်ပိုင်းဒေသကို ခေါ်ယူဖို့အတွက် တရားဝင် ချဉ်းကပ်တဲ့ ကလပ်အသင်းပေါ့။ ဒါပေမဲ့ ဥရောပကနေပြီး

ခြေတစ်လှမ်းတောင် မခွာလိုတဲ့ စီရော်နယ်ဒိုက ပြတ်ပြတ် သားသား ငြင်းဆန်ခဲ့ပါတယ်။ ဒါကြောင့် ကစားသမားရဲ့ အရှိန်အဝါအရရော လုပ်ခလစာအတွက်ပါ အဆင်ပြေမယ့် ကလပ်အသင်းတစ်သင်းကို အေးဂျင့် ဖြစ်တဲ့ မန်ဒက်စ်က အပူတပြင်း ရှာဖွေနေတာပါ။

ဒါ့အပြင် စီရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့အတွက် နာပိုလီတိုက်စစ်မှူး အိုဆီမန်နဲ့ အလဲအထပ်လုပ်ဖို့ လည်း ကြိုးစားနေတာမျိုးရှိတယ်လို့ Sky Sport Italia သတင်းဌာနရဲ့ သတင်းရေးသားချက်တချို့အရလည်း သိရပါတယ်။ နာပိုလီဟာ တိုက်စစ်မှူး အိုဆီမန်အတွက်

ပြောင်းရွှေ့ကြေး ပေါင် ၈၅ သန်းလောက် လိုချင်နေတယ် ဆိုတဲ့အချက်ဟာ စီရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့ကိစ္စအတွက်တော့ ကြီး မားတဲ့ အဟန့်အတားတစ်ရပ် ဖြစ်နေဆဲပါပဲ။ အိုဆီမန်ဆိုတာကလည်း ဥရော ပအဆင့်ရှိတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး

အနီးစပ်ဆုံး ခိုင်းနှိုင်းရမယ်ဆို ရင် လီဗာပူးတိုက်စစ်မှူးသစ် ဒါဝင်နူနက်ဇ်တို့လို ပုံစံမျိုး ကစားနိုင်သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ စီးရီးအေသွင်းဂိုး ၁၄ ဂိုး သွင်းယူနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ နွေရာသီဈေးကွက်ဟာ ကြာသပတေး ညသန်းခေါင်းယံအချိန်ကျမှ အပြီးသတ် ပိတ်သိမ်းမှာဖြစ်တာကြောင့် မန်ဒက်စ်တစ်ယောက် ဒီအတောအတွင်းမှာ အဆင်ပြေအောင် အကွက်ရွှေ့နိုင်မှာလားဆိုတာကတော့ စောင့် ကြည့်ရပါတော့မယ်။

(zawgyi)

၂၀၂၂-၂၃ ေဘာလုံးရာသီ ေႏြရာသီ အေျပာင္းအေ႐ႊ႕ ေဈးကြက္ပိတ္ဖို႔က ရက္ပိုင္းပဲ လိုပါေတာ့တယ္။ ဒါေပမဲ့ မေမာႏိုင္ မပန္းႏိုင္ဘဲ အလုပ္ေတြႀကိဳး စားေနၿပီး ေနာက္ဆုံးမိနစ္အထိ အလုပ္လုပ္သြားဖို႔ ရည္႐ြယ္ေနသူတစ္ ေယာက္ရွိပါတယ္။

သူကေတာ့ မန္ယူတိုက္စစ္မႉး စီေရာ္နယ္ဒိုရဲ႕ ေအးဂ်င့္ ျဖစ္သူ ေဂ်ာ့မန္ဒက္စ္ပါပဲ။ ခ်န္ပီယံလိဂ္ကစားခ်င္တယ္လို႔ တဖြဖြ ေျပာေနတဲ့ သူ႔ေကာင္ႀကီးအတြက္ မန္ဒက္စ္တစ္ေယာက္ အသင္းသစ္တစ္သင္းကို အသည္းအသန္ ရွာေဖြေနတာျဖစ္ၿပီး လက္ရွိမွာေတာ့ နာပိုလီနဲ႔

ဆက္သြယ္ ေဆြးေႏြးမႈေတြ လုပ္ေနဆဲျဖစ္တယ္လို႔ အဂၤလန္အေျခစိုက္ သတင္းဌာန တစ္ခုျဖစ္တဲ့ Metro က ေဖာ္ျပပါတယ္။ ဒါေပမဲ့ အသက္ ၃၇ ႏွစ္ရွိေနၿပီျဖစ္တဲ့ စီေရာ္နယ္ဒိုကို ေႏြေဈးကြက္ထဲမွာ ခ်န္ပီယံလိဂ္ကစားခြင့္ရထားတဲ့ ဘယ္လို အသင္းမ်ိဳးကမွ

မီးစိမ္းမျပခဲ့ပါဘူး။ ေပၚတူဂီသားကို ေငြထုပ္ႀကီးျပၿပီး မက္လုံးေပးတဲ့ ေဆာ္ဒီအာေရဗ် ကလပ္အသင္း တစ္သင္းေတာ့ ရွိခဲ့ပါတယ္။ ကမာၻ႔ အျမင့္မားဆုံး လုပ္ခလစာေပးၿပီး အေရွ႕အလယ္ပိုင္းေဒသကို ေခၚယူဖို႔အတြက္ တရားဝင္ ခ်ဥ္းကပ္တဲ့ ကလပ္အသင္းေပါ့။

ဒါေပမဲ့ ဥေရာပကေနၿပီး ေျခတစ္လွမ္းေတာင္ မခြာလိုတဲ့ စီေရာ္နယ္ဒိုက ျပတ္ျပတ္ သားသား ျငင္းဆန္ခဲ့ပါတယ္။ ဒါေၾကာင့္ ကစားသမားရဲ႕ အရွိန္အဝါအရေရာ လုပ္ခလစာအတြက္ပါ အဆင္ေျပမယ့္ ကလပ္အသင္းတစ္သင္းကို ေအးဂ်င့္ ျဖစ္တဲ့ မန္ဒက္စ္က

အပူတျပင္း ရွာေဖြေနတာပါ။ ဒါ့အျပင္ စီေရာ္နယ္ဒိုရဲ႕ အေျပာင္းအေ႐ႊ႕အတြက္ နာပိုလီတိုက္စစ္မႉး အိုဆီမန္နဲ႔ အလဲအထပ္လုပ္ဖို႔ လည္း ႀကိဳးစားေနတာမ်ိဳးရွိတယ္လို႔ Sky Sport Italia သတင္းဌာနရဲ႕ သတင္းေရးသားခ်က္တခ်ိဳ႕အရလည္း သိရပါတယ္။

နာပိုလီဟာ တိုက္စစ္မႉး အိုဆီမန္အတြက္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၈၅ သန္းေလာက္ လိုခ်င္ေနတယ္ ဆိုတဲ့အခ်က္ဟာ စီေရာ္နယ္ဒိုရဲ႕ အေျပာင္းအေ႐ႊ႕ကိစၥအတြက္ေတာ့ ႀကီး မားတဲ့ အဟန႔္အတားတစ္ရပ္ ျဖစ္ေနဆဲပါပဲ။ အိုဆီမန္ဆိုတာကလည္း

ဥေရာ ပအဆင့္ရွိတဲ့ ကစားသမားတစ္ေယာက္ျဖစ္ၿပီး အနီးစပ္ဆုံး ခိုင္းႏႈိင္းရမယ္ဆို ရင္ လီဗာပူးတိုက္စစ္မႉးသစ္ ဒါဝင္ႏူနက္ဇ္တို႔လို ပုံစံမ်ိဳး ကစားႏိုင္သူျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီမွာ စီးရီးေအသြင္းဂိုး ၁၄ ဂိုး သြင္းယူႏိုင္ခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။

ေႏြရာသီေဈးကြက္ဟာ ၾကာသပေတး ညသန္းေခါင္းယံအခ်ိန္က်မွ အၿပီးသတ္ ပိတ္သိမ္းမွာျဖစ္တာေၾကာင့္ မန္ဒက္စ္တစ္ေယာက္ ဒီအေတာအတြင္းမွာ အဆင္ေျပေအာင္ အကြက္ေ႐ႊ႕ႏိုင္မွာလားဆိုတာကေတာ့ ေစာင့္ ၾကည့္ရပါေတာ့မယ္။