
ပြီးခဲ့တဲ့တနင်္ဂနွေညက ဆားဘီးယားနဲ့ပွဲမှာ နောက်ဆုံးမိနစ်ဂိုးနဲ့ ရှုံးသွားခဲ့တာကြောင့်
ပေါ်တူဂီဟာ ၂၀၂၀ ကမ္ဘာ့အတွက် တိုက်ရိုက်ခြေစစ်ပွဲအောင်နိုင်မယ့်အနေအထားကို
လက်လွှတ်ခဲ့ရပါတယ်။ အဲဒီပွဲမှာ ပေါ်တူဂီဟာ မရှုံးအောင်ကစားနိုင်တာနဲ့
ကာတာကမ္ဘာ့ဖလားဆီ တက်လှမ်းနိုင်မှာပါ။ ဒါပေမဲ့လည်း ရီနာတိုဆန်းချက်စ်ရဲ့
ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ချေပဂိုးပြန်ပေးလိုက်ရပြီး မိနစ် ၉၀ အရောက်မှာ
လူစားဝင်မီထရိုဗစ်ရဲ့အနိုင်ဂိုးသွင်းယူခြင်းခံလိုက်ရလို့ တိုက်ရိုက်ခြေစစ်ပွဲမအောင်ခဲ့တာပါ။
အုပ်စုဒုတိယပဲရခဲ့ပေမယ့် ပေါ်တူဂီဟာ ခြေစစ်ပွဲအောင် အခွင့်အလမ်းရှိနေသေးပြီး
Playoffs ဆက်ကစားရမှာပါ။ ဒါပေမဲ့ အခုလိုအရေးကြီးပွဲမျိုးမှာ
ခြေစွမ်းပြနိုင်ခြင်းမရှိလို့ အသင်းခေါင်းဆောင်စီရော်နယ်ဒိုဟာ
ဆိုရှယ်မီဒီယာထက်မှာ ပရိသတ်တွေရဲ့ငြိုငြင်ခြင်းကို ခံနေရပါတယ်။
အဲဒီမန်ယူတိုက်စစ်မှုးဟာ ဆားဘီးယားနဲ့ပွဲမှာ ဂိုးပေါက်တည့်ကန်ချက်
တစ်ချက်တောင်မရှိခဲ့လို့ အဲဒါဟာ ဒီကမ္ဘာ့ဖလားခြေစစ်ပွဲတစ်လျှောက်မှာ
ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ဒါကြောင့်လည်း အရေးပါဆုံးအချိန်မှာ
စီရော်နယ်ဒိုဘယ်ရောက်နေတာလဲဆိုတဲ့ ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့တာပါ။
ဒါ့အပြင် ဆားဘီးယား၊ အိုင်ယာလန်၊ လူဇင်ဘတ်နဲ့ အဇာဘိုင်ဂျန်တို့လို
အသင်းတွေသာပါတဲ့အုပ်စုမှာ ပေါ်တူဂီဟာ ဒုတိယပဲရခဲ့လို့
ဝေဖန်ထောက်ပြစရာဖြစ်နေပါတယ်။

ပေါ်တူဂီဂျာနယ်လစ်တစ်ယောက်ကဆိုရင် ဆားဘီးယားနဲ့ပွဲက
ခြေစွမ်းဟာ သနားစရာကောင်းတယ်လို့ ဖော်ပြခဲ့ပါတယ်။
ပေါ်တူဂီနည်းပြဖာနန်ဒိုဆန်းတို့စ်ဟာ နိုင်ငံအသင်းကို ယူရို ၂၀၁၆ နဲ့
နေးရှင်းလိဂ်တို့မှာ ဗိုလ်စွဲစေခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားနဲ့
ယူရို ၂၀၂၀ နှစ်ခုစလုံးမှာ ၁၆ သင်းအဆင့်နဲ့ ထွက်ခဲ့ရပါတယ်။
zawgyi
စီေရာ္နယ္ဒိုဟာ ေပၚတူဂီရဲ႕ရႈံးပြဲအတြက္ ပရိသတ္ေတြရဲ႕ျပစ္တင္ေဝဖန္ျခင္းခံေနရ
ၿပီးခဲ့တဲ့တနဂၤေႏြညက ဆားဘီးယားနဲ႔ပြဲမွာ ေနာက္ဆုံးမိနစ္ဂိုးနဲ႔ ရႈံးသြားခဲ့တာေၾကာင့္
ေပၚတူဂီဟာ ၂၀၂၀ ကမာၻ႔အတြက္ တိုက္႐ိုက္ေျခစစ္ပြဲေအာင္ႏိုင္မယ့္အေနအထားကို
လက္လႊတ္ခဲ့ရပါတယ္။ အဲဒီပြဲမွာ ေပၚတူဂီဟာ မရႈံးေအာင္ကစားႏိုင္တာနဲ႔
ကာတာကမာၻ႔ဖလားဆီ တက္လွမ္းႏိုင္မွာပါ။ ဒါေပမဲ့လည္း ရီနာတိုဆန္းခ်က္စ္ရဲ႕
ဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ ေခ်ပဂိုးျပန္ေပးလိုက္ရၿပီး မိနစ္ ၉၀ အေရာက္မွာ
လူစားဝင္မီထ႐ိုဗစ္ရဲ႕အႏိုင္ဂိုးသြင္းယူျခင္းခံလိုက္ရလို႔ တိုက္႐ိုက္ေျခစစ္ပြဲမေအာင္ခဲ့တာပါ။
အုပ္စုဒုတိယပဲရခဲ့ေပမယ့္ ေပၚတူဂီဟာ ေျခစစ္ပြဲေအာင္ အခြင့္အလမ္းရွိေနေသးၿပီး
Playoffs ဆက္ကစားရမွာပါ။ ဒါေပမဲ့ အခုလိုအေရးႀကီးပြဲမ်ိဳးမွာ
ေျခစြမ္းျပႏိုင္ျခင္းမရွိလို႔ အသင္းေခါင္းေဆာင္စီေရာ္နယ္ဒိုဟာ
ဆိုရွယ္မီဒီယာထက္မွာ ပရိသတ္ေတြရဲ႕ၿငိဳျငင္ျခင္းကို ခံေနရပါတယ္။
အဲဒီမန္ယူတိုက္စစ္မႈးဟာ ဆားဘီးယားနဲ႔ပြဲမွာ ဂိုးေပါက္တည့္ကန္ခ်က္
တစ္ခ်က္ေတာင္မရွိခဲ့လို႔ အဲဒါဟာ ဒီကမာၻ႔ဖလားေျခစစ္ပြဲတစ္ေလွ်ာက္မွာ
ပထမဆုံးအႀကိမ္ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း အေရးပါဆုံးအခ်ိန္မွာ
စီေရာ္နယ္ဒိုဘယ္ေရာက္ေနတာလဲဆိုတဲ့ ေဝဖန္မႈေတြ ထြက္ေပၚလာခဲ့တာပါ။
ဒါ့အျပင္ ဆားဘီးယား၊ အိုင္ယာလန္၊ လူဇင္ဘတ္နဲ႔ အဇာဘိုင္ဂ်န္တို႔လို
အသင္းေတြသာပါတဲ့အုပ္စုမွာ ေပၚတူဂီဟာ ဒုတိယပဲရခဲ့လို႔
ေဝဖန္ေထာက္ျပစရာျဖစ္ေနပါတယ္။
ေပၚတူဂီဂ်ာနယ္လစ္တစ္ေယာက္ကဆိုရင္ ဆားဘီးယားနဲ႔ပြဲက
ေျခစြမ္းဟာ သနားစရာေကာင္းတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။
ေပၚတူဂီနည္းျပဖာနန္ဒိုဆန္းတို႔စ္ဟာ ႏိုင္ငံအသင္းကို ယူ႐ို ၂၀၁၆ နဲ႔
ေနးရွင္းလိဂ္တို႔မွာ ဗိုလ္စြဲေစခဲ့ေပမယ့္ ၿပီးခဲ့တဲ့ ၂၀၁၈ ကမာၻ႔ဖလားနဲ႔
ယူ႐ို ၂၀၂၀ ႏွစ္ခုစလုံးမွာ ၁၆ သင္းအဆင့္နဲ႔ ထြက္ခဲ့ရပါတယ္။