စီရော်နယ်ဒိုအတွက် အနာဂတ်အစီအစဉ်တွေရှိနေပြီး အသင်းမှာဆက်ရှိစေချင်တယ်လို့ တန်ဟတ်ဖွင့်ဟ

စီရော်နယ်ဒိုဆက်ရှိနေဖို့ မျှော်လင့်တယ်လို့ မန်ယူနည်းပြ တန်ဟတ်က ပြောလိုက်ပါတယ်။ ဆောက်သမ် တန်နဲ့ပွဲမှာ စီရော်နယ်ဒိုအနေနဲ့ အရန်ခုံပေါ်ဆက်ထိုင်နေခဲ့ရပေမယ့် နည်းပြ တန်ဟတ်ကတော့

သူ့ရဲ့အနာဂတ် အစီအစဉ်မှာ စီရော်နယ်ဒို ပါဝင်နေဆဲဖြစ်တာကြေင့် အသင်းမှာ ဆက်ရှိစေချင်တယ်လို့ ဆိုလိုက်တာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ စီရော်နယ်ဒိုအနေနဲ့ အေးဂျင့်ဂျော့မန်ဒက်စ်ရဲ့

စီစဉ်မှုနဲ့ နာပိုလီကိုရောက်ဖို့ နီးစပ်နေ တယ်ဆိုတဲ့သတင်းတွေလည်း ထွက်နေခဲ့တာပါ။ နည်းပြ တန်ဟတ်ကတော့ အပြောင်းအရွှေ့ပိတ်ဖို့ အချိန်နီး ကပ်လာပြီဖြစ်တာကြောင့်

စီရော်နယ် အသင်းပြောင်းဖို့ မဖြစ်နိုင်ဘူးလို့ ယုံကြည်နေပါတယ်။ စီရော်နယ်ဒို အသင်းမှာဆက်ရှိမယ့်ကိစ္စဟာ သူ့အတွက်ကျေနပ်စရာဖြစ်ပြီး အသင်းတိုက်စစ်ပိုင်းအတွက် မာရှယ်၊ ရက်ဖို့ဒ် တို့နဲ့အတူ

ပြည့်စုံသွားမှာဖြစ်တယ်လို့လည်း ပြောထားပါတယ်။ ပြီးခဲ့တဲ့ ဆောက်သမ်တန်နဲ့ပွဲစဉ်မှာ နည်းပြ တန်ဟတ်ဟာ စီရောက်နယ်ဒို ပွဲထွက်အသုံးမပြုခဲ့ပေမယ့် မိနစ် ၆၀ကျော်မှာလူစားအလဲ အသုံးပြုသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီပွဲစဉ်မှာ မန်ယူဟာ ဖေဖော်ဝါရီလနောက်ပိုင်း ဂိုးပေါက်ပျောက်နေတဲ့ ဖာနန်ဒက်စ်ရဲ့ ပထမ ဆုံးသွင်းဂိုးနဲ့အတူ နိုင်ပွဲဆက်ထားခဲ့တာဖြစ်ပါတယ်။ အဲဒီနိုင်ပွဲနဲ့ပတ်သက်ပြီး နည်းပြတန်ဟတ်ကတော့ အားလုံးအသစ်ကနေပြန်စနေတာမို့ အပြည့်အဝကျေနပ်စရာမဟုတ်ခဲ့ပေမယ့်

အနိုင်ရလဒ်အတွက်တော့ ပျော်ရွှင်မိတယ်လို့ဆိုခဲ့ပါတယ်။ ဒါ့အပြင် ဘောလုံးကိုဘယ်လိုကစားရမယ်ဆိုတာ သူ့အသင်းသားတွေ တဖြည်းဖြည်းနာလည်းတာကိုတွေ့ရတဲ့အတွက်လည်း ကျေနပ်မိတယ်လို့ပြောသွားခဲ့ပါတယ်။

(zawgyi)

စီေရာ္နယ္ဒိုဆက္ရွိေနဖို႔ ေမွ်ာ္လင့္တယ္လို႔ မန္ယူနည္းျပ တန္ဟတ္က ေျပာလိုက္ပါတယ္။ ေဆာက္သမ္ တန္နဲ႔ပြဲမွာ စီေရာ္နယ္ဒိုအေနနဲ႔ အရန္ခုံေပၚဆက္ထိုင္ေနခဲ့ရေပမယ့္ နည္းျပ တန္ဟတ္ကေတာ့

သူ႔ရဲ႕အနာဂတ္ အစီအစဥ္မွာ စီေရာ္နယ္ဒို ပါဝင္ေနဆဲျဖစ္တာေၾကင့္ အသင္းမွာ ဆက္ရွိေစခ်င္တယ္လို႔ ဆိုလိုက္တာလည္း ျဖစ္ပါတယ္။ လက္ရွိမွာ စီေရာ္နယ္ဒိုအေနနဲ႔ ေအးဂ်င့္ေဂ်ာ့မန္ဒက္စ္ရဲ႕

စီစဥ္မႈနဲ႔ နာပိုလီကိုေရာက္ဖို႔ နီးစပ္ေန တယ္ဆိုတဲ့သတင္းေတြလည္း ထြက္ေနခဲ့တာပါ။ နည္းျပ တန္ဟတ္ကေတာ့ အေျပာင္းအေ႐ႊ႕ပိတ္ဖို႔ အခ်ိန္နီး ကပ္လာၿပီျဖစ္တာေၾကာင့္ စီေရာ္နယ္

အသင္းေျပာင္းဖို႔ မျဖစ္ႏိုင္ဘူးလို႔ ယုံၾကည္ေနပါတယ္။ စီေရာ္နယ္ဒို အသင္းမွာဆက္ရွိမယ့္ကိစၥဟာ သူ႔အတြက္ေက်နပ္စရာျဖစ္ၿပီး အသင္းတိုက္စစ္ပိုင္းအတြက္ မာရွယ္၊

ရက္ဖို႔ဒ္ တို႔နဲ႔အတူျပည့္စုံသြားမွာျဖစ္တယ္လို႔လည္းေျပာထားပါတယ္။ ၿပီးခဲ့တဲ့ ေဆာက္သမ္တန္နဲ႔ပြဲစဥ္မွာ နည္းျပ တန္ဟတ္ဟာ စီေရာက္နယ္ဒို ပြဲထြက္အသုံးမျပဳခဲ့ေပမယ့္ မိနစ္ ၆၀ေက်ာ္မွာလူစားအလဲ

အသုံးျပဳသြားခဲ့တာ ျဖစ္ပါတယ္။ အဲဒီပြဲစဥ္မွာ မန္ယူဟာ ေဖေဖာ္ဝါရီလေနာက္ပိုင္း ဂိုးေပါက္ေပ်ာက္ေနတဲ့ ဖာနန္ဒက္စ္ရဲ႕ ပထမ ဆုံးသြင္းဂိုးနဲ႔အတူ ႏိုင္ပြဲဆက္ထားခဲ့တာျဖစ္ပါတယ္။ အဲဒီႏိုင္ပြဲနဲ႔ပတ္သက္ၿပီး နည္းျပတန္ဟတ္ကေတာ့

အားလုံးအသစ္ကေနျပန္စေနတာမို႔ အျပည့္အဝေက်နပ္စရာမဟုတ္ခဲ့ေပမယ့္ အႏိုင္ရလဒ္အတြက္ေတာ့ ေပ်ာ္႐ႊင္မိတယ္လို႔ဆိုခဲ့ပါတယ္။ ဒါ့အျပင္ ေဘာလုံးကိုဘယ္လိုကစားရမယ္ဆိုတာ သူ႔အသင္းသားေတြ တျဖည္းျဖည္းနာလည္းတာကိုေတြ႕ရတဲ့အတြက္လည္း ေက်နပ္မိတယ္လို႔ေျပာသြားခဲ့ပါတယ္။